သင်တွဲနေတဲ့ ချစ်သူက စိတ်မှန်ရဲ့လားဆိုတာ ဒီအချက်တွေကနေတစ်ဆင့် သိနိုင်တယ်

Max4e Photo/Shutterstock

တချို့တွေရှိတယ်။ ရည်းစားတွေ စဖြစ်ကာစတုန်းကတော့ ပုံမှန်ပဲ။ တဖြည်းဖြည်းနဲ့ သူတို့အကျင့်တွေက ပြောင်းလာပြီး ဘယ်လိုတွေဖြစ်ကုန်ကြမှန်းမသိ၊ နားလည်ရခက်ကုန်ကြတာ။ တစ်ခါတစ်လေဆို ကိုယ်တွဲနေတဲ့သူက စိတ်တောင်မှန်သေးရဲ့လားလို့ ထင်လာမိတဲ့အထိ ဆိုပါတော့။

သင်နဲ့တွဲနေတဲ့ သင့်ချစ်သူမှာ ဒီလိုအချက်တွေ ရှိနေပြီဆိုရင် သတိထားနော်။ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်ပြီး အခန့်မသင့်ရင် သင့်အတွက် အန္တရာယ်ပါ ရှိနေနိုင်တာကြောင့်ပါ။

(၁)။ စကားလေးနည်းနည်းမှားတာနဲ့ ငိုမလို၊ ရယ်မလိုဖြစ်တယ်

သင်ပြောလိုက်တဲ့ စကားလေးနည်းနည်းမှားသွားတာနဲ့ အရမ်းတွေ ခံစားပြီး ငိုမလို၊ ရယ်မလိုတွေဖြစ်၊ သင့်ကို ပြဿနာတွေရှာ ဆိုရင် သူ့ရဲ့ စိတ်အခြေအနေက ခံစားလွယ်နေတယ်ဆိုတာ သိထားပါ။ သင် တစ်ခုခုပြောလိုက်လို့၊ အဲဒါက သူ့ကိုစော်ကားတယ်လို့ ထင်သွားတာနဲ့ တပြိုင်နက်တည်း သူ့ဖက်က ချက်ချင်းတုန့်ပြန်လာမှာပါ။ တစ်ခါတလေ လူကြားထဲမှာလည်း အဲဒီလို အခြေအနေမျိုးတွေ ကြုံရနိုင်လို့ လူတွေကြားမှာ စကားပြောရင် ကိုယ်ပြောမယ့်စကားကို ထိန်းပြီးပြောပေးဖို့လိုအပ်ပါလိမ့်မယ်။

READ
ကောင်မလေးတစ်ယောက်ကို အောင်မြင်စွာချဉ်းကပ်နိုင်စေဖို့နည်းလမ်းများ
Master1305/Shutterstock

(၂)။ တစ်နေ့ကို ၂ ခါလောက် အနည်းဆုံးလမ်းခွဲစကားပြောတယ်

နှစ်ယောက်ကြား အဆင်မပြေတာ တစ်ခုခုဖြစ်လာတာနဲ့ သူပြောတဲ့ စကားက “ဒါဆို လမ်းခွဲလိုက်လေ” ဆိုတာမျိုး မကြာခဏ ကြုံရမယ်။ အနည်းဆုံး တစ်နေ့ကို (၂)ခါလောက်တောင် ပြောကောင်းပြောလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း လမ်းခွဲကြမလားဆိုတော့လည်း သင့်ကို မခွဲနိုင်ပြန်ဘူး။ ဒီလိုနဲ့ပဲ ပြဿနာတွေဖြစ်လိုက်၊ လမ်းခွဲဖို့ပြောလိုက်၊ ပြန်တည့်လိုက်နဲ့ နှစ်ယောက်သား တိုင်ပတ်နေကြလိမ့်မယ်။

WAYHOME studio/Shutterstock

(၃)။ သင့်ခွေးနဲ့တောင် သင့်ကိုသ၀န်တိုတယ်

သင်နဲ့သူ့ရဲ့ကြား အဆင်မပြေမှုတွေထဲက အများစုက သင့်ကို သ၀န်တိုတာကြောင့် ဖြစ်လိမ့်မယ်။ သင့်သူငယ်ချင်းတွေနဲ့ဖုန်းပြောတဲ့အခါ၊ အပြင်မှာ မုန့်စားဖို့ချိန်းတဲ့အခါ သင့်ကို သ၀န်တိုပြီး ပြဿနာရှာလိမ့်မယ်။ သင်က သူနဲ့စကားမပြောပဲ ရုပ်ရှင်ကြည့်နေတယ်လို့ သိရရင်လည်း အဲဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကို သ၀န်တိုပြန်ရော။ သူ့ကိုအချိန်မပေးပဲ သင့်ခွေးနဲ့ဆော့နေတယ်၊ လမ်းလျှောက်ထွက်နေတယ်ဆိုရင်တောင် သင့်ခွေးကို သူ့ထက် ပိုချစ်ရကောင်းလားဆိုပြီး သ၀န်တွေတိုနေပြန်ရော…။

READ
အနမ်းမှာ ဆရာကြီးဖြစ်ဖို့ သိထားသင့်တဲ့အချက်များ
Max4e Photo/Shutterstock

(၄)။ သင်နဲ့အဆင်မပြေတိုင်း သူ့ကိုယ်သူ နာကျင်အောင်အမြဲလုပ်တယ်

သင်နဲ့ တစ်ခုခုအဆင်မပြေဘူး၊ အော်ကြီးဟစ်ကျယ်တွေ စကားများကြပြီဆိုရင် သူ့ကိုယ်သူ နာကျင်အောင်၊ ဒါမှမဟုတ် ဒဏ်ရာတစ်ခုခုရအောင် သူအမြဲလုပ်လေ့ရှိတယ်။ နံရံကို လက်သီးနဲ့ထိုးတယ်၊ သူ့လက်ကိုသူ ဓားနဲ့ သွေးထွက်အောင်လှီးတယ်၊ သူ့ဆံပင်ကို ကတ်ကြေးနဲ့ညှပ်တယ်၊ စသဖြင့် သူ့ကိုယ်သူ ဒဏ်ရာရစေမယ့်၊ သင်စိတ်ပျက်သွားစေမယ့် နည်းလမ်းတွေကို အမြဲလုပ်တယ်။ သူ့အတွက်ကတော့ အဲဒီလိုလုပ်လိုက်မှ သင့်အပေါ်ဒေါသထွက်နေတာ ၊ မကျေနပ်နေတာတွေကို လျော့သွားမှာဖြစ်ပြီး ဒီလိုအခြေအနေမျိုး မကြာခဏ ဖြစ်နေပြီဆိုရင် သူ့ကို သတိထားဖို့လိုနေပါပြီ။

Linn

SHARE