ချစ်သူနဲ့အတူ ခရီးမသွားသင့်တဲ့အကြောင်းရင်း (၅)ခု

S_Photo / Shutterstock

ချစ်သူနဲ့အတူ ခရီးမသွားသင့်ဘူးဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး စိတ်ဆိုးသွားပြီမို့လား။ ဘယ်သူပဲဖြစ်ဖြစ် ချစ်သူနဲ့ ခရီးသွားရဖို့ကို စိတ်ကူးယဉ်ထားကြမှာပဲလေ။ ဒါပေမယ့် တကယ်တမ်းမှာတော့ လူတွေက ခရီးအတူသွားတဲ့အချိန်မှာ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာကြတာပါ။ ဒီတော့ ချစ်သူနဲ့အတူ ခရီးသွားမိရင်လည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိကုန်ကြပြီး စိတ်ညစ်စရာတွေပါ ဖြစ်လာနိုင်တယ်လေ။ ကဲ…ချစ်သူနဲ့အတူ ခရီးမသွားသင့်တဲ့ အကြောင်းရင်း (၅)ခု ရှိပါတယ်။ ဘာတွေလဲဆိုတာကတော့…..

(၁)။ သူ့ကိုအရိပ်တကြည့်ကြည့်လုပ်နေရတာနဲ့ ထင်သလောက်ပျော်ဖို့မကောင်းဘူး

ချစ်သူနဲ့အတူ ခရီးသွားပြီဆိုရင် လမ်းတစ်လျှောက်လုံး သူ့ကို အရိပ်တကြည့်ကြည့် လုပ်နေရမှာပဲလေ။ သူနေမှကောင်းရဲ့လား၊ စားရသောက်ရ အဆင်ပြေရဲ့လား၊ လမ်းလျှောက်ရတာ ညောင်းနေပြီလား စသဖြင့် သူ့အတွက်ပဲ စဉ်းစားပေးနေရတော့တာပဲ။ ဒီတော့ ကိုယ်တိုင်လည်း စိတ်လွတ်လက်လွတ်နေလို့ မရတော့သလို ခရီးစဉ်ကလည်း ထင်သလောက် ပျော်ဖို့မကောင်းပဲ ဖြစ်လာနိုင်ပါတယ်။

READ
ရည်းစားဟောင်းနဲ့ ပြန်တွဲချင်ရင် စဉ်းစားသင့်တဲ့အချက်(၅)ချက်
S_Photo / Shutterstock

(၂)။ ကိုယ်သွားချင်တဲ့နေရာတွေ လွတ်လွတ်လပ်လပ်သွားလို့မရဘူး

ကိုယ်က နေရာအသစ်အဆန်းကိုရောက်တုန်း ဟိုဟိုဒီဒီ လျှောက်သွားကြည့်ချင်ပေမယ့် သူစိတ်မချတဲ့နေရာမျိုး၊ သူ သ၀န်တိုမယ့်နေရာ၊ စိတ်အနှောင့်အယှက်ဖြစ်မယ့်နေရာမျိုးတွေဆိုရင် သွားခိုင်းမှာ မဟုတ်ပါဘူး။ တစ်ခါတလေတော့လည်း သူက မတားပေမယ့် ကိုယ်တိုင်က သူဘေးမှာပါနေလို့ မသွားလိုက်ရတဲ့ နေရာတွေလည်း ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူ က ဘေးမှာရှိနေတယ်ဆိုရင် ကိုယ်သွားချင်တဲ့နေရာတွေကို လွတ်လွတ်လပ်လပ် သွားခွင့်ရှိမှာမဟုတ်ဘူးလေ။

(၃)။ ထင်ထားတာထက် ပိုက်ဆံပိုကုန်လိမ့်မယ်

ကိုယ်က ခရီးအတွက် ပိုက်ဆံဘယ်လောက်ကုန်မယ်လို့ သတ်မှတ်ထားပြီး ဖြစ်ပေမယ့် ချစ်သူနဲ့အတူ သွားတယ်ဆိုရင်တော့ သင့်ရဲ့ပိုက်ဆံကုန်ကျမှုဟာ အကန့်အသတ်မရှိတော့ပါဘူး။ သူလိုချင်တာလေးတွေ ၀ယ်ပေးရတာနဲ့၊ သူသွားချင်တဲ့နေရာလိုက်ပို့ရတာနဲ့ စားချင်တာလေးတွေ ၀ယ်ကျွေးရတာနဲ့တင် သင့်ပိုက်ဆံဟာ အိတ်ထဲကနေ ခုန် ခုန်ထွက်သွားကြမှာ သေချာပါတယ်။

S_Photo / Shutterstock

(၄)။ တခြား အချောအလှလေးတွေကို ငမ်းလို့မရဘူး

READ
ကျောင်းကားလာခေါ်တိုင်း တာ့တာပြတဲ့အဖေကို ရှက်တဲ့သားအပေါ် ဖခင်ရဲ့တုန့်ပြန်မှု

ဒါကတော့ အထူးနစ်နာတဲ့အချက်ပေါ့။ လမ်းခရီးမှာ ကိုယ်နဲ့အတူ ကြည့်ကောင်းတဲ့ ခရီးသွားဖော်လေးတွေ ပါလာတယ်ဆိုရင်တောင် ချစ်သူ ရှိနေတာကြောင့် ငမ်းလို့ရမှာမဟုတ်တော့ဘူး။ သူတို့ကလည်း ကိုယ့်မှာ ချစ်သူပါလာမှန်း သိတဲ့နောက် အရောဝင်ကြတော့မှာမဟုတ်ဘူးလေ။ ဒီအချက်ကတော့ တော်တော်လေး ၀မ်းနည်းဖို့ ကောင်းပါတယ်။

S_Photo / Shutterstock

(၅)။ မထင်မှတ်ပဲ ပြတ်သွားနိုင်တယ်

တချို့က ခရီးသွားရင်းနဲ့ ဆိုးတဲ့အချက်တွေ တော်တော်များများ သိလာရပြီး ခရီးကလည်း ပြန်ရောက်ရော၊ ပြတ်သွားရော ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း ခရီးတလျှောက် အဆင်မပြေတာတွေကို စုပုံမှတ်ထားပြီး ပြန်ရောက်တော့မှ အတိုးချပြီး မကျေနပ်သမျှ ပြောတာမျိုးလည်းရှိတယ်။ ဒီတော့ ချစ်သူနဲ့ ခရီးသွားရတာ အန္တရာယ်များလွန်းပါတယ်။ ကံမကောင်းရင် ချစ်သူတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရနိုင်တာမို့ တတ်နိုင်သမျှ ချစ်သူနဲ့ခရီးမသွားတာ အကောင်းဆုံးပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

Linn

SHARE