သူငယ်ချင်းကို ရည်းစားအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ရရှိမယ့်ကောင်းကွက်လေးတွေ

Syda Productions/Shutterstock

သူငယ်ချင်းကို ရည်းစားအဖြစ်ပြောင်းလိုက်တဲ့အခါ ကောင်းကွက်လေးတွေ အများကြီးရနိုင်ပါတယ်။ စိတ်ထဲမှာတော့ သူ့အကြောင်းတွေကို အကုန်သိထားတာမို့ ရည်းစားတွေဖြစ်သွားရင် အဆင်ပြေပါ့မလားလို့ တွေးပူမိတာမျိုးရှိမှာဖြစ်ပေမယ့် တကယ်တမ်းကျရင် အဆင်မပြေတာထက် အဆင်ပြေကြတာက ပိုများတာကို တွေ့ရမှာပါ။ ကဲ….စာဖတ်သူတွေထဲမှာရော သူငယ်ချင်းလေးတွေဘ၀ကနေ ချစ်သူတွေအဖြစ်ပြောင်းဖို့ ရှိကြပါလား…။ ရှိတယ်ဆိုရင်တော့ အောက်မှာပါတဲ့အချက်လေးတွေကို ဖတ်ကြည့်လိုက်ဦးနော်…။

(၁)။ ချုပ်ချယ်ခံရတာတွေမရှိဘူး

သူငယ်ချင်းဘ၀ကနေ ချစ်သူအဖြစ်ကို ပြောင်းကြတာဆိုတော့ တစ်ယောက်အကြောင်းတွေ တစ်ယောက် တော်တော်များများ သိနေလောက်ကြပါပြီ။ ဒီတော့ တစ်ယောက်ကိုတစ်ယောက် ချုပ်ချယ်ကြတာမျိုးတွေလည်း ရှိမှာမဟုတ်တော့ဘူးလေ။ ကိုယ်ဘာကြိုက်သလဲဆိုတာ သူ သိထားပြီးဖြစ်သလို သူ ဘာကြိုက်လဲဆိုတာကိုလည်း ကိုယ်က သိထားပြီးသားဖြစ်မှာပါ။

Ivanko80/Shutterstock
(၂)။ အတိတ်က ကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေရှင်းနေဖို့မလိုဘူး

အတိတ်မှာ ရည်းစားတွေများခဲ့တာတို့၊ ပွေခဲ့ရှုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းစရာလည်း မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းဘ၀မှာတင်ကတည်းက အဲဒါတွေကို ရင်ဖွင့်ခဲ့ပြီးပြီလေ။ ဒီတော့ အဲဒီ ကိစ္စတွေနဲ့ပတ်သက်ပြီး အချင်းချင်းသ၀န်တိုတာ ဘာညာတွေလည်းရှိမှာမဟုတ်တော့ဘူး။

READ
အသက်(၂၀)အရွယ်မှာအချစ်ကို ဦးစားမပေးသင့်တဲ့အကြောင်းပြချက်(၉)ချက်
(၃)။ လွယ်လွယ်နဲ့ လမ်းခွဲရမှာမဟုတ်ဘူး

သူငယ်ချင်းဘ၀မှာ နှစ်တွေအများကြီးအတူတူရှိခဲ့ကြပြီးတဲ့နောက် ချစ်သူဘ၀ကိုရောက်လာခဲ့တယ်ဆိုတာ သံယောဇဉ်ကို အဆင့်မြှင့်လိုက်တာပါပဲ။ ဒီတော့ နှစ်ယောက်ကြားက သံယောဇဉ်က ပိုလို့ခိုင်မြဲလာကြမှာဖြစ်ပြီး လွယ်လွယ်နဲ့လမ်းခွဲစကားပြောတာမျိုးတွေ ဖြစ်လာကြမှာမဟုတ်ပါဘူး။

Jacob Lund/Shutterstock
(၄)။ သူကိုယ့်ကို ညာလို့မရဘူး

ဒါကတော့ သိပ်ပြီးပျော်ဖို့မကောင်းတဲ့အချက်ပေါ့။ တစ်ခုခုဆို ညာပြောဖို့ သိပ်ခက်တာ။ ကိုယ့်ဘော်ဒါတွေဆိုလည်း သူကသိ၊ သူ့ဘော်ဒါတွေဆိုလည်း ကိုယ်ကသိနဲ့ တစ်ခုခုဆို ဖုန်းလေးတစ်ချက်လောက် ဆက်လိုက်ရုံဆိုတော့ ဘာမှ ညာလို့မရဘူးလေ။

(၅)။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာနိုင်တယ်

သူငယ်ချင်းဘ၀ကနေ ချစ်သူတွေဖြစ်ပြီးတဲ့နောက် အိမ်ထောင်ပြုကြသူတွေဟာ မိဘပေးစားလို့ အိမ်ထောင်ပြုကြသူတွေထက် ပိုပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်ရပါတယ်တဲ့။ အကြောင်းရင်းကတော့ နှစ်ဦးကြားက နားလည်မှုဟာ ပိုပြီး ကောင်းမွန်လာတာကြောင့်ဖြစ်သလို၊ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ သံယောဇဉ်ကလည်း ပိုပြီးခိုင်မာလာတာကြောင့်ပါပဲ။

READ
အကြင်နာလက်တွေ ခိုင်မြဲဖို့ ... ချစ်သူတို့လုပ်ရမယ့်အရာများ
LightField Studios/Shutterstock

Linn

SHARE