စိတ်ကောက်နေတဲ့ချစ်သူကို ချော့ဖို့အတွက် အကောင်းဆုံးနည်းလမ်း (၃)ခု

Dean Drobot/Shutterstock

စိတ်ကောက်နေတဲ့သူကို ချော့ရတာ ဘယ်လောက်တောင် ခက်သလဲဆိုတာ ခံစားဖူးမှာပါ။ လူ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးဆိုပေမယ့် များသောအားဖြင့်တော့ စိတ်ကောက်ကြသူတွေဟာ လွယ်လွယ်နဲ့ ချော့လို့မရတတ်ကြပါဘူး။ သူတို့မှာ စိတ်ကောက်ပြီဆိုကတည်းက မကျေနပ်ချက်တစ်ခုခုကြောင့်မို့လို့ ကောက်ကြတာလေ။ ဒီတော့ အဲဒီ မကျေနပ်ချက်ကို ပြေလည်အောင် မဖြေရှင်းနိုင်မချင်း စိတ်ကောက်ပြေမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ကောက်နေတဲ့ချစ်သူကို ချော့ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေတော့ ရှိနေပါသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့…။

Dean Drobot

(၁)။ သူကြိုက်တဲ့စားစရာတစ်ခုခုအမြန်ဝယ်ကျွေးပါ

ဘယ်သူပဲဖြစ်ဖြစ် အစားကောင်းလေး စားနေရတဲ့အချိန်ဆိုရင် တစ်ဖက်သားကို စိတ်ဆိုးဖို့ သတိမရတတ်ကြပါဘူး။ စိတ်ဆိုးနေတယ်ဆိုရင်တောင်မှပဲ အဲဒီလို စားလိုက်ရတဲ့အတွက် နည်းနည်းတော့ စိတ်ဆိုးပြေသွားမှာပါ။ ဒီတော့ ကိုယ့်ချစ်သူ စိတ်ကောက်နေပြီဆိုတာနဲ့ သူ့ရဲ့အကြိုက်ဆုံး အစားအစာတစ်ခုကို အမြန်ဝယ်ကျွေးဖို့ ပြင်ပါတော့။ စိတ်ကောက်နေတဲ့အချိန် ကိုယ့်မှာ ၀ယ်ကျွေးဖို့ ပိုက်ဆံမရှိဘူးဆိုရင်တော့ ကိုယ့်ဘ၀ကိုယ်တွေးပေတော့ပဲနော်…။

READ
ဖောက်ပြန်တဲ့အိမ်ထောင်ဖက်ကို ခွင့်လွှတ်သင့်၊မလွှတ်သင့်စဉ်းစားနည်း

(၂)။ ၀န်ခံပြီး ဖြေရှင်းချက်ပေးပါ

ကိုယ်က အပြစ်တစ်ခုခုလုပ်ထားလို့ သူက စိတ်ကောက်နေတာဆိုရင် ကိုယ်လုပ်ထားတဲ့အပြစ်ကို အမြန်ဆုံးဝန်ခံလိုက်ပြီး ဘာကြောင့်လုပ်ရသလဲဆိုတာ ဖြေရှင်းချက်ကောင်းကောင်းပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်က ဘာအပြစ်မှ လုပ်မထားတဲ့ပုံစံနဲ့ ဟန်ဆောင်နေရင် သူစိတ်ကောက်တာ ပြီးမှာမဟုတ်သလို ကိုယ်အပြစ်လုပ်ထားကြောင်း သူ့ဆီမှာ သက်သေနဲ့တကွ ရှိနေတာမျိုးဆိုရင် အခြေအနေက ပိုပြီး ဆိုးလာမှာပါ။ ဘယ်သူပဲဖြစ်ဖြစ် အမှားကို ၀န်ခံပြီဆိုရင် စိတ်ပြေသွားတတ်ကြတာမို့ ကိုယ်မှားတယ်ဆိုရင် မှားတယ်လို့သာ ၀န်ခံလိုက်ပါ။ အကြောင်းပြချက် ကောင်းကောင်းတော့ရှိဖို့လိုတာပေါ့။

Dean Drobot/Shutterstock

(၃)။ ကတိပေးပါ

ကိုယ့်အနေနဲ့ နောက်တစ်ခေါက် ထပ်လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တောင် သူ့ကိုတော့ ဒီလိုမျိုးတွေ ထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါ။ ကတိတည်တာ မတည်တာက နောက်မှ စဉ်းစားရမှာဖြစ်ပြီး သူ့ရဲ့စိတ်ကျေနပ်မှုအတွက် ကတိပေးဖို့တော့ လိုပါတယ်။ ဒါမှသာ သင့်အနေနဲ့ နောက်ထပ်မလုပ်တော့ဘူးလို့ သူ့စိတ်ထဲမှာ ထင်သွားမှာဖြစ်ပြီး အတိုင်းအတာတစ်ခုအထိတော့ ပြေလည်သွားမှာပါ။

READ
မင်္ဂလာပွဲနီးမှရည်းစားကထားသွားခဲ့ပေမဲ့ မင်္ဂလာဝတ်စုံကိုမီးရှို့ပြီးဘ၀သစ်စခဲ့တဲ့အမျိုးသမီး

Linn

SHARE