ယောင်္ကျားလေးတွေ တစ်သက်လုံးလမ်းမခွဲချင်တဲ့ ချစ်သူကောင်မလေးတွေက ဒီလိုပါတဲ့..

fizkes/Shutterstock

ချစ်သူနှစ်ယောက် အချိန်အကြာကြီး အတူချစ်သွားဖို့ဆိုတာ လွယ်လွယ်နဲ့တော့မရပါဘူး။ ချစ်သူသက်တမ်းတစ်လျှောက်မှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရမယ်၊ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေ သိလာလေလေ ၊ စိတ်ပျက်လာလေလေတွေဖြစ်မယ်။ ဒီလိုနဲ့ တချို့ဆက်ဆံရေးတွေက အဆုံးသတ်သွားကြပါတယ်။

ဒါပေမယ့် ယောင်္ကျားလေးတွေ တစ်သက်လုံးလမ်းမခွဲချင်တဲ့ ချစ်သူကောင်မလေးတွေလည်း ရှိကြတယ်။ အမြဲတမ်းအနားမှာရှိနေစေချင်ကြပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လမ်းခွဲမသွားချင်တဲ့ကောင်မလေးတွေပေါ့…။ သူတို့မှာ ဘယ်လိုကောင်းကွက်လေးတွေရှိလို့ ယောင်္ကျားလေးတွေက တမ်းတမ်းစွဲဖြစ်နေကြရတာလဲ။ တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး။

(၁)။ နားလည်မှုပေးတယ်

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုနားလည်မှုပေးတယ်၊ အပြစ်တင်ဖို့ထက် ဘယ်လိုကောင်းအောင် လုပ်ကြမလဲလို့ပဲတွေးပေးတဲ့ ကောင်မလေးမျိုးကို ယောင်္ကျားလေးတွေ လက်မလွှတ်ချင်ကြပါဘူး။ ကိုယ့်အပေါ် အမြဲနားလည်မှုရှိနေတဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရတာလောက် ပျော်စရာကောင်းတာ မရှိဘူးဆိုတာကို ယောင်္ကျားလေးတော်တော်များများက လက်ခံထားကြတာပါ။

Roman Samborskyi/Shutterstock

(၂)။ အလိုက်သိတယ်

ကိုယ့်မျက်နှာကို ကြည့်လိုက်ရုံနဲ့ စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ သိနိုင်တဲ့ချစ်သူမျိုး ရထားပြီဆိုရင်တော့ ကိုယ့်လောက်ကံကောင်းတဲ့သူရှိမှာမဟုတ်တော့ဘူးလို့ ယုံလိုက်ပါ။ တချို့ကောင်မလေးတွေက သိပ်ကိုအလိုက်သိကြလွန်းသူတွေပါ။ သူတို့က သူတို့ရဲ့ချစ်သူတွေကို အမြဲဂရုစိုက်ပေးတတ်ကြပြီး အမြဲတမ်း အလိုက်သိပေးတတ်ကြတယ်။

READ
ဆန်းကြယ်ပြီး ကံအကောင်းဆုံးအချစ်ရေးကို ပိုင်ဆိုင်ထားသူဆိုတာ….

(၃)။ ခံစားချက်တွေကို အမြဲဝေမျှပေးတယ်

သူတို့စိတ်ထဲမှာ ခံစားနေရသမျှ ကိုယ့်ကိုအမြဲဝေမျှပေးတတ်သလို၊ ကိုယ့်ရဲ့ ခံစားချက်မှန်သမျှကိုလည်း ဆွေးနွေးပေးတယ်။ ဒီလိုနည်းနဲ့ နှစ်ယောက်သား ပိုပြီး နီးကပ်လာကြတာပါပဲ။ နှစ်ယောက်ကြားမှာ ဘာလျို့ဝှက်ချက်မှ မရှိတော့ဘူးလို့ ခံစားကြရမှာဖြစ်သလို အမြဲတမ်းလည်း စိတ်ချင်းနီးနေကြမှာပါ။

Roman Samborskyi/Shutterstock

(၄)။ ချွဲတတ်တယ်

ကိုယ်က အရမ်းပင်ပန်းနေပြီး ဖုန်းမပြောချင်ဘူးဆိုရင်တောင်မှ သူ့ရဲ့ ချွဲတဲ့အသံလေးကြားပြီး ပင်ပန်းတာတွေပျောက်သွားတာမျိုး ဖြစ်ဖူးမှာပါ။ အဲဒီလို ချွဲတာက ကိုယ့်ကို ချစ်လွန်းလို့ပဲဆိုတာ နားလည်လာပြီဆိုရင် သူက ကိုယ့်အတွက် ပိုပြီးတောင် ချစ်ဖို့ကောင်းနေဦးမှာ။ တစ်ခါတစ်လေ သူမချွဲပဲနေတာကြာသွားရင်တောင် ဘာများဖြစ်လို့လဲလို့ ကိုယ့်မှာ စိုးရိမ်နေမိသေးတာ။

(၅)။ ချစ်စရာကောင်းပြီးအေးချမ်းတယ်

ယောင်္ကျားလေးအများစုက Sexy ဖြစ်ပြီး ပူလောင်တဲ့ အလှပိုင်ရှင်မိန်းကလေးတွေကို ကြိုက်တယ်ဆိုပေမယ့် သူတို့ရေရှည်လက်တွဲချင်တဲ့ ပုံစံကတော့ အဲဒါနဲ့ ဆန့်ကျင်ဖက်ပါ။ သူတို့က ချစ်စရာကောင်းပြီး အေးချမ်းတဲ့ကောင်မလေးမျိုးကို ပိုပြီး သဘောကျကြတယ်။

READ
အချစ်ရေးမှာ အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့အမှား(၇)ခု
fizkes/Shutterstock

Linn

SHARE