ဒီအချက်(၅)ချက်နဲ့ ကိုက်ညီနေရင် သင်က အပျိုကြီး/လူပျိုကြီးဖြစ်မယ်ဆိုတာ သေချာပြီ

Dean Drobot/Shutterstock

လူကြီးတွေ ပြောကြတာ ကြားဖူးတယ်မို့လား။ “နင်တော့ ဒီလိုသာ လုပ်နေရင် လူပျိုကြီးဖြစ်မှာပဲ/အပျိုကြီးဖြစ်မှာပဲ” ဆိုပြီးတော့လေ။ တကယ်တော့ လူပျိုကြီးပဲဖြစ်ဖြစ်၊ အပျိုကြီးပဲဖြစ်ဖြစ် နောက်ဆုံးအချိန်အထိ ရည်းစားဘာညာမရှာပဲ တစ်ယောက်တည်း ရပ်တည်သွားတာ တကယ့်ကို ဂုဏ်ယူစရာပါ။ (တချို့ကျတော့လည်း လိုချင်ရဲ့နဲ့ မရတာတွေ ရှိတာပေါ့လေ)။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ်က အပျိုကြီး/လူပျိုကြီး အဖြစ် အဆုံးသတ်သွားဖို့ရှိနေတယ်ဆိုရင် ကိုယ့်ဆီမှာ ရည်းစားမရနိုင်လောက်တဲ့ အချက်တွေ သေသေချာချာရှိနေလို့ဆိုတာကို သဘောပေါက်ထားဖို့တော့ လိုလိမ့်မယ်။ အထူးသဖြင့် ဒီလိုအချက်တွေပေါ့…..

(၁) လက်တွဲဖော်အတွက် ကိုယ်လိုချင်တဲ့စံနှုန်းတွေမြင့်နေတာ

ကိုယ့်ရဲ့စိတ်ကူးထဲမှာ ကိုယ်လက်တွဲချင်တဲ့သူတစ်ယောက်အတွက် စံနှုန်းတွေရှိနေပြီး အဲဒီ စံနှုန်းတွေက မြင့်မားနေပြန်ရင်လည်း အပျိုကြီး/လူပျိုကြီးစာရင်းထဲကို ရောက်မှန်းမသိရောက်သွားတတ်ပါတယ်။ အရပ်ဆို (၆)ပေနီးပါးမှ၊ ဟာသပြောတတ်မှ၊ မဟာဘွဲ့ရမှ စသဖြင့် မိန်းကလေးတွေက သူတို့ရဲ့စိတ်ကြိုက် သတ်မှတ်ချက်တွေရှိကြသလို ယောင်္ကျားလေးတွေကလည်း မျက်ခုံးလေးလှမှ၊ အိမ်ထောင်မှုကိစ္စတွေ နိုင်နင်းမှ ၊ အသားအရည်ကောင်းမှ စသဖြင့် သူတို့ရဲ့သတ်မှတ်ချက်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီသတ်မှတ်ချက်တွေ၊ စံနှုန်းတွေက မြင့်လွန်းနေတော့ သူတို့လိုအပ်ချက်နဲ့ကိုက်ညီသူမတွေ့တော့ပဲ နောက်ဆုံး တစ်ကိုယ်တည်းဘ၀နဲ့ အဆုံးသတ်သွားရဖို့ ဖြစ်လာတော့တာပါပဲ။

READ
သင့်ချစ်သူက သစ္စာရှိမလား၊မရှိဘူးလားဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်
Roman Samborskyi/Shutterstock

(၂) တစ်ခုခုကို အမြဲပဲ အလိုမကျ ဖြစ်နေတတ်တာ

အပျိုကြီး/လူပျိုကြီးဖြစ်မယ့်သူတွေဆိုတာ တစ်ခုခုကို အမြဲအလိုမကျ ဖြစ်နေတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အပျိုကြီး/လူပျိုကြီးတွေကိုကြည့်ရင် အဲဒါတွေကို သဘောပေါက်နိုင်ပါလိမ့်မယ်။ သူတို့မှာ စိတ်မကျေနပ်စရာ တစ်ခုမဟုတ် တစ်ခုကတော့ အမြဲလိုလို ရှိနေတတ်ကြတယ်။ သူတို့ဘေးနားမှာ ရှိနေတဲ့လူတွေကို မကျေမနပ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတို့ကိုယ်သူတို့ ပြန်ပြီး မကျေမနပ်ဖြစ်နေတတ်ကြတာမျိုးတွေပါ။ ဒီလိုလူတွေက ပတ်ဝန်းကျင်နဲ့အစေးမကပ်ပဲ ဖြစ်နေတတ်ပြီး စိတ်ပိုင်းဆိုင်ရာ တင်းမာနေတတ်ကြလို့ တော်ရုံလူတွေက တွဲဖို့ မစဉ်းစားတတ်ကြပါဘူး။

Stokkete/Shutterstock

(၃) ပြင်ပဘ၀ထက် ဒရာမာကားတွေထဲကဘ၀မျိုးကိုပဲ သဘောကျနေတတ်တာ

သူတို့က ပြင်ပမှာ ဖြစ်နေကြတဲ့ အချစ်ဇာတ်လမ်းမျိုးတွေထက် ကိုရီးယားဒရာမာကားတွေထဲက အချစ်ဇာတ်လမ်းမျိုးကိုပဲ ပိုပြီး သဘောကျကြလေ့ရှိတယ်။ လက်တွေ့မှာ အချစ်ဆိုတာက ဘယ်လိုပဲဖြစ်နေ ဖြစ်နေ သူတို့ရဲ့အမြင်မှာတော့အချစ်ဆိုတာ ခက်ခဲတယ်၊ အနှောင့်အယှက်တွေရှိတယ်၊ နောက်ဆုံးကျ ကွဲရတာပဲ ဒီတော့ တတ်နိုင်သမျှ အချစ်နဲ့ဝေးဝေးနေတယ်ဆိုတဲ့ ခံစားချက်တွေ ရှိနေကြတယ်။ ဒီလိုနဲ့ တစ်ယောက်ယောက်ကို ချစ်ရမှာ ကြောက်လာကြပြီး တစ်ကိုယ်တော်ဘ၀ကို ဖြတ်သန်းရတော့တာပါပဲ။

READ
အတူရှိတဲ့ အချိန်တွေများလွန်းရင် Relationship အတွက် ပြဿနာရှိလာနိုင်
Dean Drobot/Shutterstock

(၄) အသက်ကြီးလာတာတောင် မိဘအပေါ်ကလေးလိုဆိုးနေတတ်တာ

အသက်တွေကြီးလာတဲ့အချိန်အထိ မိဘအပေါ်မှာ ကလေးလိုဆိုးနေတတ်ပြီး မရင့်ကျက်သေးတဲ့ အနေအထားကလည်း သူတို့ကို လူပျိုကြီး/အပျိုကြီးဘ၀ဆီ ရောက်သွားစေပါတယ်။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရယ်လို့ မယ်မယ်ရရ မရှိ၊ ချစ်တယ် မုန်းတယ်ဆိုတဲ့ စိတ်ခံစားချက်တွေမရှိပဲ သူတို့ပျော်သလိုပဲ နေတတ်ကြသူတွေပါ။ မိဘအပေါ်မှာ ကလေးလို ဆိုးတဲ့သူတွေက တခြားသူတွေရဲ့ခံစားချက်ကိုလည်း နားလည်နိုင်စွမ်းမရှိတော့ပဲ အနိုင်လိုချင်တာ၊ ဦးစားပေးခံချင်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို ခံစားချက်တွေကြောင့် ရည်းစားရှာရတာ ခက်ခဲသွားပြီး လူပျိုကြီး/အပျိုကြီးဘ၀ဆီရောက်သွားတော့တာပဲ။

(၅) စကားကို တစ်ဖက်သားနားဝင်အောင်မပြောတတ်တာ

လူပျိုကြီး/အပျိုကြီး ဖြစ်မယ့်သူတွေရဲ့ အဓိက ပြဿနာက စကားကို တစ်ဖက်သား နားဝင်အောင် မပြောတတ်ကြတော့တာပါပဲ။ သူတို့မှာ အလိုမကျတာတွေ၊ စိတ်မကျေနပ်တာတွေများတဲ့နောက် စကားအပြောအဆိုပိုင်းမှာလည်း အဆင်မပြေကြတော့ဘူး။ သူတို့က စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတာဆိုပေမယ့် နားထောင်ရတဲ့သူတွေအတွက်တော့ အဆင်မပြေလှဘူးလေ။ ဒီတော့ သူတို့အနားကို ကပ်ချင်သူတွေမရှိတော့ပဲ တဖြည်းဖြည်းနဲ့ လူပျိုကြီး/အပျိုကြီးဘ၀ဆီ ချည်းကပ်သွားကြတာပါ။

Linn

SHARE