မိန်းကလေးတွေဟာ ချစ်သူကောင်လေးတွေကို ဒီနည်းလမ်း(၄)ခုနဲ့ ထိန်းချုပ်တတ်ကြတယ်

bdcbethebest/Pixabay

ပြောစမ်းပါဦး။ သင့်ကောင်မလေးက သင့်ကို ထိန်းချုပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးနေသတဲ့လဲ။ တကယ်တော့ မိန်းကလေးတွေမှာ ယောင်္ကျားလေးတွေကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိတတ်ကြပါတယ်။ အများကြီးမှ တကယ့်ကို အများကြီးနော်။ ဒါပေမယ့် များသောအားဖြင့်တော့ မိန်းကလေးတွေက ဒီနည်းလမ်းတွေကို အခြေခံပြီး သူတို့ရဲ့ ချစ်သူ ယောင်္ကျားလေးတွေကို ထိန်းချုပ်ဖို့ ကြိုးစားကြတာမို့ ဒီအချက်တွေကိုသာ သိထားရင် သင်ဟာ သူတို့ရဲ့ ထိန်းချုပ်မှုစက်ကွင်းကနေ လွတ်သွားနိုင်သူ တစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မယ်။ ဘာတွေလဲဆိုတော့….

(၁)။ မြှောက်ပြောတာ

သင့်ချစ်သူ ကောင်မလေးဆီက သင့်ရဲ့ကောင်းကွက်လေးတွေကို ပြောတာကြားရပြီဆိုတာနဲ့ အရည်တွေပျော်သွားတော့တာပဲ မဟုတ်လား။ သင့်ကို ခိုင်းချင်တာတစ်ခုခုပဲဖြစ်ဖြစ်၊ သင့်ဆီက လိုချင်တာတစ်ခုခုရှိလို့ပဲ ဖြစ်ဖြစ် သူတို့က သင့်ကို အရင်ဆုံး မြှောက်ပြောဖို့ ကြိုးစားကြမှာပါ။ ဒီလို ပြောလိုက်ပြီဆိုတာနဲ့ သင်လည်း ဘာမဆိုလုပ်ပေးဖို့ အဆင်သင့် ဖြစ်နေရောမဟုတ်လား။

READ
ရုပ်ရည်နဲ့မသက်ဆိုင်ဘဲ စန်းပွင့်စေနိုင်မယ့်နည်းလမ်းများ
lambhappiness/Pixabay
(၂)။ ကလေးတစ်ယောက်လိုပြောတာ

သူက သင့်ကို ကလေးတစ်ယောက်လို ဆက်ဆံလေ့ရှိလား။ “အဲဒီလို မလုပ်ရဘူးလေ” တို့ ၊ “ဒီလိုလုပ်ရတယ် မှတ်ထားနော်” တို့လို စကားတွေပြောပြီး ကလေးတစ်ယောက်လို သင့်ကို ဆက်ဆံပြီဆိုရင် ဒါက သင့်ကိုထိန်းချုပ်ဖို့ ကြိုးစားနေတာပါပဲ။ အဲဒီလို ဆက်ဆံခံရတာကို သင်ကျေနပ်မနေပါနဲ့။ ဒါက သင့်ကို ထိန်းချုပ်ဖို့ သက်သက်ဂွင်ဆင်နေတာလို့ပဲ မှတ်ပါ။

Free-Photos/Pixabay
(၃)။ ဘာမှမပြောပဲ နှုတ်ဆိတ်နေတတ်တာ

နှစ်ယောက်သား စကားတွေပြောနေကြရင်းက သူဘာမှမပြောပဲ နှုတ်ဆိတ်သွားတဲ့အချိန်တွေဆိုရင် သင် မနေတတ်တော့ဘူးမို့လား။ အဲဒီလိုအချိန်တွေဆိုရင် သင့်အနေနဲ့ ကိုယ်ဘာများအမှားလုပ်ခဲ့မိလို့လည်း ဆိုပြီး ပြန်စဉ်းစားမိမှာပါ။ တကယ်လို့သာ သင့်မှာ သူမသိအောင် တစ်ခုခုလုပ်ထားတာမျိုးရှိနေရင် မနေတတ်၊မထိုင်တတ်တွေဖြစ်ပြီး ပိုပြီးတော့တောင် အနေရခက်ဦးမှာ။ မိန်းကလေးတွေဟာ ဒီလိုနည်းလမ်းနဲ့လည်း ယောင်္ကျားလေးတွေကို ထိန်းချုပ်ဖို့ကြိုးစားတတ်ပါတယ်တဲ့။

READ
အမြဲတမ်းနောက်ပြောင်နေတတ်တဲ့ စုံတွဲများဟာ ပိုခိုင်မြဲတတ်ကြောင်းလေ့လာတွေ့ရှိချက်
(၄)။ တခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြောတာ

တခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြောတယ်ဆိုတာ ယောင်္ကျားလေးတစ်ယောက်အတွက်တော့ အတော်လေး ခံရခက်တဲ့ ကိစ္စပါပဲ။ ဟိုတစ်ယောက်ကတော့ ရာထူးတွေတက်နေပြီ၊ ဟိုတစ်ယောက်ကတော့ ၀င်ငွေတွေကောင်းလိုက်တာ..စတဲ့နှိုင်းယှဉ်မှုတွေက သင့်ကို သူတို့လိုချင်တဲ့ပုံစံတွေဖြစ်လာဖို့ နည်းလမ်းတစ်မျိုးနဲ့ အသိပေးလိုက်တာပါ။ တစ်နည်းအားဖြင့် သူတို့လိုချင်တဲ့ပုံစံကိုရောက်လာဖို့ ဒီနည်းလမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်ပြီး သင့်ရဲ့မခံချင်စိတ်ကို နှိုးဆွပေးနည်းတစ်မျိုးလို့လည်း ပြောနိုင်ပါတယ်။

bdcbethebest/Pixabay

Linn

SHARE