သင့်ချစ်သူက အစွဲအလန်းကြီးတဲ့သူဆိုရင် ဒီအချက်တွေကိုသင်သိထားဖို့လိုပါတယ်

G-Stock Studio/Shutterstock

သင့်ချစ်သူက ဘယ်လိုစိတ်ခံစားမှုမျိုးရှိသလဲဆိုတာကို သင်သေချာသိပြီးပြီလား။ သူအမှတ်တရသိမ်းထားတဲ့ ပစ္စည်းလေးတစ်ခုခုပျောက်သွားတာကိုတောင် မစားနိုင်၊ မအိပ်နိုင်ပဲ ရက်ပေါင်းများစွာ ခံစားနေရတဲ့သူမျိုး ၊ သူ့အိမ်မွေးတိရိစ္ဆာန်လေးတွေနေမကောင်းဖြစ်တာတောင် သူပါ လိုက်ပြီးနေမကောင်းဖြစ်တဲ့အထိ ခံစားမှုပြင်းတဲ့သူမျိုး။ အဲလိုလူမျိုးသာ ဖြစ်နေရင်တော့ သင့်ချစ်သူအတွက် သင် ဒီအချက်တွေကို သိထားပြီး အဆင်သင့်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

(၁)။ သူ့ကိုနားလည်ပါ

သူ့စိတ်က ဒီလိုပဲဆိုတာ သင်သိနေပြီပဲ။ အဲဒီနောက်တော့ နည်းလမ်း (၂)မျိုးပဲရှိတော့တယ်။ သူ့ရဲ့အစွဲအလန်းကြီးမှုကို ဖျောက်ချင်ဖျောက်၊ ဒါမှမဟုတ် သူ့ကိုနားလည်ပေး။ များသောအားဖြင့်တော့ အစွဲအလန်းကြီးတတ်သူတွေဟာ ငယ်စဉ်ကတည်းက အဲဒီစိတ်မျိုး စွဲကပ်လာတတ်တာမို့ အကောင်းဆုံးကတော့ သူတို့ကို နားလည်ပေးတာပါပဲ။ တချို့ကိစ္စတွေအတွက် သူ့ရဲ့အစွဲအလန်းကြီးမှုကို အပြစ်တင်နေမယ့်အစား သူ့ကိုနားလည်ပေးလိုက်ပါ။

Cookie Studio/Shutterstock

(၂)။ သူ သ၀န်တိုအောင်မနေပါနဲ့

အစွဲအလန်းကြီးတဲ့သူတွေဟာ အလွန်ပဲ သ၀န်တိုတတ်ကြသူတွေပါ။ သူတို့က သူတို့ချစ်တဲ့သူကို ဘယ်သူနဲ့မှ မတူအောင် သ၀န်တိုတတ်ကြတာ။ ဒီတော့ သင် သူ့ကို တကယ်ချစ်တယ်ဆိုရင် သူ သ၀န်မတိုမိအောင်သာ နေပါတော့။ အဲဒီလိုမှမဟုတ်ရင် သင့်အပေါ်သ၀န်တိုတာကနေ သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးလည်း အဆင်ပြေမှာမဟုတ်ပါဘူး။

READ
ကိုယ်ကောင်မလေးကို အီစီကလီလာလုပ်တဲ့ကောင်ကို ဖြေရှင်းနည်းများ
pink panda/Shutterstock

(၃)။ သူက ချစ်တတ်လွန်းသူပါ

အစွဲအလန်းကြီးသူတွေဟာ တနည်းအားဖြင့်  ချစ်တတ်လွန်းသူတွေလည်း ဖြစ်ကြတာမို့ သင့်အပေါ်မှာ သ၀န်တိုတာမျိုး၊ သူနဲ့ပတ်သက်ပြီးအသေးအဖွဲတွေ သတိထားစေချင်တာမျိုးစတဲ့ အလွန်အကျူးဖြစ်ရပ်တွေကို နားလည်ပေးဖို့သာ ပြင်ထားပါ။ အဲဒါတွေက သင့်ကိုချစ်တာကြောင့် ဖြစ်လာတာဆိုတာ သင် နားလည်လာတာနဲ့ တပြိုင်နက်တည်း သင်တို့နှစ်ယောက်ကြားက အချစ်တွေဟာ ပိုပြီးတော့ ခိုင်မြဲလာမှာပါ။

Antonio Guillem/Shutterstock

(၄)။ သင့်အတွက်အရေးပါတဲ့သူဖြစ်ကြောင်းပြပါ

အစွဲအလန်းကြီးလွန်းသူတွေက သူတို့ကိုယ်သူတို့လည်း သိကြပါတယ်။ ငါကတော့ ဒီလိုလူမျိုးဆိုတာ။ အဲဒီလို သိနေတာကြောင့်လည်း သူတို့က သူများတွေထက်ပိုပြီး အားငယ်တတ်ကြတယ်။ ဒီတော့ သင့်အနေနဲ့  ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင် သူက သင့်အတွက် ဘယ်လောက်အထိအောင် အရေးပါသလဲဆိုတာ သူသိအောင် ခဏခဏပြောပြဖို့ လိုပါလိမ့်မယ်။ ဒီလိုမှပဲ သူလည်း အားငယ်တဲ့စိတ်ကို ဖြေဖျောက်နိုင်မှာပါ။

READ
မှန်ကြောင်လေးတွေကို မိန်းကလေးတွေ သဘောကျရတဲ့ အကြောင်းအရင်း

Linn

 

 

 

SHARE