သင့်ချစ်သူမှာ နောက်တစ်ယောက်ရှိနေပြီလို့ထင်ရင် ဒီ(၅)ချက်ကိုသုံးပြီး ဖြေရှင်းပါ

Antranias/pixabay

ဒီရက်တွေမှာ သင့်ချစ်သူက ပုံမှန်မဟုတ်ဘူးလို့ ထင်မိလား။ အရင်လို သင့်ကို ဂရုမစိုက်တော့ဘူးလို့ ခံစားနေရမယ်။ အပြင်တွေဘာတွေသွားတဲ့အခါ သင့်ကိုမခေါ်တော့ဘူး။ သင်ဖုန်းဆက်ရင်လည်း ကိုင်ချင်မှကိုင်တယ်။ ဒီလိုဆိုရင် သင့်ရဲ့စိတ်ထဲမှာ သူတစ်ခုခုပြောင်းလဲနေပြီလို့ ထင်မှာပဲလေ။ သင့်အနေနဲ့ သင့်ချစ်သူက အရင်လိုမဟုတ်ဘူး၊ သူ့မှာ သင့်အပြင်နောက်တစ်ယောက်ရှိနေပြီလို့ ခံစားနေရပြီဆိုရင် ဒီ(၅)ချက်ကို သုံးပြီး လက်ရှိအနေအထားကို ဖြေရှင်းလိုက်လို့ရပါတယ်။

(၁)။ သင့်အပြင်နောက်တစ်ယောက်ရှိနေတာမျိုးကို လက်မခံနိုင်ကြောင်းသတိပေးပါ

ဒါက သူ့ကိုစွပ်စွဲတာမဟုတ်ပဲ ကြိုတင်သတိပေးတာမျိုး လုပ်ခိုင်းတာပါ။ သင့်အနေနဲ့ တစ်ယောက်တည်းကိုသာ ချစ်ချင်ကြောင်းနဲ့ သူ့အချစ်ကိုလည်း သင်တစ်ယောက်တည်းပဲ လိုချင်ကြောင်း သတိပေးပါ။ ဒီလိုမှ မဟုတ်ရင်တော့ လမ်းခွဲလိုက်တာက ပိုကောင်းတယ်ဆိုတဲ့အကြောင်း သူ့ကို တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ သတိပေးစကားပြောထားသင့်ပါတယ်။

Takmeomeo /pixabay
(၂)။ လေ့လာပါ

သူ့အနေနဲ့ သင် သတိပေးထားပြီးတာတောင် ပုံမမှန်ဖြစ်နေဆဲလား။ ဒါဟာ ဘာကြောင့်လဲဆိုတာ လေ့လာပါ။ သူ့ရဲ့အမူအရာတွေ၊ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုပါ လေ့လာပါ။ ဒီလို လေ့လာတာကနေ သူဘာဖြစ်နေတာလဲဆိုတာ သင် တဖြည်းဖြည်း သိလာမှာဖြစ်ပြီး သူ့မှာ သင့်အပြင် နောက်တစ်ယောက် ရှိနေ၊မနေဆိုတာ သိလာပါလိမ့်မယ်။

READ
ကျောင်းကားလာခေါ်တိုင်း တာ့တာပြတဲ့အဖေကို ရှက်တဲ့သားအပေါ် ဖခင်ရဲ့တုန့်ပြန်မှု
(၃)။ အချိန်ပေးပါ

သင့်အပေါ်မှာ ဆက်ဆံရေးလေး နည်းနည်းပြောင်းလဲသွားရုံနဲ့တော့၊ သင့်ကို အရင်လို မဆက်ဆံရုံနဲ့တော့ သူ့မှာ နောက်တစ်ယောက် ရှိနေတာမျိုး ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ အကောင်းဆုံးကတော့ သင့်အနေနဲ့ သူ့ကိုအချိန်ပေးဖို့လိုတာပါ။ အချိန်တစ်ပတ်၊ ဒါမှမဟုတ် တစ်လလောက်တော့ သူ့ စိတ်ထဲမှာ ရှိနေတဲ့အတိုင်း ဆက်သွယ်နေပါစေ။ ကိုယ်ပေးထားတဲ့အချိန်တွေ ကျော်သွားတဲ့အထိ မပြောင်းလဲဘူးဆိုရင်တော့ သူ့မှာ တစ်ယောက်ယောက် ရှိနေတာ သေချာသလောက် ရှိနေပြီပေါ့။

5688709/pixabay
(၄)။ ရွေးချယ်ခွင့်ပေးပါ

တကယ်လို့သာ သူ့ဆီမှာ သင့်အပြင် နောက်တစ်ယောက်ရှိနေတယ်ဆိုတာ သေချာသွားပြီဆိုရင် သူ့ကို ရွေးချယ်ခွင့်ပေးပါ။ သင့်အနေနဲ့ သူ့ကိုချစ်နေသေးတယ်ဆိုရင်ပေါ့။ သူ့အနေနဲ့ သင့်ကိုရွေးမှာလား၊ တခြားသူဆီ သွားမှာလားဆိုတာ ပြတ်ပြတ်သားသားမေးပါ။ သူ့အနေနဲ့ တခြားတစ်ယောက်ကိုရွေးချယ်ဆိုရင် ဆွဲထားဖို့ မစဉ်းစားပါနဲ့။ တကယ်လို့ သင့်ကိုပဲရွေးမယ်၊ တခြားတစ်ယောက်ကို ထားခဲ့မယ်လို့ ဆုံးဖြတ်တယ်ဆိုရင် အောက်မှာ ကျန်နေတဲ့အချက်တစ်ချက်ကို ထပ်သုံးပါ။

READ
အိမ်ထောင်ရေး အချစ်ရေး ပြဿနာတွေကို ထိရောက်စွာဖြေရှင်းနည်းများ
(၅)။ သူ ပြောင်းလဲလာသလား

သူက သင့်ကိုပဲ ရွေးတယ်၊ တခြားတစ်ယောက်ကို ထားခဲ့မယ်လို့ ပြောပြီးတဲ့နောက် သူ ပြောင်းလဲလာသလား၊ အရင်လို ပြန်ဖြစ်လာသလားဆိုတာ စောင့်ကြည့်ပါ။ သူ့အနေနဲ့ သင့်ကို အရင်လိုမျိုး ပြန်ဂရုစိုက်ပြီလား၊ ဒါမှမဟုတ် သူ့ဖက်က ရွေးချယ်ပြီးပြီလို့ ပြောခဲ့တာတောင် အေးစက်စက် ဖြစ်နေဆဲပဲလား။ တကယ်လို့သာ သင့်အပေါ် သူ့ရဲ့ဆက်ဆံရေးက ပြောင်းလဲမလာတော့ပဲ အေးစက်စက်ဖြစ်နေဆဲပဲ ဆိုရင်တော့ သူ့ကို လမ်းခွဲလိုက်ပါတော့။ အဲဒါက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမှာပါ…။

Imagine_Images/pixabay

Linn

SHARE