သင့်ထက်အသက်ကြီးသူကို ဒီအချက်တွေကြောင့် ချစ်သူအဖြစ်ရွေးချယ်ချင်မိတာပါ

panajiotis/pixabay

သင်က သင့်ထက်အသက်ကြီးတဲ့ တစ်ယောက်ယောက်ကို ဖူးစာရှင်အဖြစ် ရွေးချယ်မိထားတာလား။ အစပိုင်းမှာတော့ သင့်အနေနဲ့ ကိုယ့်ထက် ငယ်တဲ့ အလန်းလေး တစ်ယောက်လောက်ကို ချစ်သူအဖြစ် ထားမယ်လို့ တွေးမိကောင်း တွေးမိခဲ့မှာဖြစ်ပေမယ့် တကယ်လည်းကျရော သင်ရွေးလိုက်တဲ့သူက သင့်ထက် အသက်ကြီးတဲ့သူ ဖြစ်နေရောပဲ။ အဲဒါ ဘာကြောင့်လဲသိလား။ အောက်မှာ ဖော်ပြထားတဲ့အချက်တွေကို ဖတ်ကြည့်လိုက်ရင် သင် ဘာကြောင့် သူ့ကို ချစ်သူအဖြစ် ရွေးလိုက်မိလည်းဆိုတာ သိလာလိမ့်မယ်။

(၁)။ သင့်ကို စိတ်လှုပ်ရှားစေမယ့်အတွေ့အကြုံမျိုးတွေရှိကြတယ်

ဘယ်လိုအတွေ့အကြုံမျိုးတွေလည်းလို့ မေးရင်တော့ အစုံပဲလို့ပြောရမှာပါ။ (ဒီအဖြေက သင်ထင်သလိုလည်း ဟုတ်ချင်မှဟုတ်မယ်)။ ဒါပေမယ့် သူတို့ဆီမှာ သင် တစ်ခါမှ မကြုံဖူးသေးတဲ့ ကိစ္စတွေအတွက် အတွေ့အကြုံကောင်းတွေ ရှိနေမှာဖြစ်ပြီး သင်သိချင်တာတွေကို ပြောပြနိုင်မှာဖြစ်သလို သူတို့ရဲ့ အတွေ့အကြုံတွေကတစ်ဆင့် သင့်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တာမျိုးတွေလည်း ဖြစ်လာပါလိမ့်မယ်။

READ
ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ချင်ရင် ဒီအချက် (၁၀)ချက်ကို လိုက်နာပါ
michal-praca / pixabay
(၂)။ တွက်ကပ်သူတွေမဟုတ်ကြဘူး

တချို့ အကြီးတွေကတော့ တကယ်ပဲ တွက်ကပ်သူတွေ ဖြစ်ကြပေမယ့် များသောအားဖြင့် အသက်ကြီးတဲ့သူတွေက သူတို့ထက် အငယ်တွေအပေါ် သိပ်ပြီး မတွက်ကပ်တတ်ကြပါဘူး။ အထူးသဖြင့် အသက်ငယ်တဲ့ ချစ်သူတွေကို ရထားသူတွေက သူတို့ရဲ့ ချစ်သူလေးတွေအပေါ် တွက်ကပ်ဖို့ စိတ်ကူးကြမှာမဟုတ်ဘူး။ သူတို့က အကြီးဖြစ်နေတယ်လို့ ခံစားရတဲ့အပြင်၊ သူတို့ချစ်တဲ့သူ ဖြစ်နေတာကြောင့် သင်နဲ့ပတ်သက်လာရင် ဘာကိုမှ တွက်ကပ်နေမှာမဟုတ်ပဲ လုပ်ပေးကြမှာပါ။

Alexas_Fotos/pixabay
(၃)။ သင့်ကိုနားလည်ပေးနိုင်တယ်

သင့်ဘ၀မှာ ကြုံတွေ့လာရမယ့် ကိစ္စတွေကို သူတို့က နားလည်ပေးနိုင်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်လည်း ဒီအခြေအနေတွေကို ဖြတ်သန်းခဲ့ပြီးပြီလေ။ ဒီတော့ သင့်မှာ ပြဿနာတစ်ခုခုရှိနေရင် သူတို့နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရမှာဖြစ်ပြီး သူတို့ဆီက အကြံဥာဏ်ကောင်းတွေကိုလည်း ရမှာပါ။ အထူးသဖြင့် ရွယ်တူတွေထက် သင့်ကိုပိုပြီး နားလည်နိုင်ပါလိမ့်မယ်။

READ
Crush ရှေ့မှာ အထာကျကျနေတတ်ချင်ရင် ဒါလေးဖတ်ကြည့်ပါ။
(၄)။ အလိုလိုက်မယ်

သင့်ဘ၀မှာ ဘယ်သူကမှ အလိုလိုက်တာမျိုး မခံရဖူးဘူးဆိုရင် ကိုယ့်ထက် အသက်ကြီးတဲ့သူတစ်ယောက်ကိုသာ ချစ်သူအဖြစ် ရွေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က သင့်ကို အလိုလိုက်ဖို့ ရာခိုင်နှုန်းအများကြီး ရှိလို့ပါပဲ။ သူတို့က သင့်အတွက် အများကြီးတွေးပေးကြမယ့်အပြင် သင်လိုချင်တာတွေ၊ လုပ်ချင်တာတွေအတွက်လည်း အဆင်သင့်ဖြစ်နေကြပါလိမ့်မယ်။

scronfinixio/pixabay
(၅)။ စောင့်ရှောက်ပေးနိုင်တယ်

သင့်အနေနဲ့ သူတို့ကို ချစ်သူတစ်ယောက်အဖြစ်သာ မကပဲ အစ်ကိုလို ဒါမှမဟုတ် ဆွေမျိုးသားချင်းတစ်ယောက်လိုမျိုး ခံစားမှုလည်း ရနိုင်မှာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့က သင့်ကို စောင့်ရှောက်ပေးမယ့်သူတွေမို့ပါပဲ။ သူတို့ စိတ်ထဲမှာကိုက ကိုယ့်ထက်ငယ်တဲ့သူကို ချစ်သူအဖြစ် ရွေးထားတယ်ဆိုရင် စောင့်ရှောက်ပေးရမယ်၊ နားလည်ပေးရမယ်လို့ သတ်မှတ်ထားပြီးသား ဖြစ်ကြပြီး သူတို့ဆီက နွေးထွေးမှုကို သင်ရမှာပါ။

Linn

SHARE