ကိုယ့်ချစ်သူကကိုယ့်ကိုစိတ်ကောက်ပြီဆိုရင် အရေးပေါ်ပြင်ဆင်ထားရမယ့်အချက်(၃)ချက်

Dean Drobot/Shutterstock

ချစ်သူတွေ ဖြစ်ကာစတုန်းကတော့ စိတ်ကောက်တယ်ဆိုတာ ပျော်စရာတောင် ကောင်းသေးသပေါ့။ ဒါပေမယ့် ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ စိတ်ကောက်တဲ့ အရှိန်အဟုန်တွေဟာ တဖြည်းဖြည်း ပြင်းလာပြီး စိတ်ကောက်ပြီဆိုတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြတာကလား။ သူကိုယ့်ကို စိတ်ကောက်နေပြီလို့ သိလိုက်ရတဲ့အချိန် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဟိုပြေးရမလို၊ ဒီပြေးရမလို၊ ဟိုလိုချော့ရမလို၊ ဒီလိုချော့ရမလို တွေ ဖြစ်ကုန်ကြပြီး မပျော်မရွှင်တွေ ဖြစ်ကုန်ကြတော့တာပါပဲ။

ဒီ ဆောင်းပါးလေးမှာတော့ အဲဒီလို စိတ်ကောက်တတ်တဲ့ ချစ်သူလေးတွေကို ပိုင်ဆိုင်ထားသူတွေအတွက် အကြံပြုချက်လေးတွေပါဝင်မှာဖြစ်ပြီး ဒီအချက်တွေကိုသာ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် စိတ်ကောက်တဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာဖြစ်တယ်လို့ သတင်းကောင်းပါးလိုက်ပါရစေနော်။

(၁)။ ကိုယ့်ဆီမှာ ပိုက်ဆံလုံလုံလောက်လောက်ရှိရဲ့လား ပြန်စစ်ပါ

စိတ်ကောက်ခံရတဲ့အချိန်မှာ အရေးကြီးဆုံးက ကိုယ့်ဆီမှာ ပိုက်ဆံရှိဖို့ပါပဲ။ သူအကြိုက်ဆုံးဆိုတဲ့ဟာတွေ ၀ယ်ပေးပြီး ချော့ရတော့မယ်လေ။ ကိုယ့်ရဲ့ပိုက်ဆံအိတ်ကို ပြန်စစ်၊ ကိုယ့်ရဲ့ဘဏ်အကောင့်ထဲကို ပြန်စစ်ပါ။ နောက်ဆုံး ဘယ်မှာမှ မရှိရင် သူငယ်ချင်းတွေဆီက ချေးပြီး လိုလိုမယ်မယ်သာ ဆောင်ထားပါ။ သူက စိတ်ကောက်တဲ့အချိန် ကိုယ့်မှာ ပိုက်ဆံမရှိတာနဲ့ ကြုံလို့ကတော့ …အမလေး… တစ်ခါတည်း အမှုတွေကြီးသွားမယ်ဆိုတာ သေချာပါတယ်နော်…။

READ
ကိုယ့်အပေါ်မကောင်းတဲ့သူကို ခံစားရအသက်သာဆုံးနည်းနဲ့ လမ်းခွဲနိုင်မယ့် အဆင့်(၅)ဆင့်
fongbeerredhot/Shutterstock

(၂)။ သူ့သူငယ်ချင်းတွေ၊မိသားစုဝင်တွေကို အသိပေးပါ

သူ ကိုယ့်ကို စိတ်ကောက်နေပြီဆိုရင် အကောင်းဆုံးက သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို စိတ်ကောက်နေပြီဆိုတဲ့အကြောင်း အသိပေးတာပါပဲ။ ဒီလို အသိပေးတဲ့နေရာမှာလည်း သင်ကသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း၊ သူစိတ်ကောက်နေလို့ ဘယ်လောက်တောင် မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်း ပိုပိုသာသာလေးတွေ ထည့်ပြောပေးပါ။ ဘာကြောင့် အဲဒီလို လုပ်ဖို့ လိုတာလဲဆိုတော့ သူက သူ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို သင်နဲ့စိတ်ကောက်နေတဲ့အကြောင်း ပြောကိုပြောမှာပဲမို့လေ။ ဥပမာ – သူက သူ့သူငယ်ချင်းတစ်ယောက်ကို သင်နဲ့စိတ်ကောက်နေတဲ့အကြောင်း ပြောလိုက်ပါပြီတဲ့။ အဲဒီအချိန်မှာ သူ့သူငယ်ချင်းက သင်လာပြီးရင်ဖွင့်ထားတဲ့အကြောင်း၊ သူ့ကိုဘယ်လောက်ချစ်တယ်လို့ပြောပြသွားတဲ့အကြောင်း ပြန်ပြောမှာအသေအချာပါပဲ။ ဒါဆိုရင် သူ ကျေနပ်သွားပြီလေ။ သင်က သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာကို ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ပြီးအသိပေးထားတာပဲမို့လား။

oneinchpunch/Shutterstock

(၃)။ အနည်းဆုံး (၅)နာရီလောက်ကြာအောင် စောင့်ပြီးမှ ချော့ပါ

READ
လွတ်လပ်စွာနေထိုင်တတ်တဲ့ မိန်းကလေးကို ချစ်သူတော်သင့်သည့်အကြောင်းရင်းများ

ဒီအချက်က အရေးကြီးဆုံးပါပဲ။ ကိုယ့်ချစ်သူက ကိုယ့်ကိုစိတ်ကောက်ပြီဆိုရင် ချက်ချင်းမချော့ပါနဲ့။ စိတ်ကောက်ပြီဆိုတာနဲ့ ကိုယ့်အပေါ်မကျေနပ်တာတွေ၊ ဒေါသထွက်နေတာတွေက ငယ်ထိပ်ရောက်နေမှာဖြစ်ပြီး အဲဒီအချိန်မှာ ချော့ဖို့ကြိုးစားရင် စိတ်မပြေတဲ့အပြင် ပိုပြီးတော့တောင် အပြောအဆို ခံရနိုင်ပါသေးတယ်။ ဒီတော့ စိတ်ကောက်နေတဲ့ချစ်သူကို ချော့မယ်လို့ စဉ်းစားရင် အနည်းဆုံး (၅) နာရီလောက်တော့ စောင့်ပါဦး။ အဲဒီအချိန်ကျရင် သူလည်း ဒေါသတွေနည်းနည်းလျော့ကျသွားမှာဖြစ်ပြီး သင့်အနေနဲ့ သေသေချာချာလေး ရှင်းပြလိုက်ရင် ပြန်ပြီး ပြေလည်နိုင်တဲ့အခြေအနေတွေ ရောက်သွားနိုင်ပါတယ်နော်။

GaudiLab/Shutterstock

Linn

SHARE