သင့်ရဲ့ရည်းစားဟောင်းကို ဘယ်တော့မှမမေးသင့်တဲ့ မေးခွန်း(၄)ခု

STUDIO GRAND WEB/Shutterstock

သင့်ဆီမှာ ရည်းစားဟောင်းတွေ ဘယ်လောက်များများရှိမလဲမသိပေမယ့် တစ်ကြိမ်တစ်ခါလောက်တော့ လမ်းသွားရင်း၊ ကော်ဖီဆိုင်ထိုင်ရင်း၊ ဈေးဝယ်ထွက်ရင်း ရည်းစားဟောင်းနဲ့ အမှတ်မထင် ပြန်ဆုံနိုင်ပါသေးတယ်။ အဲဒီလို အခြေအနေတွေဆိုရင် သင် ပြောမှာက ဘာလဲ။

သင့်အနေနဲ့ နေကောင်းလား? အဆင်ပြေရဲ့လား? စတာတွေကို မေးနိုင်ပေမယ့် ရည်းစားဟောင်းနဲ့တွေ့ချိန်မှာ မမေးသင့်တဲ့မေးခွန်းတွေလည်းရှိပါသေးတယ်။

ဘယ်တော့မှ မမေးသင့်တဲ့မေးခွန်း(၄)ခုပေါ့။

(၁)။ ရည်းစားသစ်ရနေပြီလား

ဒီမေးခွန်းက သင့်အနေနဲ့ သူ့ကိုမျှော်လင့်နေဆဲ ဖြစ်တယ်လို့ အဓိပ္ပာယ်ပေါက်သွားစေပါတယ်။ ရည်းစားသစ် မရသေးဘူးဆိုရင် ငါနဲ့ပြန်တွဲရအောင်လို့ မပြောရုံတမယ်ပါပဲ။ သင်နဲ့သူက မဆိုင်တော့ဘူးလေ။ အဲဒီတော့ ရည်းစားအသစ်ရပြီဆိုရင်လည်း သူ့ဘာသာသူနေပါစေ။

Antonio Guillem/Shutterstock
(၂)။ ပို ၀ လာတာလား? ပို ပိန်သွားတာလား?

သူ့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဒီလိုမေးခွန်းမျိုးကို မမေးသင့်ပါဘူး။ မသိရင်ပဲ သူက သင်နဲ့လမ်းခွဲလိုက်လို့ ပို ၀ လာသလိုလို ၊ ပို ပိန်သွားသလိုလို ဘာလိုလိုနဲ့လေ။ ဒီမေးခွန်းကြောင့် သူလည်း မခံချင်ဖြစ်သွားနိုင်ပြီး သင့်ကို (၂)ဆပိုတိုးလို့ အမြင်ကတ်သွားပါလိမ့်မယ်။

READ
သ၀န်တိုတဲ့အခါ ကောင်မလေးတွေ လုပ်တတ်တဲ့အရာများ
(၃)။ ငါ့ကိုချစ်သေးလား

ဘယ်လိုမေးခွန်းကြီးပါလိမ့်။ ဒဲ့ကြီးနော်။ ကိုယ်တွေကိုသာ ရည်းစားဟောင်းက အဲဒီလို မေးလာရင်တော့ “သေလိုက်” လို့ပဲ ပြန်ပြောလိုက်မှာ။ ဘယ့်နှယ် မတွဲချင်လို့ လမ်းခွဲပြီးပါပြီဆိုမှ ချစ်သေးလား ဘာညာ လာလုပ်နေသေးတယ်။ ဒါပေမယ့် ချစ်လျက်နဲ့ကွဲခဲ့တာ ဘာညာတွေဆိုရင်တော့ “ချစ်သေးတယ်” လို့ ၀န်ခံလိုက်ရုံနဲ့တင် ပြန်အဆင်ပြေသွားနိုင်တဲ့ မေးခွန်းလည်းဖြစ်ပါတယ်။

eldar nurkovic/Shutterstock
(၄)။ ငါ့အကြွေးတွေဘယ်တော့ပြန်ပေးမှာလဲ

တကယ့်ကို ကြေကွဲစရာမေးခွန်းကြီးပါ။ ရည်းစားဟောင်းနဲ့ ပြန်တွေ့လိုက်ရတဲ့အချိန် အမေးခံလိုက်ရတာက ငါ့အကြွေးတွေ ဘယ်တော့ပြန်ပေးမှာလဲ တဲ့။ ဒီလိုမေးခွန်းမျိုးက အရမ်းရိုင်းပါတယ်နော်။ ကိုယ်က သူ့ကိုချေးထားတယ်ဆိုရင်လည်း ရည်းစားဘ၀ ပြီးသွားတဲ့နောက် ပြန်မတောင်းသင့်တော့ပါဘူး။ သူ့ဆီက ကိုယ်ယူထားတယ်ဆိုရင်လည်း ပြန်မပေးသင့်တော့ပါဘူး။ မမေးသင့်ဆုံးမေးခွန်းကြီးပါ။

Antonio Guillem/Shutterstock

Linn

SHARE