သင့်ချစ်သူက Gym ကစားရတာဝါသနာပါသူဆိုရင် ဒီအချက်တွေကိုသင်ခံစားရလိမ့်မယ်

UfaBizPhoto/Shutterstock

သင့်ချစ်သူအကြောင်းကို ပြောပြပါဦး။

သူက Gym ဆော့တာ ၀ါသနာပါတဲ့သူတစ်ယောက်လား။ မနက်ရုံးမတက်ခင်အချိန်လေး Gym သွား၊ ဒါမှမဟုတ် ညနေ ရုံးပြန်တဲ့အချိန်ဆို Gym ကို ၀င် ။ အဲဒီလို လုပ်တတ်သူလား။

တကယ်လို့သာ သင့်ရဲ့ ချစ်သူက ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေကို လုပ်ရတာ ၀ါသနာပါတဲ့သူဖြစ်ပြီး သင်က Gym ဆိုရင် အနားတောင်မကပ်ချင်တဲ့သူ ဆိုရင်တော့ အဲဒီမှာ စ တွေ့ပါပြီနော်။

သင်က Gym ဆော့တာ ၀ါသနာမပါဘူး။ သက်သက်သာသာနေချင်တဲ့သူ။ သင့်ချစ်သူကတော့ လုံးဝ Gym မှ Gym ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အချက်တွေကို သင် ခံစားရမှာအသေအချာပါ။

(၁)။ သင့်ရဲ့လက်ရှိခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မကြာခဏဝေဖန်ခံရမယ်

သင်က ပိန်လိုက်တာ၊ ဒါမှမဟုတ် ၀လိုက်တာ ၊ သင့်ဗိုက်ခေါက်က တော်တော်ထူနေပြီ ၊ သင့်ကြွက်သားတွေကလည်း ပျော့ဖတ်နေတာပဲ စတဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို သင်မကြာခဏ ရနေပါလိမ့်မယ်။ သူက သူမြင်ခဲ့ရတဲ့ Gym က လူတွေရဲ့ခန္ဓာကိုယ်အနေအထားအတိုင်း သင့်ကို လိုက် နှိုင်းယှဉ်နေမှာဖြစ်ပြီး သင့်အနေနဲ့ အဲဒါကို မသိကျိုးကျွံ ပြုနိုင်ဖို့တော့ လိုလိမ့်မယ်။

READ
ရှောင်သင့်တဲ့ ယောက်ျားအမျိုးအစား(၇)မျိုး
aslysun/Shutterstock
(၂)။ အစားအသောက်နဲ့ပတ်သက်ပြီး ကန့်ကွက်တာတွေလာမယ်

သင်စားနေတဲ့ အစားအစာတွေက ကယ်လိုရီတွေ ဘယ်လောက်တောင် ပါနေပြီလဲဆိုတာ သင် တွက်တော့မယ်။ အသီးအရွက်တွေများများစားဖို့ တိုက်တွန်းတော့မယ် ။ သင်က ဂရုမစိုက်ဘူးဆိုရင်တောင် အဲဒီလိုပြောနေတဲ့သူတစ်ယောက်ရှိတာ တကယ်ပဲ စိတ်ညစ်စရာပဲလေ။

aslysun/Shutterstock
(၃)။ သူ့ရဲ့တိုးတက်လာတဲ့ခန္ဓာကိုယ်အလှကို သင်တင်မဟုတ်ပဲ အားလုံးမြင်အောင်ပြမယ်

Gym ဆော့တဲ့သူက သင့်ကောင်လေးဆိုရင် သူ့ရဲ့ ကြွက်သားတွေ လူမြင်အောင် အင်္ကျီအကျပ်တွေဝတ်ပြပါတော့မယ်။ အရင်တုန်းက အင်္ကျီဆို ပွပွမှ ၀တ်တဲ့သူက အကျီင်္ီအကျပ်တွေ ၀တ်ချင်ဝတ် ၊ မ၀တ်ချင်ရင် စွပ်ကျယ်လို အင်္ကျီမျိုးတွေပဲ တစ်ချိန်လုံးဝတ်နေတာ သင်မြင်ရလိမ့်မယ်။ သင် မကြည့်ချင်ဘူးဆိုရင်တောင်ပေါ့။

Gym ဆော့တဲ့သူက သင့်ကောင်မလေးဆိုရင်တော့ သူမရဲ့ ခန္ဓာကိုယ်အလှလေးကို ပေါ်လွင်စေမယ့် ၀တ်စုံလေးတွေ ရွေးလိမ့်မယ်။ သူက ဒီလိုဖြစ်ချင်လို့ Gym ဆော့ထားတာကိုး။ ဒါပေမယ့် တစ်ဖက်မှာတော့ သင်တစ်ယောက်တည်းတင်မဟုတ်ပဲ အမျိုးသားထုကြီးတစ်ရပ်လုံးက ၀ိုင်းကြည့်မှာဖြစ်လို့ သင်ဘယ်လောက် အူတိုနေရမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။

READ
ဝေးဝေးရှောင်ရမယ့် လက်မတွဲသင့်ဆုံး ယောက်ျားတွေရဲ့လက္ခဏာ(၅)ရပ်
Moustache Girl/Shutterstock
(၄)။ သင့်ရဲ့အိပ်ချိန်တွေကို ချုပ်ကိုင်လိမ့်မယ်

Gym တကယ်ဆော့တဲ့သူတွေက အိပ်ချိန်မှန်၊ စားချိန်မှန်ကြသူတွေပါ။ ဒီလိုဆိုတော့ သင့်ချစ်သူက Gym တကယ်ဆော့တဲ့သူဆိုရင် သင့်ကိုလည်း အိပ်ချိန်နောက်မကျဖို့ တိုက်တွန်းမှာ အသေအချာပါပဲ။ သင်က မအိပ်ချင်သေးလို့ တစ်ခုခုလုပ်နေချင်တယ်ဆိုရင်တောင် သူကတော့ သင့်ရဲ့အိပ်ချိန်ရောက်နေပြီဖြစ်ကြောင်းနဲ့ အိပ်သင့်နေပြီဖြစ်ကြောင်း အသိပေးပြီး အိပ်ဖို့ တွန်းအားပေးမှာပါ။

(၅)။ ဖျားပြီဆိုရင် နားငြီးမယ်

သင် ဖျားကြည့်လေ။ ဖျားမှာတော့ အားကစားလေးဘာလေး၊ လေ့ကျင့်ခန်းလေးဘာလေးမှ မလုပ်တာဆိုပြီး အရင်ဆုံးကြားရပါလိမ့်မယ်။ နည်းနည်းပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတော့ လုပ်ဦးလေ ဆိုတာလည်း ပါလာမှာပါ။ သူတို့တွေးထားတာကတော့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ထားရင် လွယ်လွယ်နဲ့မဖျားနိုင်ဘူး ဆိုတာပါပဲ။ ဒီလိုဆိုတော့ ဖျားပြီဆိုတာနဲ့ နားငြီးဖို့သာ ပြင်ထားပေတော့…။

Linn

SHARE