မကြာခဏရန်ဖြစ်တတ်တဲ့ ချစ်သူတွေရဲ့ ကောင်းကျိုး(၅)ချက်

G-Stock Studio/Shutterstock

မကြာခဏ ရန်ဖြစ်တတ်ပါတယ်ဆိုမှတော့ ကောင်းကျိုးဆိုတာ ရှိသေးရဲ့လားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဒါပေမယ့် ရန်ဖြစ်တတ်တဲ့ချစ်သူ စုံတွဲတွေမှာလည်း သူတို့ရဲ့ သက်ဆိုင်ရာကောင်းကျိုးတွေကတော့ ရှိနေတာပါပဲ။

သင်က သင့်ရဲ့ချစ်သူနဲ့ တစ်ခါမှ ရန်မဖြစ်ဖူးတဲ့သူဆိုရင်တော့ ဒီခံစားချက်တွေကို နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် မကြာခဏ ရန်ဖြစ်တတ်တဲ့သူမျိုးဆိုရင်တော့ ဒီအချက်တွေက တကယ့်ကိုမှန်ပါလားဆိုပြီး ထောက်ခံမိမှာ အမှန်ပါ။

(၁)။ စိတ်ဆိုးပြေသွားတဲ့အချိန်တိုင်း စိတ်ကြည်နူးမှုကိုခံစားရတယ်

ရန်ဖြစ်တဲ့အချိန်မှာသာ နှစ်ယောက်သား စကားတွေများ၊ ဒေါတွေပွ ဖြစ်နေကြရတာပါ။ ဒါပေမယ့် ပြန်ပြီး ပြေလည်သွားတဲ့အချိန်လေးတွေမှာတော့ ကြည်နူးမှုလေးတွေ ခံစားရတယ်မို့လား။ ဘယ်သူက ပိုချစ်တာလဲ သိပြီမို့လားတို့…။ ရန်ဖြစ်ပြီး ပြန်ချစ်ကြတယ်တို့..။ ပလီပလာလေးတွေ ပြောကြတာပေါ့လေ…။

TeodorLazarev/Shutterstock
(၂)။ ပိုက်ဆံကုန်သက်သာတယ်

ရန်ဖြစ်ပြီဆိုတာနဲ့ မခေါ်မပြောတွေ ဖြစ်ကုန်ကြပြီလေ။ အနည်းဆုံးတော့ တစ်ရက်၊နှစ်ရက်လောက်က မခေါ်မပြော ဖြစ်ကြတော့မှာ။ ဒီလိုဆိုရင် ရုပ်ရှင်ကြည့်တာတို့ ၊ မုန့်စားတာတို့အတွက် ပိုက်ဆံကုန်တာက သက်သာသွားပြီ။ ရန်ဖြစ်ရခြင်းရဲ့ကောင်းကျိုးတစ်ခုပေါ့။

READ
ချစ်သူကောင်လေးကို မပြောသင့်တဲ့စကား(၅)ခွန်း
Rawpixel.com/Shutterstock
(၃)။ ဖုန်းဘေလ်ကုန်တာသက်သာတယ်

ရန်ဖြစ်နေတဲ့အချိန်မှာတော့ ဖုန်းဘေလ်က တစ်သိန်းဖိုးလောက် ကုန်ချင်ကုန်လိမ့်မယ်။ ဒါပေမယ့် ရန်ဖြစ်ပြီးလို့ စိတ်ကောက်သွားကြပြီဆိုတာနဲ့ ဖုန်းဘေလ်ဖိုးတွေ သက်သာသွားပါပြီ။ ကိုယ်လည်းသူ့ကို စကားပြောချင်စိတ် ရှိဦးမှာမဟုတ်သလို သူကလည်း ကိုယ့်ကို စိတ်ဆိုးပြီး ဖုန်းဆက်ဦးမှာမဟုတ်ဘူး။ ခဏခဏရန်ဖြစ်လေ ဖုန်းဘေလ်တွေ ခဏခဏဖြည့်ရတဲ့ဘေးကနေ ကင်းဝေးလေပေါ့။

(၄)။ ကိုယ်စားချင်တာ စားလို့ရတယ်

ချစ်နေကြတုန်းကတော့ ကိုယ်မကြိုက်ပေမယ့် သူ့ကိုချစ်လွန်းလို့ သူစားချင်တာတွေ လိုက်စားရ။ ဒါပေမယ့် ရန်လည်းဖြစ်ရော ကိုယ်စားချင်တာတွေချည်း ခွ စားတော့တာပဲ။ အနည်းဆုံး တစ်ပတ်လောက်ကတော့ သူစားချင်တာတွေ လိုက်စားပေးဖို့မလိုပဲ ကိုယ်စားချင်တာတွေချည်း စားလို့ရပြီဆိုတာ သေချာသွားပြီပေါ့။

Nejron Photo/Shutterstock
(၅)။ တခြားအလန်းလေးတွေကို ငမ်းဖို့အချိန်ရတယ်

ဒါက မကြာခဏ ရန်ဖြစ်တတ်တဲ့ စုံတွဲတွေအတွက် အထူးအခွင့်အရေးပါ။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲ စိတ်ကောက်နေကြတဲ့အချိန်မှာ ကိုယ့်ရဲ့ညှိုးငယ်နေတဲ့စိတ်လေး ပျော်ရွှင်ဖို့အတွက် ပတ်ဝန်းကျင်က အလန်းလေးတွေကို ငမ်းကို ငမ်းရပါမယ်။ သူမှ ကိုယ့်အနားမရှိတာလေ။ ပြီးတော့ သူက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ထားတာကိုး။ ဒီလိုဆိုတော့ ကိုယ်လည်း ငမ်းမိတာပေါ့။ အပြစ်မရှိပါဘူးနော်။

READ
အိမ်ထောင်ရေးမပြိုကွဲဖို့ သိထားသင့်တဲ့အချက်များ

Linn

SHARE