ချစ်သူကို စိတ်ဆိုးနေချိန်မှာ ဖုန်းမကိုင်သင့်တဲ့အကြောင်းရင်း(၃)ခု

Farknot Architect/Shutterstock

ကိုယ့်ချစ်သူက ကိုယ့်ကိုစိတ်ဆိုးနေချိန်မှာ မနေတတ်မထိုင်တတ်တွေဖြစ်ပြီး ဖုန်းတွေ တဂွမ်ဂွမ်ဆက်မိနေတာမျိုး ဖြစ်ဖူးလား။ ဟိုကလည်း စိတ်ကောက်ပြီး မကိုင်၊ ကိုယ်ကလည်း မကိုင်မချင်းခေါ်နေ ဒီလိုနဲ့ ဖုန်းခေါ်နေရင်း ဒေါသတွေချည်း ထွက်မိနေတော့တာ။

ဒါပေမယ့် ကိုယ့်ချစ်သူကို ကိုယ်စိတ်ဆိုးနေတာပဲဖြစ်ဖြစ်၊ စိတ်ကောက်နေတာပဲဖြစ်ဖြစ် အဲဒီလို အချိန်မျိုးတွေမှာ ဖုန်းမကိုင်တာက အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့…….။

Stokkete/Shutterstock
(၁)။ စကားကြမ်းကြမ်းတွေပြောမိမယ်

စိတ်ဆိုးနေတဲ့အချိန်မှာ စကားပြောရင် စကားကြမ်းကြမ်းတွေပြောမိဖို့က သေချာသလောက်ပါပဲ။ အနှစ်နှစ်အလလ က သိမ်းထားခဲ့တဲ့ ခံစားချက်တွေ ပေါက်ကွဲကုန်မယ်၊ ပြဿနာသေးသေးလေးကတောင် အကြီးအကျယ်တွေ ဖြစ်လာမယ်။ ကိုယ့်က တမင်ရည်ရွယ်တာမဟုတ်ပေမယ့်လည်း သူ့ကိုနာကျင်အောင် ပြောမိတာမျိုး ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ချစ်သူကို စိတ်ဆိုးနေပြီလို့ ခံစားရရင် ဖုန်းမကိုင်ပါနဲ့။ အနည်းဆုံး (၆)နာရီလောက်တော့ အောင့်အီးပြီးနေလိုက်ပါ။ (၂)ယောက်စလုံး စိတ်အေးလက်အေး ဖြစ်သွားတဲ့အချိန်ကျမှ ကိုယ့်ဖက်က ဖုန်းပြန်ခေါ်ပေါ့။

READ
သာယာပျော်ရွှင်တဲ့ အိမ်ေထာင်ရေးအတွက် အကောင်းဆုံးသောအကြံပေးချက်များ
Antonio Guillem/Shutterstock
(၂)။ သူဘာပြောပြောနားဝင်မှာမဟုတ်ဘူး

စိတ်ဆိုးနေတဲ့အချိန်မှာတော့ သူ့ဖက်က ဘာပြောပြော ကိုယ်က လက်ခံချင်မှာမဟုတ်ဘူး။ သူ့ဖက်က မှန်တာပဲဖြစ်ဖြစ် မှားတာကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲက အပိုတွေပါလို့ ထင်မိမှာ။ အချိန်ကြာလာတာနဲ့အမျှ ရှင်းပြတဲ့သူ ကိုယ်တိုင်လည်း စိတ်မရှည်ပဲ ဖြစ်လာမှာဖြစ်ပြီး ပြဿနာက (၂)ဆ ကြီးသွားမှာပါ။ ဒီတော့ သူ ဘာပြောပြော လက်ခံနိုင်မှာမဟုတ်တဲ့အတူတူ ဖုန်းမကိုင်တာ အကောင်းဆုံးပါ။

(၃)။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေစိတ်မညစ်ရဘူး

အနည်းဆုံးတော့ စိတ်ဆိုးနေတဲ့အချိန် ချစ်သူနဲ့ဖုန်းပြောရင် အော်မယ်၊ ငိုမယ်၊ မပြီးနိုင်မစီးနိုင်တွေဖြစ်မယ်။ ဒီလိုသာဆိုရင် ကိုယ့်အနားမှာရှိနေတဲ့သူတွေလည်း ဘယ် စိတ်ချမ်းသာပါ့မလဲ။ ကိုယ့်မိသားစုဝင်တွေပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေပဲဖြစ်ဖြစ် ကိုယ် ဒီလိုဖြစ်နေတာ မြင်ပြီဆိုရင် တစ်ဖက်က ကိုယ်နဲ့ဖုန်းပြောနေတဲ့သူကို အလိုလို မုန်းမိသွားကြမှာပါပဲ။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ စိတ်မညစ်စေဖို့နဲ့ ကိုယ့်ချစ်သူအပေါ် အထင်မသေးစေဖို့ စိတ်ဆိုးနေတဲ့အချိန်တွေမှာ ဖုန်းမပြောတာ အသင့်တော်ဆုံးပါ။

READ
အသည်းကွဲဖူးတဲ့ မိန်းမကောင်းလေးတွေဟာ ချစ်သူကို ဒီလိုလေး ချစ်တတ်ကြတယ်…
pathdoc/Shutterstock

Linn

SHARE