အရမ်းချစ်တတ်တဲ့ မိန်းကလေးတွေနဲ့ ချစ်သူဖြစ်ရခြင်းရဲ့ ဆိုးကျိုး (၅)ခု

အရမ်းချစ်တတ်တဲ့ မိန်းကလေးတွေနဲ့ ချစ်သူဖြစ်ဖူးလား။ ဒါမှမဟုတ် သူတို့ကိုယ်သူတို့ အရမ်းချစ်တတ်တယ်လို့ ထင်နေတဲ့ မိန်းကလေးမျိုးနဲ့ရော… ချစ်သူဖြစ်ဖူးလား။ ဖြစ်ဖူးတယ်ဆိုရင်တော့ သင်ဟာ ချစ်သူဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရဖို့ အခွင့်အလမ်းနည်းနေပါတယ်။ တကယ်တော့ ကောင်းမွန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးမျိုးဆိုတာ အရမ်းချစ်တတ်ဖို့မလိုဘဲ နည်းလည်မှု ရှိကြဖို့သာ လိုတာပါ။ အရမ်းချစ်တတ်သူတွေကျတော့ သူတို့ရဲ့အချစ်ကို ပြချင်တာနဲ့ပဲ တစ်ဖက်သားမှာ စိတ်ရှုပ်ရပြီး မွန်းကြပ်လာတတ်တာမို့ အဲဒီလို လူတွေနဲ့ ဆုံရတဲ့အခါ ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

.ibelieveinlove
(၁) သင့်ကို အမြဲစောင့်ကြည့်နေတတ်တယ်

သင့်ရဲ့ အသေးစိတ်ကိစ္စလေးတွေကအစ သူတို့က သိနေတတ်ပါတယ်။ သင် လက်သည်းတွေ ရှည်နေတာပဲဖြစ်ဖြစ်၊ ရှပ်အဖြူမှာ အစွန်းလေးပေနေတာကအစ သတိထားမိကြပြီး အဲဒီအပေါ် အလေးအနက်တွေ လုပ်ကုန်ကြပါတော့တယ်။ လက်သည်းမညှပ်သေးဘူးလား…အခုညှပ်လေ.. အ၀တ်တွေက ညစ်ပတ်နေတာပဲ…ပြန်လျှော်ပါလား… စသဖြင့် သင့်ကို တိုက်တွန်းနေမှာဖြစ်ပြီး အဲဒါက တကယ့်ကို စိတ်ရှုပ်စရာကောင်းပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင်ဟာ အဲဒီလို ပုံစံမျိုးနဲ့ ချစ်နေတာကို မလိုချင်လောက်အောင် ဖြစ်လာမှာပါ။

sftcdn
(၂) သူတို့ကို အမြဲတမ်းဂရုစိုက်စေချင်တယ်

သင့်အနေနဲ့ သူတို့ကို ဂရုမစိုက်ဘူးလို့ ထင်သွားတာနဲ့ သင်ဟာ ပြဿနာအလုပ်ခံရဖို့ အနီးစပ်ဆုံးအခြေအနေတွေ ဖြစ်လာတော့တာပါပဲ။ သင့်အနေနဲ့ အရှေ့က ဘယ်လောက်ပဲ ဂရုစိုက်ခဲ့ ဂရုစိုက်ခဲ့၊ အလုပ်ရှုပ်လွန်းလို့ ဖုန်းဆက်ဖို့၊ ဒါမှမဟုတ် မက်ဆေ့ခ်ျပို့ဖို့ မေ့နေခဲ့ရင် သူတို့ကို ဂရုမစိုက်ဘူးဆိုပြီး ပြဿနာရှာတော့တာပါ။ သူတို့ရဲ့ စိတ်ထဲမှာ သူတို့ကလည်း သင့်ကို အရမ်းချစ်တယ်၊ သင်ကလည်း သူတို့နဲ့ ပုံစံတူ ပြန်ချစ်ရမယ်လို့ တွေးထားတာဖြစ်ပြီး အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သင် စိတ်ညစ်ရပြီသာ မှတ်ပါတော့..။

READ
လမ်းခွဲခြင်းက ခန္ဓ္ဓာကိုယ်ကို ဆိုးရွားတဲ့ သက်ရောက်မှု ဝေဒနာတွေဖြစ်စေနိုင်
rd.com
(၃) စကားအမှားမခံဘူး

သင်ပြောလိုက်တဲ့ စကားတစ်ခွန်းက သူတို့ကို နာကျင်သွားစေတယ်လို့ ခံစားရပြီဆိုတာနဲ့ သူတို့က သင့်ကို ပြဿနာရှာဖို့ အသင့်ဖြစ်နေကြပါပြီ။ သင့်ရဲ့ ရည်းစားဟောင်းအကြောင်း၊ ဒါမှမဟုတ် သူတို့ကို အရှက်ခွဲတယ်လို့ ထင်တဲ့ ကိစ္စတစ်ခုခုအကြောင်း သင်လွှတ်ခနဲ ပြောလိုက်မိတာနဲ့ သူတို့က သင့်ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။ အဲဒီတော့ သင့်အနေနဲ့ သူတို့နဲ့တွေ့တိုင်း စကားပြောဆင်ခြင်ဖို့ ကြိုးစားရတော့မှာဖြစ်ပြီး အချိန်ကြာလာတာနဲ့မျှ အဲဒီလို နေရတာကို သင် စိတ်ညစ်လာမှာ အသေအချာပါပဲ။

freetarotcardreadingsonline
(၄) သူတို့ပြောတဲ့အတိုင်းလုပ်စေချင်တယ်

သူတို့ရဲ့စိတ်ထဲမှာ သင့်ကို အရမ်းချစ်တာမို့ သူတို့လုပ်သမျှက သင်ကောင်းဖို့အတွက်ချည်းပဲလို့ ထင်နေကြပါတယ်။ အဲဒီတော့ သင်ကြိုက်တာ၊ မကြိုက်တာတွေကို သိပ်ဂရုမစိုက်တော့ဘဲ သင့်အတွက် ကောင်းမယ်ထင်လို့ လုပ်ပေးတာ လက်ခံရမယ်ဆိုတဲ့ ပုံစံတွေ ဖြစ်လာပါတော့တယ်။ သင်က ညစာကို စပ်စပ်လေး စားချင်နေပေမယ့် သူတို့ကတော့ သင်ဗိုက်နာနေမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြားညစာ တစ်ခုခုစားဖို့ တိုက်တွန်းမှာဖြစ်ပြီး သူတို့ပြောတာကို နားမထောင်ဘူးဆိုရင် ပြဿနာ တက်ပါပြီ။ အဲဒီလို ပုံစံတူ ကိစ္စတွေက အမြဲတမ်းနီးပါး ဖြစ်နေမှာဖြစ်ပြီး သူတို့က သင့်ရဲ့ စိတ်ခံစားချက်ထက် သူတို့ပြောတဲ့အတိုင်း လုပ်တာကိုပဲ သဘောကျတတ်ကြပါတယ်။

READ
သင့်အပေါ်သစ္စာမရှိဘဲ ခြေရှုပ်တတ်တဲ့ယောကျာ်းတွေရဲ့ အပြုအမူများ
gottman.com
(၅) နေ့စွဲမှန်သမျှကို မှတ်မိစေချင်ကြတယ်

သင်တို့ချစ်သူစဖြစ်တဲ့နေ့ကစလို့ ဖြတ်သန်းခဲ့သမျှ နေ့စွဲမှန်သမျှကို သူတို့က သင့်ကို မှတ်မိနေစေချင်ပါလိမ့်မယ်။ သင်တို့အတူ ပထမဆုံးပန်းခြံသွားတဲ့နေ့၊ ပထမဆုံး လက်ကိုင်တဲ့နေ့၊ ပထမဆုံး ရုပ်ရှင်အတူကြည့်တဲ့နေ့… စတဲ့ အလားတူနေ့တွေကို အခွင့်အရေးရတိုင်း သင့်ကို မေးနေမှာဖြစ်ပြီး မမှတ်မိဘူးဆိုရင်တော့ နာပါပြီ။ ဒီတော့ သင့်ရဲ့ အလုပ်တစ်ခုက သင်တို့ကြားထဲမှာ ရှိတဲ့ ထူးထူးခြားခြားနေ့စွဲတွေကို စာကျက်သလို ကျက်နေရမှာဖြစ်ပြီး ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သင်ဟာ သူတို့ရဲ့ ဆူဆူပူပူလုပ်ခြင်းကို ခံရတော့မှာပါ။

Linn

SHARE