သင့်ကို ထောင်ထဲထိရောက်အောင် ပို့ပေးနိုင်တဲ့ ကမ္ဘာအရပ်ရပ်က ဥပဒေများ

တစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာ ယဉ်ကျေးမှု အယူအဆတွေ မတူပါဘူး။ ဥပမာပြောရရင် ကိုယ့်နိုင်ငံထဲမှာ ကိုယ်သုံးနေတဲ့ ပစ္စည်း၊ ကိုယ်လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်တွေဟာ သူများနိုင်ငံမှာတော့ ထောင်ဒဏ်အထိ ပြစ်ဒဏ်ပေးခံရနိုင်တဲ့ တရားမ၀င်ပြစ်မှုတွေ ဖြစ်သွားတတ်ပါတယ်။ အောက်မှာတော့ နိုင်ငံအချို့မှာ တွေ့ရတဲ့ တားမြစ်ထားတဲ့ ဥပဒေတွေဖြစ်ပြီး ဒီနိုင်ငံတွေကို သွားမယ်ဆိုရင်တော့ ကြိုတင်ရှောင်ရှားတတ်ဖို့ ဖြစ်ပါတယ်။

အဖော်အချွတ်ကလပ်တွေကို တားမြစ်ထားတဲ့ အိုက်စ်လန်

William Launsbury

အိုက်စ်လန်မှာ အဖော်အချွတ်ကလပ်တွေ တစ်ခုမှ မရှိပါဘူး။ (၂၀၁၀) ခုနှစ်ကစပြီး အိုက်စ်လန်ဟာ ညစ်ညမ်းကလပ်တွေနဲ့ ၀န်ထမ်းတွေကို အ၀တ်မဲ့နဲ့ ငွေရှာခိုင်းနေတဲ့ ကုမ္ပဏီတွေအားလုံးကို ပိတ်သိမ်းခဲ့ပါတယ်။

ဗယ်လင်တိုင်းနေ့ဆိုတာ မရှိတဲ့ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျ

AFP

ပါကစ္စတန်နဲ့ ဆော်ဒီမှာ ဗယ်လင်တိုင်းနေ့ဆိုတာ လက်မခံပါဘူး။ ဗယ်လင်တိုင်းနေ့မှာ တကယ်လို့များ အဲဒီနိုင်ငံတွေဆီ ရောက်နေတယ်။ ချစ်သူကိုလည်း နှင်းဆီပန်း၊ ချောကလက် စတာတွေ ပေးချင်တယ်ဆိုရင်တော့ သေချာပြန်စဉ်းစားဖို့သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြစ်ဒဏ်ကြီးကြီးမားမား ကျခံရမှာ မို့လို့ပါ။ (၂၀၁၄) ခုနှစ်မှာ ဆော်ဒီ(၅) ယောက်ကို ထောင်ဒဏ်(၃၉) နှစ် ချမှတ်ခဲ့တဲ့အပြင် ကြိမ်ဒဏ်ပါ ပေးခဲ့ပါတယ်။ ဖမ်းရတဲ့ အကြောင်းရင်းက သူတို့ဟာ ဗယ်လင်တိုင်းနေ့မှာ ကိုယ်နဲ့ သွေးမတော်သားစပ်တဲ့ အမျိုးသမီးတွေနဲ့ ကနေလို့ပါတဲ့။

READ
ချမ်းသာတဲ့သူနဲ့အိမ်ခြေရာမဲ့သူကို လူတွေဘယ်လိုခွဲခြားဆက်ဆံလဲဆိုတာစမ်းသပ်မှု

ပိုက်ဆံကို အထွတ်အမြတ်ထားတဲ့ ထိုင်းနိုင်ငံ

Global Exchange

ထိုင်းတော်ဝင်မိသားစုကို စော်ကားမော်ကားပြုတဲ့ အပြုအမူမျိုးကို ထိုင်းနိုင်ငံသားတွေက လုံးဝလက်မခံပါဘူး။ ထိုင်းနိုင်ငံရဲ့ ငွေကြေးဖြစ်တဲ့ ဘတ်မှာ ဘုရင့်ပုံ ရိုက်နှိပ်ထားတာကြောင့် ပိုက်ဆံကို ခြေနဲ့နင်းတာဟာ ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်တာလို့ ထိုင်းလူမျိုးတွေက ယူဆကြပါတယ်။

ကလေးလမ်းလျှောက်လှည်းတွေ လုံးဝမသုံးတဲ့ ကနေဒါ

Young Parents

ကလေးလမ်းလျှောက်လှည်းတွေဟာ အန္တရာယ်ရှိတယ်ဆိုပြီး ကနေဒါမှာ တားမြစ်ထားပါတယ်။ တကယ်လို့ ဒီလှည်းကို ရောင်းတာပဲဖြစ်ဖြစ်၊ ၀ယ်တာပဲ ဖြစ်ဖြစ် မိခဲ့ရင် ကနေဒါဒေါ်လာ (၁) သိန်း ဒဏ်ကြေးဆောင်ရမှာ ဖြစ်ပါတယ်။

ရေကူးဝတ်စုံတွေကို ကမ်းခြေမှာသာ ၀တ်ခွင့်ပြုတဲ့ ဘာစီလိုနာ

YouTube

(၂၀၁၁) ခုနှစ်ကတည်းကစပြီး ကမ်းခြေကလွဲရင် တခြားနေရာတွေမှာ ရေကူးဝတ်စုံဝတ်လို့မရဘူးလို့ ဘာစီလိုနာက တားမြစ်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံခြားသားတွေဟာ မပေါ့်တပေါ် အ၀တ်အစားတွေကို ၀တ်ဆင်ပြီး မြို့ထဲမှာ လျှောက်သွားနေတာကြောင့် ဒေသခံတွေက တိုင်ကြားတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

READ
ဘဝအတွက် အရမ်းအသုံးဝင်မယ့် သင်မသိသေးတဲ့ နည်းလမ်း(၁၀)ခု

Ref: mirror

SHARE