စာမေးပွဲတွင်း စိတ်ဖိစီးမှူကိုဖြေလျော့ဖို့  ပျော်ရွှင်စွာ လွန်ဆွဲခဲ့ကြတဲ့ ကျောင်းသားများ

twitter/_amrlhakim

လူတော်တော်များများက ပညာသင်နေတဲ့အချိန်မှာ အမြန်ဆုံးကျောင်းပြီးလိုကြပါတယ်။ ဒါမှ လူကြီးဖြစ်မယ်၊လက်တွေ့လုပ်ငန်းခွင်ထဲ ၀င်နိုင်မယ်၊ အလုပ်တွေလုပ်နိုင်မယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် လူတွေသတိမထားမိကြတာက ကျွန်တော်တို့ရဲ့ ဘ၀မှာ အကောင်းဆုံး၊ အပျော်ရွှင်ရဆုံးအချိန်ဟာ တက္ကသိုလ်၊ ကောလိပ်တက်တဲ့အချိန်ဖြစ်တယ်ဆိုတာပါ။ အသက်ကြီးလာတဲ့အခါကျတော့ သူငယ်ချင်းတွေနဲ့ ပျော်ရတယ်ဆိုတာ ဘယ်လိုအရာမျိုးလဲဆိုတာတောင် မေ့တဲ့အထိ ဖြစ်လာကြပါတယ်။

မကြာသေးခင်က တွစ်တာပေါ်မှာ အမ်မရီဟာကင်မ်ဆိုသူ အမျိုးသားတစ်ဦးဟာ သူကျောင်းတက်တုန်းက တက္ကသိုလ်ကျောင်းသားဘ၀ဟာ ဘယ်လိုမျိုး ရှိခဲ့တယ်ဆိုတာ ဖော်ပြပေးခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ Universiti Teknologi Petronas (UTP) က ကျောင်းသားတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ အားလုံးစုရုံးပြီး ကျောင်းဝင်းစင်္ကြန်နေရာမှာ လွန်ဆွဲတဲ့ပွဲကို ကျင်းပနေခဲ့တာပါ။ လွန်ဆွဲပွဲဟာ ကျောင်းသားဆောင်ရဲ့ဘယ်ခြမ်းနဲ့ ညာခြမ်းကိုခွဲကာ ပြုလုပ်တဲ့ပွဲဖြစ်ပြီး နောက်ဆုံးမှာတော့ အဆောင် ဘယ်ခြမ်းက ကျောင်းသားတွေက အနိုင်ရရှိသွားခဲ့ပါတယ်။

twitter/_amrlhakim

ကျောင်းသားအားလုံးဟာ ဖိနပ်မပါတဲ့အပြင် တစ်ချို့ဆိုရင်တော့ အင်္ကျီတောင်မပါပဲ လွန်ဆွဲနေခဲ့ကြတာ ဖြစ်ပါတယ်။ ကြိုးကို အပြိုင်ဆွဲရလွန်းလို့ မောနေတာတောင်မှ ကျောင်းသားတွေရဲ့ ရယ်သံဟာ တသောသော ညံနေပါတော့တယ်။ ဒီဗီဒီယိုလေးကို ကြည့်ရင်တော့ စာမေးပွဲကြောင့်ရလာတဲ့ စိတ်ဖိစီးမှူကို ပျော်ရွှင်စွာကိုင်တွယ်ဖို့ ကြိုးစားခဲ့တဲ့ ချစ်စဖွယ်ကျောင်းသားဘ၀ရဲ့ ပုံရိပ်တွေကို worldofbuzz ကနေ အခုလိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE