ဓာတ်ပုံတစ်ပုံရဲ့ မလိုချင်တဲ့ background ကို လွယ်ကူစွာ ဖယ်ရှားပေးမယ့် tool အကြောင်း

ဓာတ်ပုံတစ်ပုံက နောက်ခံကို ဖျောက်ပစ်ဖို့ လုပ်မယ်ဆိုရင် Photoshop ဆော့ဖ်ဝဲနဲ့ပဲဖြစ်ဖြစ် နည်းနည်းတော့ အချိန်ယူရမှာပါ။ ဒီလိုအချိန်ကုန်မှုကို သက်သာစေဖို့ အွန်လိုင်းဝက်ဘ်ဆိုဒ်တစ်ခုက AI က အလွယ်တကူပဲ သင့်ကို ဝန်ဆောင်မှု ပေးမှာပါ။

theverge

နောက်ခံအကုန်လုံးကို ဖျောက်ပေးပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံထဲက အရှေ့မြင်ကွင်းကိုသာ ချန်ပေးခဲ့မှာပါ။ ပြီးရင်တော့ နောက်ခံဖျက်ပြီးသား ပုံကို PNG ဖိုင်နဲ့ ဒေါင်းလုတ်ဆွဲ ရယူနိုင်ပါတယ်။ ဒါဟာ AI နည်းပညာတွေက သုံးစွဲသူတွေဘက်ကိုပါ ဦးစားပေးလာပြီဆိုတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ဝက်ဘ်ဆိုဒ်နာမည်ကတော့ Remove.bg ဖြစ်ပါတယ်။

theverge

ဓာတ်ပုံနောက်ခံကို ဖျက်ပေးတဲ့ tool ဆိုရင် အရင်ကတည်းက အခမဲ့ယူသုံးလို့ရတဲ့ open-source အယ်လ်ဂိုရစ်သမ်တွေ ရှိပြီးသားပါ။ ဒါကို Remove.bg က လူတွေအကုန် အသုံးပြုလို့ရအောင် အွန်လိုင်း tool အနေနဲ့ ဖြန့်လိုက်တာပါ။ အခြားဆင်တူတဲ့ tool တွေကတော့ Deepart.io နဲ့ LetsEnhance.io တို့ဖြစ်ပါတယ်။ သူတို့လည်း ဓာတ်ပုံတွေကို ပြင်ပေးဖို့ AI ကို အသုံးပြုထားတာပါပဲ။

READ
သင်မသိလောက်သေးတဲ့ Google ရဲ့ လုပ်ဆောင်ချက်(၁၀)ချက်
theverge

Remove.bg လည်း အားလုံးပြည့်စုံတဲ့ ဆော့ဖ်ဝဲတော့ မဟုတ်ပါဘူး။ နောက်ခံကို ဖျက်ရင်း အရှေ့မြင်ကွင်းက ပုံကို ပျက်သွားစေတာမျိုးပါ ရှိပါတယ်။ ဥပမာ – မျက်လုံးအစွန်းပျက်သွားတာမျိုးပါ။ ဝက်ဘ်ဆိုဒ်ကလည်း အရှေ့မြင်ကွင်းက လူပုံပါတဲ့ ဓာတ်ပုံတွေကိုသာ နောက်ခံဖျက်ပေးနိုင်တယ်လို့ ပြောထားပေမယ့် အရာဝတ္ထုဖြစ်နေခဲ့ရင်လည်း အရှေ့မြင်ကွင်းက ကြည်နေရင် နောက်ခံကို ဖျက်ပေးနိုင်ပါတယ်။

theverge

ဘယ်လိုပဲဆိုဆို သူ့နည်းသူ့ဟန်နဲ့ အသုံးဝင်တာပဲမို့ ဝက်ဘ်ဆိုဒ်နာမည်လေးကို မှတ်ထားလိုက်နော်။ Remove.bg ဖြစ်ပါတယ်လို့။

theverge

Ref: The Verge

SHARE