နာမည်ကြီးပြိုင်ကားမောင်းသမားဘဝကနေ အပြာလောကထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ အမျိုးသမီး

[email protected]_gracie

လူ့စိတ်ဆိုတာ အမြဲပြောင်းလဲနေသလို ဒီလိုပြောင်းလဲဖို့လည်း ကိုယ့်ဆီရောက်လာတဲ့ ကံကြမ္မာကပဲ ဆုံးဖြတ်ပေးတာပါပဲ။ ဒါ့ကြောင့် လောကကြီးမှာ ဘယ်အရာကိုမှ ပုံသေတွက်ထားလို့ မရပါဘူး။ အခုလည်း V8 ပြိုင်ကားမောင်လောကရဲ့ နာမည်အကြီးဆုံး အမျိုးသမီးတစ်ယောက်ဟာ ရုတ်တရက် ပြိုင်ကားလောကကနေ  ထွက်ပြီး အပြာကားလောကထဲ ဝင်ရောက်ခဲ့ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B75mVhsJSJ7/

အဆိုပါအမျိုးသမီးရဲ့ နာမည်ကတော့ Renee Gracie ပဲ ဖြစ်ပါတယ်။ Renee ဟာ V8 ပြိုင်ကားလောကထဲမှာတော့ မသိတဲ့လူခပ်ရှားရှားပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကားပြိုင်ပွဲလောကမှာ အများဆုံးကတော့ ယောက်ျားသားတွေပါပဲ။ ဒီလို ပြိုင်ကားမောင်းတဲ့ အမျိုးသမီးဆိုတာ ခပ်ရှားရှားရယ်ပါ။ ဒါ့အပြင် Renee ဟာ V8 ပြိုင်ကားမောင်းလောကရဲ့ သမိုင်းတစ်လျှောက်မှာ ဆုဖလားရတာ အများဆုံး ပြိုင်ကားမောင်း အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။

READ
ဇနီးသည် တခြားလူနောက်လိုက်သွားလို့ လက်ထပ်လက်စွပ်ကို ပြန်ရောင်းနေတဲ့အမျိုးသား

https://www.instagram.com/p/BKxQViIB7KH/

ဒီလိုချန်ပီယံတစ်ယောက်ဟာ နေ့ချင်းညချင်း အပြာလောကထဲကို ဝင်သွားတဲ့ကိစ္စကိုတော့ လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ အပြာလောကထဲမှာတော့ Renee ရဲ့ နာမည်ကတော့ Devil Princess ပဲဖြစ်ပါတယ်။ Renee ဟာ သူမရဲ့ ဝတ်စလစ်ပုံတွေ၊ လူကြီးဇာတ်ကားတွေကို အကောင့်တစ်ခုမှ ရောင်းနေပြီး သူမရဲ့ ပုံတွေ၊ ဇာတ်ကားတွေအတွက် လစဉ်ကြေးကတော့ ၁၂.၉၅ ဒေါ်လာသာ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဒီငွေပမာဏဟာ နည်းတယ်လို့ ထင်ရပေမယ့် သူမဒီလောကထဲစဝင်ဝင်ချင်း ပထမဦးဆုံးတစ်ပတ်မှာတင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀၀(မြန်မာငွေ ၄၅ သိန်းကျော်) ရရှိခဲ့တာ ဖြစ်ပါတယ်။

https://www.instagram.com/p/BWt9usohMXG/

“ပြိုင်ကားမောင်းရတဲ့ အလုပ်ကို ကျွန်မကြိုက်ပါတယ်။ ကျွန်မလူမှန်းသိတတ်စအရွယ်ကစပြီး ဒီနေ့ဒီအချိန်အထိ ပြိုင်ကားတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရတာပါ။ ဒါပေမယ့် ဝင်ငွေ အဲဒီလောက်မကောင်းပါဘူး။ ဒါ့ကြောင့် စဉ်းစားကြည့်တော့ ကျွန်မအလုပ်ပြောင်းဖို့ စဉ်းစားဖြစ်တယ်။ ဒီလိုနဲ့ပဲ အပြာလောကထဲကို ဝင်ဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။ အခုအချိန်မှာ ကျွန်မပြောချင်တာကတော့ အခုလက်ရှိကျွန်မလုပ်နေတဲ့ အလုပ်ဟာ ဘဝတစ်လျှောက်လုံးမှာ အကောင်းဆုံး အလုပ်ဖြစ်သလို ဘယ်တော့မှ နောင်တရမယ့် အလုပ်မျိုးမဟုတ်ပါဘူး” လို့ Renee က ပြောကြားခဲ့ပါတယ်။

READ
တကယ့် Plus Size မော်ဒယ်နဲ့ ပထမဆုံးအကြိမ်လက်တွဲလိုက်ပြီဖြစ်တဲ့ Victoria's Secret

https://www.instagram.com/p/Blke8cLhdRK/

Pyi Hein Kyaw

SHARE