လတ်တလော လူငယ်တွေကြား ရေပန်းစားနေတဲ့ ရုရှား Social Media Platform ဖြစ်တဲ့ “VK”

Inside Manila

Facebook ဟာ VERA Files နဲ့ Rappler တို့နဲ့ ဖိလစ်ပိုင်မှာ third party ကို စစ်ဆေးဖို့အတွက် ပူးပေါင်းလိုက်အပြီးမှာတော့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကို ထောက်ခံသူတွေက Facebook အစား ရုရှား social media တစ်ခုဖြစ်တဲ့ VK ကိုပဲသုံးဖို့ အွန်လိုင်းမှ ခြိမ်းခြောက်သတိပေးတာတွေ ပြုလုပ်ခဲ့ပါလို့ သိရှိရပါတယ်။

ဖိလစ်ပိုင် စစ်မှုထမ်းဟောင်း၊ ဆုရသတင်းသမားတစ်ယောက်ရဲ့ ရေးသားဖော်ပြချက်အရတော့ VERA Files နဲ့ Rappler နှစ်ခုဟာ အရင်ကတည်းကိုက သမ္မတထောက်ခံသူတွေဖြစ်တဲ့ Diehard Duterte Supporters (DDS) နဲ့ သိပ်အဆင်မပြေနေခဲ့ပါဘူး။ အခုလို Facebook နဲ့ ဖိလစ်ပိုင် မီဒီယာနှစ်ခုဖြစ်တဲ့ VERA Files နဲ့ Rappler တို့က Facebook မှာ သတင်းအမှားတွေ အတုတွေမပြန့်ပွားအောင် တားဆီးဖို့အတွက် အချင်းအချင်းပူးပေါင်းလိုက်တဲ့အခါ ပိုဆိုးသွားတယ်လို့ ဖော်ပြထားပါတယ်။

Third party အရှုပ်အရှင်းတွေ သိပ်မရှိတဲ့ ရုရှား social media VK ကို Facebook အစား ပြောင်းသုံးဖို့ Duterte ထောက်ခံသူတွေ သာမက အခြားသော နိုင်ငံရေးလှုပ်ရှားသူတွေကပါ အရမ်းကို မျက်စိကျနေကြပါတယ်။

Dribble

VK ဆိုတာဘာလဲ။

VK ဟာ ပြောခဲ့သလိုပဲ ရုရှားရဲ့ social media တစ်ခုပဲဖြစ်ပါတယ်။ နာမည်အရှည်ကတော့ VKontakte ပဲဖြစ်ပါတယ်။ နည်းပညာပိုင်းအရတင် ကောင်းမွန်တာမဟုတ်ဘဲ သူ့မှာလည်း သူ့နောက်ကြောင်းရာဇဝန်နဲ့သူရှိပါတယ်။

VK တည်ထောင်ဖြစ်ခဲ့တဲ့ ရာဇဝင်က Facebook နဲ့တောင် ခပ်ဆင်ဆင်ပါ။ Pavel Durov ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ ကျောင်းသားကျောင်းသူအချင်းချင်း ကျောင်းတွင်းဆက်သွယ်ဖို့အတွက် တီထွင်ခဲ့တဲ့ social media platform  ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တည်ထောင်သူရဲ့ သမိုင်းက Facebook တည်ထောင်သူထက် ပိုရှုပ်ထွေးပါတယ်။

VK တည်ထောင်သူဟာ VK အပြင် အစိုးရနဲ့ သမ္မတပူတင်ကို ဆန့်ကျင်နေတဲ့ တခြား website  တစ်ခုလည်း ပိုင်ထားပါတယ်။ အဲဒါကြောင့်ပဲ ၂၀၁၁ ခုနှစ်တုန်းက SWAT team နဲ့ ဝိုင်းထားပြီး သူပိုင်ဆိုင်တဲ့ website တွေအကုန်လုံးကို အစိုးရကို ရောင်းခိုင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

READ
ကမ္ဘာ့ပထမဆုံး ကွေးလို့ရတဲ့ စမတ်ဖုန်းအမျိုးအစား တရုတ်မှာ ထွက်ရှိ
Lindey Stirling

VK ဟာ Europe မှာ နည်မည်ရလာတယ်။

၂၀၁၈ မတ်လ ရဲ့စစ်တန်းကောင်းချက်အရ VK မှာ အသုံးပြုသူ account ပေါင်း (၄၇၇) ခုတောင် ရှိနေပါပြီ။ Alexa’s Global Top 500 Sites ထဲမှာ ကမ္ဘာ့အကောင်းဆုံး social media နံပါတ် (၁၇) အဖြစ်ရှိနေပြီး Smilar Web ရဲ့ စစ်တမ်းအရတော့ နံပါတ် (၁၁) မှာရှိနေပါတယ်။ ရုရှားမှာတော့ နိုင်ငံတွင်းအကောင်းဆုံး social media ပဲဖြစ်ပါတယ်။ ရုရှားအပြင် Berlarus, Ukraine နဲ့ Kazakhstan တို့မှာလည်း အသုံးပြုသူ များပြားနေပါတယ်။

VK မှာ ကိုယ်ရဲ့ data တွေကို လဲလှယ်နိုင်တဲ့အပြင် မီဒီယာဖိုင်တွေပါ Share လို့ရပါတယ်။

ကမ္ဘာတစ်လွှားမှာ နည်မည်ကြီးပြီးသားဖြစ်တဲ့ Facebook နဲ့ Spotify တို့လို social media တွေလိုပါပဲ။ ကိုယ်ရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအပြင် third party အနေနဲ့ဖြစ်နေတဲ့ သီချင်းတွေနဲ့ ဗီဒီယိုတွေကိုပါ တင်လို့ရပါတယ်။ ပုံမှန်ဆိုရင်တော့ မူပိုင်ရှိတဲ့ဖိုင်တွေကို free sharing လုပ်တာဟာ တရားမဝင်ပေမယ့် VK ရဲ့ function အရတော့ ထွေထွေထူးထူးတားမြစ်ထားတာ မတွေ့ရပါဘူး။

VK မှာ message ပို့တဲ့အခါ public အနေနဲ့ရော သီးသန့်အနေနဲ့ပါ ပို့နိုင်ပြီး group ဖွဲ့တာတွေ၊ public pages နဲ့ event တွေ၊ share လုပ်တာနဲ့ image မှာ တခြားလူကို tag လုပ်တာတွေနဲ့ browser ကို အခြေခံထားတဲ့ game တွေကိုပါ ဆော့နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

READ
3D Printer အသုံးပြုပြီး မကြာခင်မှာ ထုတ်လုပ်တော့မယ့် လျှပ်စစ်မော်တော်ဆိုင်ကယ်

VK ဟာ သူ့ရဲ့ Web Design ကို ပြောင်းလဲခြင်းမရှိပါဘူး။

ရုရှား Facebook လို့ လူပြောများနေတဲ့ VKontakte ရဲ့ web design ဟာ Facebook ရဲ့ဟိုးအရင်ပုံစံနဲ့တောင် ခပ်ဆင်ဆင်တူတယ်လို့ အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။ Facebook ကတော့ တခြား social media တွေနဲ့ ပူးပေါင်းနိုင်သလောက်ပူးပေါင်းလျက်ရှိပါတယ်။ ဥပမာ Snapchat လိုပေါ့။ ဒါပေမဲ့ VK ကတော့ လူတွေနဲ့ရင်းနှီးပြီးရင်း ရင်းနှီးအောင် သူ့ရဲ့ design တွေကို ပြုလုပ်နေပါတယ်။ VK ရဲ့ designer က ကျွန်တော်တို့က website design ကို တတ်နိုင်သမျှအရိုးရှင်းဆုံးဖြစ်အောင်လုပ်ပါတယ်။ ပြုပြင်ပြောင်းလဲမြှင့်တင်တဲ့နေရာမှာလည်း စထွက်ကတည်းကပုံစံတိုင်း အနီးစပ်ဆုံးဖြစ်နိုင်အောင် ပဲလုပ်လေ့ရှိတယ်။ ဒါမှ အမြင်မစိမ်ဘဲ အသုံးပြုသူတွေနဲ့ ပိုပြီးရင်းနှီးနေမှာလေလို့ ပြောထားပါတယ်။

vostok.rs

VK ဟာ ကြော်ငြာတွေကို ရှုပ်ထွေးနေအောင် မပေါ်စေဘူး။

Facebook လိုမျိုး ကြော်ငြာတွေဟာ newsfeed မှာသာမက message area မှာပါ ပွထနေအောင် မပေါ်လာပါဘူး။ ရုရှားမဟုတ်ဘဲ တခြားဘာသာစကားနဲ့ သို့မဟုတ် တခြားနိုင်ငံကနေ VK ကို အသုံးပြုခဲ့မယ်ဆိုရင်တော့ ကြော်ငြာစာတွေလုံးဝပေါ်လာမှာမဟုတ်ပါဘူး။ ရုရှားဘာသာစကား ဒါမှမဟုတ် ယူကရိန်းဘာသာစကားနဲ့ အသုံးပြုရင်တောင် တခြား social media platform တွေထက် ကြော်ငြာစာတွေရဲ့ စိတ်ညစ်လောက်အောင် ဝင်ရောက်စွက်ဖက်ခံရတာတွေ နည်းနေတာကိုတွေ့ရမှာပါ။

VK ကို အမေရိကန်ရဲ့ အစွန်းရောက်ဝါဒီသမားတွေပါ သုံးလာကြပါပြီ။

ဖိလစ်ပိုင်ရဲ့ DDS တွေပါသုံးလာတာမဟုတ်ပါဘူး။ အမေရိကန်မှာရှိတဲ့ neo-Nazis နဲ့ alt-right အစွန်းရောက်ဝါဒီအဖွဲ့အစည်းတွေကပါ Facebook ရ့ crackdown နဲ့ ဆင်ဆာအဖြတ်ခံရတာတွေကြောင့် VK ကို ပြောင်းသုံးနေကြပါတယ်လို့ ၂၀၁၆ တုန်းက The Atlantic က ဖော်ပြထားခဲ့ပါတယ်။

 

Source : Inside Manila

Penny

SHARE