မိဘတွေခေါ်တဲ့ဖုန်းကို သားသမီးတွေ လျစ်လျူရှုလို့မရနိုင်မယ့် ReplyASAP App

Credit: ReplyASAP/Google Play Store

ကလေးအဖေပညာရှင်တစ်ဦးဟာ မိဘများကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးမယ့် application တစ်ခုကို တီထွင်ခဲ့ပါတယ်။

လန်ဒန် အရှေ့တောင်ပိုင်း West Wickham မှာ နေထိုင်တဲ့ Nick Herbert ဟာ အပြင်သွားတတ်တဲ့ကလေးတွေ၊ မိဘဆက်သွယ်တာကို ဂရုမစိုက်တဲ့ ကလေးတွေအတွက် သူတို့ရဲ့မိဘတွေ ဖုန်းဆက်တဲ့အခါ သို့မဟုတ် message ပို့တဲ့အခါ ပြန်ပို့ကိုပို့စေမယ့် application ကို တီထွင်ခဲ့တာပါ။

Credit: ReplyASAP/Google Play Store

ReplyASAP လို့ အမည်ပေးထားတဲ့ application ဟာ မိဘတွေက ကလေးတွေဖုန်းကို sms ပို့လိုက်တဲ့အခါ သို့မဟုတ် ဖုန်းခေါ်တဲ့အခါ sms ကို ဖွင့်ဖတ်ပြီး reply မပြန်မချင်း၊ ဖုန်းမကိုင်မချင်း အရမ်းကိုဆူညံတဲ့အသံတွေ ဖုန်းကနေထွက်နေမှာဖြစ်ပါတယ်။ ဖုန်းကို အသံပိတ်ထားလျှင်တောင်မှ ဒီအသံစနစ်ဟာ အလုပ်,လုပ်တယ်လို့ ဆိုပါတယ်။

ဒီလို application မျိုးကို တီထွင်ဖို့အတွက် Nick Herbert ဟာ သူ့ရဲ့ကိုယ်တွေ့ခံစားချက်ကြောင့်ဖြစ်ပါတယ်။ Nick Herbert မှာ သားတစ်ယောက်ရှိပါတယ်။ ကလေးနည်းနည်းလေး ကြီးလာတဲ့အခါမှာတော့ အရေးအကြောင်း တစ်ခုခုဆို အဆက်အသွယ် ပြုလုပ်ဖို့အတွက် စမတ်ဖုန်းတစ်လုံး ဝယ်ပေးလိုက်ပါတယ်။ သို့ပေမယ့် ဆယ်ကျော်သက်ရောက်သွားတဲ့ကလေးတိုင်း မိဘကဖုန်းဆက်တဲ့အခါ ကိုင်တာလပ်ရှားရှားရယ်မို့ သူ့သားအလှည့်ကျရင် ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ အတွေးနဲ့ အခုလိုမျိုး တီထွင်ခဲ့တာလို့ဆိုပါတယ်။

READ
မီးရောင်တလက်လက်နဲ့ ပင်လယ်ထဲမှာ အချိန်အကြာကြီး လွင့်မျောနေတဲ့ Ghost Shipကြီး
Credit: ReplyASAP/Google Play Store

ReplyASAP ဟာ ၂၀၁၇ ခုနှစ်ကထွက်ရှိထားတာဖြစ်ပြီး install လုပ်သူပေါင်း (၇၅၀၀၀) ရှိပါတယ်။ Rating အရတော့ ကြယ် (၅) လုံးမှာ (၃.၁) ရရှိထားပါတယ်။ Android ဖုန်းတွေမှာပဲ အသုံးပြုလို့ရသေးပေမယ့် IOS မှာပါ အသုံးပြုနိုင်အောင်လို့ Nick Herbert တီထွင်နေပါတယ်။

Source: Ladbible

Penny

SHARE