လင်မယားတွေ အများဆုံးကွာရှင်းရတဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်တဲ့ မလေးဝန်ကြီး 

လင်မယားကွာရှင်းခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံက မိသားစုနဲ့ အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဌာနက ၀န်ကြီး ဟန်နာရိုးကတော့ နိုဝင်ဘာလ(၁၃)ရက်နေ့က မလေးရှားနိုင်ငံရဲ့ လင်မယားတွေ၊ အထူးသဖြင့် ညားခါစစုံတွဲတွေကြား ကွာရှင်းရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Stellar Magazine

သူမသုံးသပ်ထားတဲ့ အချက်တွေကတော့ ဟောက်သံကျယ်လွန်းတာ၊ သူငယ်ချင်းတွေနဲ့ မကြာခဏခရီးထွက်လေ့ရှိတာ၊ ညဘက်အ၀တ်လျှော်တာတွေလို့ ဆိုပါတယ်။ ဖော်ပြပါအချက်(၃) ချက်ကြောင့် အိမ်ထောင်သက်(၅) နှစ်အောက်ရှိတဲ့ လင်မယားတွေဟာ ကွာရှင်းကြပါတယ်လို့ ဟန်နာက ပြောပြခဲ့တာပါ။

The Malay Mail

ဒါ့အပြင် သူမက အမျိုးသားတွေဟာ ကားထဲမှာ အစားစားတတ်တဲ့ အကျင့်ရှိသူ ဇနီးသည်တွေကို မနှစ်မြို့တာကြောင့်လည်း ကွာရှင်းတတ်ကြတယ်လို့ ထပ်မံပြောခဲ့ပါသေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မတူညီတဲ့ အတွေးအခေါ်ရှိတာ၊ အမျိုးသားက အမျိုးသမီးထက် ၀င်ငွေနည်းနေတာ၊ အသုံးအဖြုန်းကြမ်းတာ စတာတွေကလည်း လင်မယားကွာရှင်းမှုကို ဦးတည်စေတယ်လို့ ဟန်နာရိုးက ယူဆပါတယ်။

READ
ဥာဏ်ကောင်းသောသူများ၏ ထူးထူးခြားခြားအကျင့်စရိုက်(၅)မျိုး
The Sleep Doctor

ဒါကြောင့် သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးတည်ဆောက်ဖို့အတွက် အိမ်ထောင်မပြုမီနဲ့ ပြုပြီးမှာ လိုက်နာသင့်တဲ့ တာဝန်ဝတ္ထရားတွေကို အိမ်ထောင်ပြုတော့မယ့် လူငယ်လူရွယ်တွေအတွက် အသိပညာပေးသင်တန်းတွေအဖြစ် ဖွင့်လှစ်သင့်တယ်လို့ ဟန်နာရိုးက တိုက်တွန်းထားပါတယ်။ မလေးရှားနိုင်ငံမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဂျိုဟောပြည်နယ်ဟာ ကွာရှင်းမှုအများဆုံး (၂,၈၆၀)ဖြစ်ပြီး သူ့နောက်မှာတော့ မြို့တော်ကွာလာလမ်ပူ (၂,၇၂၁)နဲ့ ဆီလန်ဂေါပြည်နယ်(၁,၈၅၈)တို့ အသီးသီးရှိနေကြောင်း သိရပါတယ်။

Roket Kini

လင်းလင်း (ShweMom)

Ref: worldofbuzz , thestar

SHARE