သတင်းကြေညာနေစဉ် အိုဗာအိုက်တင်တွေဖြစ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ သတင်းတင်ဆက်သူ

Twitter/ROFLGhandi2.0

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ Nisarga လို့ အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပါတယ်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြို့အနှံ့မှာ လေပြင်းတွေ တိုက်ခတ်ခဲ့သလို သစ်ပင်တွေလဲလိုလဲ၊ အိမ်ခေါင်မိုးတွေ လန်လိုလန် ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့်ပဲ နေရာအနှံ့မှာ မိုးအကြီးအကျယ် ရွာသွန်းခဲ့သလို မြို့ရဲ့ အချို့နေရာတွေမှာ ရေပါကြီးခဲ့ရပါတယ်။

[email protected]_

ဘာပဲဖြစ်ဖြစ် ဒီလို Nisarga ဆိုင်ကလုန်းမုန်တိုင်းအကြောင်းကိုလွှင့်တဲ့ ပြည်တွင်းမီဒီယာဌာနများစွာရှိပါတယ်။ အဆိုပါမီဒီယာဌာနတွေထဲရှိ  မီဒီယာဌာနတစ်ခုမှ သတင်းထောက်တစ်ယောက်ကတော့ လက်ရှိအချိန်မှာ အိန္ဒိယပြည်သူတော်တော်များများရဲ့ ဝေဖန်ခြင်းကို ခံနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါသတင်းထောက်ဟာ သတင်းတိုက်ရိုက်တင်ဆက်နေတဲ့အချိန်မှာ သူ့ရဲ့ အပြုအမူတစ်ချို့က တော်တော်ကြီး အိုဗာအိုက်တင်တွေဖြစ်နေတာကို လူတော်တော်များများက သတိထားမိခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရိရပါတယ်။

READ
အချစ်တော် တိရစ္ဆာန်လေးတွေနဲ့ ပျော်ရွှင်နေတဲ့ မင်းသားအာနိုးကြီးရဲ့ ပုံရိပ်များ

 

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း အဆိုပါသတင်းတင်ဆက်သူ အမျိုးသားဟာ Nisarga ဆိုင်ကလုန်းမုန်တိုင်းအကြောင်း တင်ဆက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းရဲ့တစ်နေရာအရောက်မှာတော့ လေတိက်တာ အရမ်းပြင်းလွန်းတဲ့အတွက် လေထဲမှာပဲ သူ့ခန္ဓာကိုယ်ကြီး လွင့်သွားတော့မလိုပုံစံနဲ့ ယိမ်းထိုးနေပြီး လေတိုက်တာ တော်တော်ပြင်းလွန်းတဲ့အတွက်ကြောင့် သူတောင် မနည်းဟန်ချက် ထိန်းနေရကြောင်း သတင်းတင်ဆက်နေစဉ်အတွင်း ပြောခဲ့ပါသေးတယ်။

READ
TikTok မှာ ခေတ်စားနေတဲ့ ပါပါရာဇီဆန်ဆန်ဗီဒီယိုတွေကို လှောင်ပြောင်ခဲ့သူလေးများ
[email protected]_

ဒါပေမယ့် သူ့ရဲ့အနောက်မှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးကတော့ သာမန်အချိန်မှာ လမ်းလျှောက်နေသလိုပဲ လမ်းလျှောက်နေတဲ့အပြင် လမ်းမပေါ်မှာ ရှိနေတဲ့ ရေအိုင်ရှိ ရေတွေတောင်မှ လေတိုက်လို့ လှိုင်းကြက်ခွပ်ပုံစံထတာတောင် မရှိတာကို လူတော်တော်များများ သတိထားမိကြခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါဗီဒီယိုထဲရှိ သတင်းထောက်အမျိုးသားရဲ့ အိုဗာအိုက်တင်တွေကြောင့် ဝေဖန်မှုများစွာရှိခဲ့ပြီး ဗီဒီယိုကတော့ ကြည့်ရှု့သူ 875k နီးပါအထိ ရှိခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE