လျှာရှည်လွန်းတဲ့ သတင်းတင်ဆက်သူရဲ့ ပေါင်ကြားကို လက်နဲ့ ဖြတ်ရိုက်ခဲ့သူ

Esteghal F.C အသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ Bahram Afsharzadeh ကို တိုက်ရိုက်အစီစဉ်တစ်ခုမှာ TV သတင်း
ထောက် တစ်ဦးအပါအ၀င် အားကစားသတင်းထောက်တွေက ၎င်းတို့ သိလိုတဲ့သတင်းတွေကို မေးမြန်းခဲ့ကြပါတယ်။ အီရန် အခြေစိုက် ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ Estenghal အသင်းရဲ့ သတင်းတွေကို မေးမြန်းခဲ့ပုံ ရပါတယ်။

ဒါပေမယ့် ဥက္ကဋ္ဌဖြစ်သူက သူဖြေတဲ့ အဖြေတွေဟာ လုံလောက်ပြီလို့ ယူဆရပါတယ်။ တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်နေတဲ့ အဲဒီအစီအစဉ်မှာ စကားစ ဖြတ်ချင်တာနဲ့ Afsharzadeh က စိတ်ဆက်ဆက်နဲ့ ” ဒါ မင်းအတွက် “ဟု ပြောပြီး ပေါင်ကြားကို လက်နဲ့ ရိုက်ချလိုက်တာကို တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ရယ်စရာလည်း ကောင်းသလို၊ မဖြစ်သင့်မဖြစ်ထိုက်တာတော့ အမှန်ပါ။ တီဗွီသတင်းထောက်ဟာ
ချက်ကောင်းကို ထိမိသွားလို့နဲ့တူပါတယ်။ အတော်နဲ့ စကားမပြောနိုင်ပါဘူး။ ဥက္ကဋ္ဌကတော့ တစ်ချက်လှည့်ကြည့်ပြီး ခပ်
တည်တည် ထွက်သွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Afsharzadeh အပေါ်မှာ သတင်းထောက် ဘယ်လိုတုန့်ုပြန်ခဲ့သလဲဆိုတာ မသိရပါဘူး။

READ
မင်းသား Keanu Reeves ခေတ်အဆက်ဆက်အသက်ရှင်နေခဲ့တယ်ဆိုတဲ့ ထူးဆန်းသီအိုရီများ

လင်းဇော်ကို (Shwemom)

source : dailystar.co.uk

SHARE