Live သတင်းလွှင့်နေတုန်း ဓားပြအတိုက်ခံခဲ့ရတဲ့ CNN သတင်းထောက်

[email protected]

ဓားပြအတိုက်ခံရတယ်ဆိုတာ အများအားဖြင့် ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အချိန်မျိုးတွေ၊ လူသွားလူလာကင်းမဲ့တဲ့ လမ်းမတွေ အပေါ်မှာ ရှိနေတတ်တဲ့အချိန်မျိုးတွေမှာ ဓားပြအတိုက်ခံရတတ်ပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် ဓားပြကတော့ လူသွားလူလာရှိတဲ့အချိန် လူမြင်ကွင်းကြီးမှာ Live လွှင့်နေတဲ့ CNN သတင်းထောက်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

Brazil နိုင်ငံ၊ Sao Paulo မြို့ရှိ Bandeiras တံတားအနီးမှာ CNN သင်းဌာနက Bruna Macedo လို့ အမည်ရတဲ့ သတင်းထောက်အမျိုးသမီးနဲ့ သူမရဲ့ အဖွဲ့ဟာ Live အစီအစဉ်တစ်ခု ထုတ်လွှင့်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဆိုပါ Live အစီအစဉ်ကတော့ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေတက်လာတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မထင်မှတ်ထားတာတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Macedo တို့ Live လွှင့်နေတုန်း ခပ်လှမ်းလှမ်းမှာ အိမ်ခြောရာမဲ့ ပုံစံလို့ ယူဆရတဲ့ အမျိုးသားတစ်ယောက်ဟာ Macedo တို့ကို တောက်လျှောက်ရပ်ကြည့်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အဆိုပါအမျိုးသားဟာ Macedo အနားမှာ ရုတ်တရက်ပေါ်လာပြီး ပိုက်ဆံပေးဖို့ ပြောခဲ့ပါတယ်။ အဲဒီအချိန် Macedo ဟာလည်း သတင်းတိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်တာကြောင့် ပိုက်ဆံမပါလာကြောင်း ရှင်းပြပြောဆိုခဲ့သော်လည်း အဆိုပါအမျိုးသားက နားမထောင်ပဲ ဓားတစ်ချောင်းကို ရုတ်တရက် အင်္ကျီထဲက ထုတ်ခဲ့ပါတယ်။

READ
ပေါင်(၃၀၀)အထိရနိုင်တဲ့ အိုက်ယာလန်ကဘီကီနီဝတ်နပမ်းပွဲ

အဲဒီနောက်မှာတော့ အဆိုပါအမျိုးသားဟာ Macedo ကို ရှိတာထုတ်ပေးဖို့ ပြောခဲ့ပါတယ်။ အဲဒီဓားကို Macedo တစ်ယောက် မြင်လိုက်တဲ့အချိန်မှာတော့ တော်တော်ကြောက်သွားပြီး အင်္ကျီထဲမှာရှိတဲ့ ဖုန်းကို ထုတ်ပေးခဲ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါအမျိုးသားလည်း ဖုန်းကိုယူပြီး တစ်ဟုန်ထိုး ထွက်ပြေးသွားခဲ့ပါတယ်။ ကံကောင်းတာတစ်ခုကတော့ Macedo တစ်ယောက် ဘာမှမဖြစ်ခဲ့တာပါပဲ။ အခုအချိန်မှာတော့ အဆိုပါအမျိုးသားကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

[email protected]

Pyi Hein Kyaw

SHARE