လင်းပိုင်လေးတွေကို လက်ကွင်းဆက်ပြီး ကယ်ဆယ်ခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းများ

youtube/Clearwater Marine Aquarium

အင်္ဂါနေ့တုန်းက Florida Fish and Wildlife Commission and Cleanwater Marine Aquarium ဟာ စိန့်ပီတာစဘာ့ဂ်တူးမြောင်းထဲမှာ ပိတ်မိနေတဲ့ လင်းပိုင်တွေကို လူချင်း လက်ကွင်းဆက်ကာ တန်ပါပင်လယ်အော်ဘက်ဆီသို့ ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း insider သတင်းအရ သိရပါတယ်။

တူးမြောင်းထဲမှာတော့ စုစုပေါင်း လင်းပိုင်(၄) ကောင်လောက်က ပိတ်မိနေခဲ့ပြီး အရွယ်ရောက်ပြီး လင်းပိုင်(၂)ကောင်နဲ့ သားပေါက်လေး(၂) ကောင်ပါဝင်ပါတယ်။ တူးမြောင်းရေထဲမှာက ဆားဓာတ်ပါဝင်နှုန်းများနေတာကြောင့် လင်းပိုင်လေးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ရတာကြောင့် ဖြစ်ပါတယ်။

youtube/Clearwater Marine Aquarium

လင်းပိုင်တွေဟာ တူးမြောင်းထဲကနေ ပင်လယ်အော်ဘက်ဆီပြန်ထွက်ဖို့ အရမ်းကြောက်နေခဲ့ကြတာပါ။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပါဝင်ပူးပေါင်းပြီး သူတို့တွေကို ပင်လယ်အော်ဘက်ဆီ ပြန်လွှတ်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ လုပ်အားပေးတွေကတော့ လင်းပိုင်လေးတွေကို ပင်လယ်အော်ဘက်ဆီ ထွက်သွားစေဖို့ အရံအတားတစ်ခုအနေနဲ့ အချင်းချင်းလက်ဆက်ကာ ကြိုးသဖွယ် ကာဆီးပေးခဲ့ကြပါတယ်။ ဒီလိုနည်းက တကယ်လည်း အလုပ်ဖြစ်ခဲ့ပြီး နောက်ဆုံးတော့ လင်းပိုင်တွေကို ပင်လယ်အော်ထဲ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါတယ်။

READ
ဓနရှင်တွေလက်ထဲက မိုးသစ်တောတွေကို ပြန်လည်လုယူနိုင်ခဲ့ပြီဖြစ်တဲ့ အမေဇုန်မျိုးနွယ်စု

Florida Fish Wildlife Conservation Commission က ဇီဝပညာရှင်တစ်ဦးဖြစ်တဲ့ အန်ဒီဂါးရတ်ကတော့ “လင်းပိုင်တွေက ကျွန်တော်တို့ကို စိတ်ဝင်စားနေကြတယ်။ ကျွန်တော်တို့ဆီ လာပြီး ကျွန်တော်တို့ကို စူးစမ်းချင်ပုံရတယ်…” လို့ဆိုပါတယ်။ လင်းပိုင်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကမှ တူးမြောင်းထဲ ပိတ်မိနေခဲ့တာ ဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေက သူတို့ဘာသာသူတို့ ပြန်ထွက်သွားလေမလား စောင့်ကြည့်ခဲ့ပေမယ့် အခြေအနေမထူးတာကြောင့် အခုလို (၄၅) မိနစ်ကြာ လူအားသုံးပြီး ကယ်ဆယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE