အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဥာဏ်ပိုကောင်းလေ့ရှိကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ

Pixabay-StartupStockPhotos

လောကမှာရှိတာ လူနှစ်မျိုးပဲ ရှိပါတယ်။ အဲဒါကတော့ ယောကျာ်းနဲ့ မိန်းမပါပဲ။ တစ်ချို့ကျတော့ ယောကျာ်းတွေဟာ မိန်းမတွေထက် ဥာဏ်ပိုကောင်းတယ်လို့ ပြောကြသလို တစ်ချို့ကျပြန်တော့လည်း မိန်းမတွေဟာ ယောက်ျားတွေထက် ပိဥာဏ်ကောင်းတယ်လို့ ပြောကြပြန်ပါတယ်။ ဒါကို သုတေသနပညာရှင်တွေနဲ့ သိပ္ပပညာရှင်တွေက စမ်းသပ်မှုတစ်ခုအနေနဲ့ ၄ နှစ်ကျော်လုပ်ခဲ့တဲ့နောက်မှာတော့ အဖြေတစ်ခုထွက်လာခဲ့ပါပြီ။ အဲဒါကတော့ ယောကျာ်းနဲ့ မိန်းမမှာ ယောကျာ်းတွေက မိန်းမတွေထက် ဥာဏ်ပိုကောင်းတယ်လို့ လေ့လာတွေ့ရှိခဲ့ရကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Free-Photos

ဒီသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်ကတည်းက အမေရိကန်နိုင်ငံ၊ New York University ရှိ Psychology Department မှ စာရေးဆရာ Andrei Cimpian ဦးဆောင်တဲ့ သုတေသနပညာရှင်အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ နိုင်ငံ ၇၈ နိုင်ငံက လူပေါင်း ၃,၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

READ
ရေခဲကန်ထဲမှာ ကျပျောက်ခဲ့တာ (၁၈)လလောက်ရှိပေမယ့် အလုပ်လုပ်နေဆဲ iPhone
Pixabay-StartupStockPhotos

အဆိုပါ လူပေါင်း ၃,၀၀၀ ကျော်ထဲမှာမှ အငယ်ဆုံးဆိုရင် အသက် ၉ နှစ်ကနေ ၁၀ နှစ်ကြားကလေးတွေဖြစ်ပြီး အသက်အကြီးဆုံးဆိုရင် အသက် ၇၀ အရွယ်အထိပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုသူတို့ရဲ့ အသက်အရွယ်အလိုက် မတူညီတဲ့စမ်းသပ်မှုတွေ၊ ပြသနာတွေ၊ စာမေးပွဲတွေ ဖြေဆိုခိုင်းရာမှ အဲဒီထဲက ၇၀ ရာခိုင်နှုန်းသော ယောကျာ်းလေးတွေဟာ ကျန်တဲ့လူတွေထက် ဥာဏ်ပိုကောင်းကြောင်း သိခဲ့ရပါတယ်။ ဒီ ၇၀ ရာခိုင်နှုန်းသော လူစုဟာ ယောက်ျားလေးတွေပဲ ဖြစ်ပါတယ်။

Pixabay-StartupStockPhotos

“ယောကျာ်းတွေက မိန်းမတွေထက်စာလို့ရှိရင် စဉ်စားတတ်တယ်။ ခံစားချက်နောက်မလိုက်ကြဘူး။ တစ်ခုခုကိုဆိုရင်လည်း ရေတိုထက် ရေရှည်ကို ပိုကြည့်တတ်ကြတယ်။ ပြီးတော့ မိန်းကလေးတွေလည်း ဥာဏ်မကောင်းဘူး မဟုတ်ပါဘူး။ ဥာဏ်ကောင်းကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက သွေးဆူလွယ်တယ်။ ဒါ့ကြောင့်လည်း မကြာခဏ ဆုံးဖြတ်ချက်အမှားတွေကို လွယ်လွယ်နဲ့ ချတတ်ကြတယ်။ ဒါပေမယ့် ယောကျာ်းတွေကတော့ တစ်ခုခုမလုပ်ခင် အရင်စဉ်းစားလေ့ ရှိပါတယ်” လို့ Cimpian က ပြောကြားခဲ့ပါတယ်။

READ
ခြင်္သေ့မတွေက ခြင်္သေ့ထီးကိုဝိုင်းကိုက်နေသော ပုံမှန်မဟုတ်တဲ့မြင်ကွင်း

Pyi Hein Kyaw

SHARE