ကားအကောင်းစား စီးနိုင်သူတွေဟာ ယာဉ်တိုက်မှု ပိုဖြစ်လေ့ရှိကြောင်း စစ်တမ်းတစ်ခု ဖော်ပြ

Facebook/University of Helsinki

BMW တို့ Audiတိုလို့ ကားအကောင်းစီးနိုင်သူတွေဟာ ယာဉ်မတော်တဆ ပိုဖြစ်လေ့ရှိကြောင်း ဆွီဒီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။

ဆွီဒင်နိုင်ငံသား Social Psychology ပရော်ဖက်ဆာJan-Erik Lönnqvist က ယာဉ်သွားလာမှုတွေနဲ့ပတ်သက်ပြီး လေ့လာမှု လုပ်ခဲ့ရာမှာ  Audi ၊ BMW ၊ Mercedes တို့လို အဆင့်မြင့်ဇိမ်ခံကားကြီးတွေ မောင်းသူတွေဟာ အများအားဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို မလိုက်နာဘဲ မဆင်မခြင် မောင်းနှင်သူတွေလို့ ဆိုထားတာပါ။

ကားမောင်းတဲ့အခါ မီးနီကိုဖြတ်မောင်းတာ၊ လမ်းသွားလမ်းလာတွေကို အလေးမထားတာ နေရာမပေးတာ၊ ကားကို မဆင်မခြင် ဒုန်းဒိုင်းမောင်းနှင်တဲ့ လုပ်ရပ်တွေအပြင် အရှိန်ပြင်းပြင်းနဲ့ ထင်သလိုမောင်းနှင်တတ်ကြသူတွေလို့ University of Helsinki’s Swedish School of Social Science တက္ကသိုလ်မှ ပရော်ဖက်ဆာ Lönnqvistက ပြောပြထားတာပါ။

Instagram/PatrickAubameyang

လူတွေဟာ တစ်ဦးနဲ့တစ်ဦး ခံယူချက်၊ စိတ်နေသဘောထားတွေခြင်းမတူနိုင်ကြပေမယ့် ၊ ဒီဖြစ်စဉ်ရဲ့ အဓိက အချက်ဟာ ချမ်းသာမှုကြောင့်လို့ဆိုရမှာပါ။ ချမ်းသာမှုဟာလည်း လူတွေအပေါ် ဆိုးကျိုးသက်ရောက်မှုရှိစေပါတယ်။ ဥပမာပြောရရင် လူတိုင်းမစီးနိုင်တဲ့ ကားအကောင်းစားကြီးတွေစီးပြီး စိတ်ကြီးဝင်ကာ လူ့ကျင့်ဝတ်နဲ့မညီတဲ့အပြုအမူ အခြေအနေဖြစ်လာတာပါ။

သုတေသီတွေက ဖင်လန်နိုင်ငံမှ လူတွေကို လေ့လာပြီး သူတို့ရဲ့ အဖြေတွေကို လေ့လာသုံးသပ်တဲ့ကြည့်တဲ့အခါ လူတန်းစားငါးခု ထွက်လာပါတယ်။ ဒါကေတာ့ ပွင့်လင်းမှုရှိသူ၊ တာဝန်သိစိတ်ရှိသူ၊ စိတ်မူမမှန်သူ၊ စိတ်ကြီးဝင်သူနဲ့ အငြင်းသန်သူတွေဖြစ်ပါတယ်။

Instagram/PaulPogba

နောက်ပြီး Audi၊ BMW နဲ့Mercedesတို့လို အဆင့်တန်းမြင့်ကားတွေကို ပိုင်ဆိုင်တဲ့သူအများစုဟာ အငြင်းသန်၊ ခေါင်းမာပြီး အကြင်နာမဲ့တဲ့ တကိုယ်ကောင်းသမားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒီိလို ကိုယ်ရည်ကိုယ်သွေးစရိုက်တွေကြောင့်ပဲ သူတို့ဟာ တခြားသူတွေထက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို ချိုးဖောက်တတ်ပြီး၊ ယာဉ်တိုက်မှုပိုဖြစ်တတ်ကြောင်း လေ့လာသိရှိရပါတယ်။

SHARE