ဗီဒီယိုဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို အကျိုးပြုကြောင်း လေ့လာတွေ့ရှိ

Pixabay-superanton

ဗီဒီယိုဂိမ်းဆော့တာကိုတော့ လူကြီးတော်တော်များများက မကြိုက်ကြပါဘူး။ လူငယ်တစ်ယောက် ဂိမ်းဆော့နေရင် အရည်မရ အဖတ်မရ ဒီဂိမ်းတွေကိုပဲ ဆော့နေတာ မကောင်းကြောင်း၊ ကြာလာရင်ဦးနှောက်ပျက်နိုင်ကြောင်း၊ ဦးနှောက်ကောင်းအောင် စာများများဖတ်သင့်ကြောင်း အစရှိသဖြင့် ကိုယ်အပြောမခံရရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ အပြောခံရတာမျိုးတွေ ကြားဖူးကြမှာပါ။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ဗီဒီယိုဂိမ်းကစားတယ်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ရုံသာမက ဦးနှောက်နဲ့ဖြတ်ထိုးဥာဏ်ကိုပါ ကောင်းစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရတယ်လို့ News.sky.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Olichel

အဆိုပါ လေ့လာမှုကိုတော့ Oxford တက္ကသိုလ်ရှိ Oxford Internet Institute အဖွဲ့အစည်းက လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Nitendo က ထုတ်လုပ်တဲ့ Animal Crossingနဲ့ Electronic Arts က ထုတ်လုပ်ခဲ့တဲ့ Plant Vs Zombies: Battle for Neighborville ဂိမ်းကစားတဲ့ လူတွေကို သေသေချာချာ လေ့လာစောင့်ကြည်ကာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆု့းမှာ ထွက်ရှိလာခဲ့တဲ့ အဖြေကတော့ အံ့သြစရာပါပဲ။ ဗီဒီယိုဂိမ်းကစားခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး ဖြတ်ထိုးဥာဏ်ကောင်စေတာကို တွေ့ရှိခဲ့ရပါတယ်။

READ
သတိပြုသင့်သည့် အယောင်ဆောင်လူသားများ၏အကျင့်စရိုက်များ
pixabay-11333328

“ဗီဒီယို ဂိမ်းဆော့တဲ့ လူတွေဟာတစ်ကယ့် လက်တွေ့မှာ ဖြတ်ထိုးဥာဏ်အရမ်းကောင်းပြီး ဖန်တီးနိုင်စွမ်း တော်တော်မြင့်မားကြပါတယ်။ ပြီးတော့ ဗီဒီယိုဂိမ်းဆိုတာ ဘယ်အရာမှ မလွယ်ကူအောင် ဖန်တီးထားတာပါပဲ။ ဒါ့ကြောင့် ရေရှည်မှာတော့ Gamer တွေရဲ့ ဖြတ်ထိုးဥာဏ်ဟာ သာမန်လူတွေထက် အရမ်းကောင်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် အလွန်အကျွံဆော့ရင်တော့ ဦးနှောက်ပျက်ဆီးစေတတ်ပါတယ်။ ဘာကြေင့်လဲဆိုတော့ စဉ်းစားရတာတွေ အရမ်းများသွားလို့ ဦးနှောက်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာပါ”လို့ Oxford Internet Institute အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pixabay-Pexels

Pyi Hein Kyaw

SHARE