ပီကေဝါးခြင်းအလေ့အထဟာ စိတ်ဖိဆီးမှုကိုအနိုင်ယူနိုင်ကြောင်း သုတေသီများ အတည်ပြု

Ekaterina Jurkova/Shutterstock

ကျန်းမာရေးသုတေသီတွေကတော့ နှစ်တိုင်းလိုလို ကျွန်တော်တို့အတွက် အကျိုးရှိစေမယ့် ကျန်းမာရေး tip အသစ်တွေကို အမြဲတမ်းလိုလိုရှာပေးနေခဲ့တာ သိပ်ကိုကျေးဇူးတင်စရာကောင်းလှပါတယ်။ ဒီတစ်ခေါက်မှာလည်း Lad Bible မှ ဖော်ပြချက်အရ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ပီကေနဲ့ ဆက်စပ်ပုံအကြောင်းကို ရှာဖွေပေးခဲ့ပါတယ်။

vfhnb12/Freepik

ကျွန်တော်တို့တွေဟာ လူတိုင်းနီးပါးအနည်းနဲ့အများနဲ့တော့ ဖက်ပေါင်းစုံက စိတ်ဖိဆီးမှုတွေဆိုတာ ရှိတတ်ကြစမြဲပါပဲ။ ပုထုဇဉ်လူသားတွေပဲမလို့ စိတ်ဖိဆီးမှုတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေရှိတာဟာ ပြဿနာတစ်ရပ်တော့မဟုတ်ပါဘူး။ အဓိကက စိတ်ဖိဆီးမှုဖြစ်ပေါ်လာတဲ့အခါ ကျွန်တော်တို့အနေနဲ့ ဘယ်လို လျော့နည်းသက်သာလာအောင်လုပ်မယ်၊ ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးမယ်ဆိုတာပဲ အဓိကဖြစ်ပါတယ်။ ဥပမာ တရားမှတ်တာတို့၊ လေရှူသွင်း၊ ရှူထုတ်ကို ခပ်ပြင်းပြင်းလေး လုပ်လိုက်တာတို့တိုမျိုးပေါ့။

rawpixels/ Freepik

Swinburn တက္ကသိုလ်မှ သုတေသီတွေကတော့ စိတ်ဖိဆီးမှုတွေ လျော့နည်းအောင်၊ စိုးရိမ်ကြောင့်ကျမှုတွေလျော့ကျအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ပီကေဝါးခြင်းပါပဲ။ ဒီအချက်ကို ထုတ်ပြန်ဖို့အတွက် သုတေသီများဟာ လူပေါင်းများစွာကို ပီကေဝါးပြီးချိန်နဲ့ မဝါးရသေးခင်အချိန်တို့မှာ စိတ်အခြေအနေတွေကို မေးမြန်းကာ စစ်တမ်းကောက်ခဲ့ကြပြီး သေချာကာမှ ကျန်းမာရေးဂျာနယ်ထဲမှာ ထုတ်ပြန်ခဲ့တာပါ။

READ
ငါးမိနစ်အတွင်း ခေါင်းကိုက် အမြန်ပျောက်နည်း

ဒါပေမဲ့ ပီကေဆိုတဲ့နေရာမှာလည်း အချိုများပြီးအရသာရှိတဲ့ ပီကေတွေဟာ သကြားမပါဝင်ဘူးဆိုတဲ့ ပီကေတွေထက် စိတ်ဖိဆီးမှုသက်သာစေနှုန်းဟာ ၁၆% လောက် ပိုများနေပြန်ပါသေးတယ်။ ဒီအပြင် ခန္ဓာကိုယ်မှာရှိနေတဲ့ ကိုလက်စရောများကျစေခြင်း၊ ဟော်မုန်းတွေကို ထိန်းညှိုပေးခြင်းတို့ကိုလည်း ဖြစ်စေပါသေးတယ်တဲ့။

Penny

SHARE