ညမအိပ်ခင် အစာစားခြင်းကြောင့် သာမာန်ထက် ပိုပြီး ၀ိတ်မတက်စေနိုင်ကြောင်း သိရ

Pixabay-PublicDomainPictures

“အိပ်ခါနီး အစာတွေ မစားနဲ့။ ဝိတ်ပိုတက်လာလိမ့်မယ်”ဆိုတဲ့ စကားကို အိမ်မှာ လူကြီးသူမတွေ ပြောပြောနေတာ တော်တော်များများ ကြားဖူးကြမှပါ။ ဒါ့ကြောင့် ညဖက် ဗိုက်ဆာရင်တောင် လူတော်တော်တော်များများဟာ အစာကို မစားကြပါဘူး။ လူကြီးတွေ အမြင်မှာတော့ အိပ်ရာဝင်ခါနီးအစာစားပြီး အိပ်လိုက်တာက ခန္ဓာကိုယ်ထဲမှာ ကိုယ်အလေးချိန် ပိုတိုးသွားစေနိုင်မယ်လို့ ထင်နေကြပုံပါပဲ။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ညဖက် အစာစားတာဟာ သာမန်ထက်ပိုပြီး ဝိတ်မတက်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရတယ်လို့ Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-cocoparisienne

အဆိုပါ စမ်းသပ်ချက်ကို အမေရိကန်နိုင်ငံ၊ Maryland ပြည်နယ်ရှိ Baltimore မြို့မှ Johns Hopkins University က သုတေသန ပညာရှင်တစ်ဦးဖြစ်တဲ့ Dr.Nisa Maruthur ကိုယ်တိုင် လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Dr.Nisa ဦးဆောင်တဲ့ သုတေသန ပညာရှင်အဖွဲ့ဟာ အဝလွန်နေတဲ့ အသက် ၂၀ ကျော် လူ ၄၂ ယောက်ကို ၁၂ ပတ်ကြာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ သူတို့ထဲက တစ်ဝက်ကို နေ့လည် ၁ နာရီ မတိုင်ခင် အစားအစာတွေ စားခိုင်းခဲ့ပြီး ကျန်တဲ့ တစ်ဝက်ကိုတော့ ညနေ ၅ နာရီနောက်ပိုင်းမှ အစားအစားတွေ စားခိုင်းခဲ့ပါတယ်။ နှစ်ဖွဲ့လုံးကို တူညီတဲ့ အစားအစာတွေသာ စားခိုင်းခဲ့ပြီး ၁၂ ပတ်ကြာမှာတော့ ထါက်လာတဲ့ အဖြေက အံ့သြသင့်စရာပါပဲ။ အဲဒါကတော့ သူတို့အားလုံးရဲ့ တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ဟာ မတိမ်းမယိမ်း ဖြစ်နေတာပါပဲ။

READ
ထူးခြားတဲ့စိတ်ကူးသစ်တွေနဲ့ သာမန်ပစ္စည်းတွေကိုတီထွင်လိုက်တဲ့ ပစ္စည်းဆန်းများ
Pixabay-PortalJardin

“ အစကတော့ ကျွန်တော်ကိုယ်တိုင် ညဖက်မှ အစာစားတဲ့ လူတွေက ပိုပြီး ဝိတ်တက်မယ်လို့ ထင်ခဲ့တာပါပဲ။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ အဲဒါက ဖြစ်မလာခဲ့ပါဘူး။ လူတစ်ယောက်စားတဲ့ ကယ်လိုရီတွေဟာ ဘယ်အချိန်မှာစားစား လောင်ကျွမ်းနိုင်တဲ့ ပမာဏနဲ့ အစာခြေဖျသ်စနစ်က အတူတူ အလုပ်လုပ်တာပါပဲ။ ပြောချင်တာကတော့ ကိုယ်ဘယ်အချိန်မှာ အစာစားစား ဝိတ်တက်နှုန်းကတော့ ကိုယ်စားတဲ့ ကယ်လိုရီပမာဏပေါ်မှာပဲ မူတည်ပြီး ဝိတ်တက်တာပါပဲ”လို့ Dr.Nasi က ပြောကြားခဲ့ပါတယ်။

Pixabay-OpenClipart-Vectors

Pyi Hein Kyaw

SHARE