ဒုတိယမြောက် သားသမီးတွေဟာ ဆိုးသွမ်းသူတွေဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ အတည်ပြု

Kidspot/Twitter

ပထမဆုံး ကလေးတစ်ဦး မွေးဖွားပြီးနောက်မှာ နောက်တစ်ယောက်ထပ်လိုချင်တာ မိဘတိုင်းရဲ့ ထုံးစံပါပဲ။ ပထမဆုံးမွေးလာတဲ့ ကလေးလေးက ချစ်ဖို့ကောင်းပြီး ပြောစကားနားထောင်ပါတယ်။ သမီးလေး ဒါမှမဟုတ် သားလေးအတွက် မောင်နှမ ရှိဖို့ သင်က နောက်တစ်ယောက်ယူဖို့ မိဘတွေက ဆုံးဖြတ်တတ်ပါတယ်။ ဒါပေမဲ့ နောက်တစ်ယောက် မွေးလာချိန်မှာတော့ ထင်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေတတ်တာ အံ့သြစရာပါ။ 

ဒုတိယမြောက် မွေးလာတဲ့ ကလေးတွေက ဘာကြောင့် ဆိုးသွမ်းတဲ့လူဖြစ်လာနိုင်လဲ အကြောင်းရင်းတွေရှိနေပါတယ်။ 

သင့်ရဲ့ ဒုတိယမြောက်ကလေးကို ကြည့်ပြီး ဘာလို့ ဒီတစ်ယောက်ကျမှ ဒါမျိုးလာဖြစ်နေရလဲလို့ တွေးမိနေပြီလား။ ဒါဆိုရင်တော့ အသက်ပြင်းပြင်းရှူပြီး စိတ်အေးအေးထားလိုက်ပါ။ သင်နဲ့ သင့်ခင်ပွန်း(သို့)ဇနီးမှာပဲ ဒီလိုအရာတွေ ကြုံနေရတာမဟုတ်ပါဘူး။ မိဘတိုင်းလိုလို ကြုံနေရတာပါ။ မက်ဆာချူးဆက်ပြည်နယ် နည်းပညာကျာင်းရဲ့ လေ့လာမှုအရ ဒုတိယမြောက်မွေးလာတဲ့ သားသမီးတွေဟာ သူတို့အကြီးတွေထက် ပိုဆိုးသွမ်းနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ 

HuffPost/Pexels

အဆိုပါလေ့လာမှုမှာ ဖလော်ရီဒါပြည်နယ်နဲ့ ဒိန်းမတ်နိုင်ငံက ကလေးတွေရဲ့ အချက်အလက်တွေနဲ့ ယှဉ်တွဲပြီး လေ့လာခဲ့တာပါ။ 

ဒုတိယမြောက်မွေးလာတဲ့ ကလေးငယ်တွေရဲ့ အပြုအမူတွေဟာ အဆိုးသွမ်းဆုံးဖြစ်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

Babble/Unsplash

အံ့သြဖို့ကောင်းတာက ဒီလိုဖြစ်တာဟာ မိဘတွေကြောင့်ပါတဲ့

READ
မိဘအဖိုးအဖွားများနှင့် အချိန်ပေး အတူနေထိုင်ခြင်းဟာ သူတို့ကို ကျန်းမာအသက်ရှည်စေ

စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ သားလေးနှစ်ယောက်မွေးထားပြီး သမီးအငယ်ဆုံးလေးထပ်မွေးတာကတော့ ဆိုးသွမ်းနိုင်ချေနှုန်း ကျဆင်းသွားပါတယ်တဲ့။ 

ဒုတိယမြောက် ကလေးငယ်တွေ ဆိုးသွမ်းနိုင်တဲ့ အကြောင်းအရင်းကတော့ မိဘတွေရဲ့ ကလေးအပေါ်ပေးထားတဲ့ အာရုံစိုက်မှုနဲ့ အချိန်ကြောင့်ပါ။

Hnet/Unsplash

သားဦးသမီးဦးတွေကတော့ မိဘတွေရဲ့ ဂရုစိုက်မှုအပြည့်အဝရတတ်ပါတယ်

ပထမဆုံးမွေးတဲ့ ကလေးငယ်တွေဟာ မိဘတွေရဲ့ နှလုံးသားမှာ အပြည့်အဝနေရာယူထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီကလေးကြောင့်ပဲ မိခင်ဖခင်စိတ်တွေ ပထမဆုံးရှိခဲ့တာပါ။ ပထမဆုံး မွေးထားတဲ့ သားသမီးနဲ့ မိဘကြား သံယောဇဉ်ကလည်း ပိုခိုင်မာနေတတ်ပါတယ်။

ဒါကြောင့် သားဦးသမီးဦးတွေဟာ မိဘတွေရဲ့ အလေးပေးခြင်းကို ဒုတိယကလေးထက် ပိုရတတ်ပါတယ်။ ဒီလို အလေးပေးမှုကြောင့် ဒုတိယမြောက် မွေးထားတဲ့ သားသမီးတွေဟာ မိဘတွေ အာရုံစိုက်တာ ခံရဖို့ ဆိုးသွမ်းတဲ့ အမူအရာတွေ ပြပါတော့တယ်။ 

ဒုတိယမြောက် ကလေးငယ်တွေဟာ မိခင်မေတ္တာ ရရှိတဲ့နေရာမှာလည်း အကြီးတွေထက် ပိုနည်းပါတယ်တဲ့။ 

ဒီလေ့လာမှုက ဒုတိယမြောက်မွေးတဲ့ ကလေးတိုင်း ဆိုးသွမ်းတယ်လို့ အတိအကျပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ မွေးချင်းတွေရဲ့ အပြုအမူတွေ၊ အမူအရာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အဖြေပေးနေတာပါ။ ဒုတိယမြောက်ကလေးတွေကို  မိဘတွေမေးနေကျ “နင် ဘာလို့ နင့်အကိုကြီး အမကြီးလို မလိမ္မာရတာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ဒီလေ့လာမှုက ပြောပြထားတာပါ။ ဒီတော့ မိဘတွေအနေနဲ့လည်း သားသမီးတွေကို ခွဲခြားပြီး မဆက်ဆံသင့်ပါဘူး။

May Thu

READ
တကယ့်သူငယ်ချင်းကောင်း(BFF)တွေဆိုတာ ဒီလိုနေကြတယ်။

Ref : kidspot.com.au

SHARE