Resident Evil ကို Animated စီးရီးပုံစံနဲ့ ပြန်လည်ရိုက်ကူးတော့မယ့် Netflix

[email protected] residentevil.capcom

Resident Evil ဇာတ်ကားတွေကြည့်တာတို့၊ Resident Evil ဗီဒီယိုဂိမ်းဆော့ခဲ့တဲ့ အချိန်တွေဟာ ကျွန်တော်ကလေးဘဝရဲ့ ရွှေရောင်နေ့ရက်တွေပါပဲ။ အဲဒီအချိန်တွေတုန်းကဆို Resident Evil ဂိမ်းကို တစ်နေကုန် အခန်းဆုံးတဲ့အထိဆော့ရတာ တော်တော်လေးကို ပျော်ဖို့ကောင်းခဲ့ပါတယ်။ အခုလည်း Resident Evil ဟာ မကြာခင်အချိန်အတွင်း Animated စီးရီးပုံစံနဲ့ ထွက်ရှိလာတော့မှာဖြစ်ကြောင်း Polygon သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Resident Evil

အဆိုပါ Animated စီးရီးကတော့ Resident Evil: Infinite Darkness လို့ အမည်ရပြီး လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ Netflix ကနေ ထုတ်လွှင့်ပြသတော့မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စီးရီးထဲမှာတော့ အဓိက ဇာတ်ဆောင်နှစ်ယောက်ကတော့ Leon S. Kennedy နဲ့ Claire Redfield တို့ပဲ ဖြစ်ကြောင်း Capcom ဂိမ်းကုမ္ပဏီနဲ့ Netflix တို့ကနေ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ Animated စီးရီးဟာ Original CG anime စီးရီးပုံစံအမျိုးအစားဖြစ်ပြီး ကြည့်ရှု့သူတွေအနေနဲ့  horror-action ရသမျိုးရအောင် အပြည့်အဝဖန်တီးပေးထားကြောင်း Capcom ဗီဒီယိုဂိမ်းကုမ္ပဏီမှ ပြောခဲ့ပါသေးတယ်။

 

“လက်ရှိပြသထားတဲ့ Trailer ထဲမှာ ဒီစီးရီးရဲ့ အနှစ်သာရတွေ မပါဝင်သေးပါဘူး။ ဒါဟာ အမြည်းသက်သက်ပဲ ရှိပါသေးတယ်။ Resident Evil: Infinite Darkness စီးရီးကိုတော့ Resident Evil ပရိသတ်တွေ တော်တော်ကြိုက်ကြမှာလို့ ကျွန်တော့်အနေနဲ့ အာမခံနိုင်ပါတယ်။

READ
ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင်လေး Thylane အကြောင်း သင်မသိသေးတဲ့ အချက်များ

၂၀၂၁ ခုနှစ်ရောက်တာနဲ့ ဘယ်နေ့မှာ ထွက်ရှိမယ်ဆိုတာ ကျွန်တော်တို့ ကြေညာပေးသွားမှာပါ”လို့ Capcom ကုမ္ပဏီမှာ ဗီဒီယိုဂိမ်းပရိုဂျူဆာဖြစ်သူ Hiroyuki Kobayashi က ပြောကြားခဲ့ပါတယ်။ Hiroyuki ဟာ Resident Evil: Degeneration, Resident Evil: Damnation, Resident Evil: Vendetta အစရှိတဲ့ Animated ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့တဲ့ ပရိုဂျူဆာတစ်ဦးပဲ ဖြစ်ပါတယ်။

 

Pyi Hein Kyaw

SHARE