ကမ္ဘာအရပ်ရပ်မှာ ယာဉ်ကြောပိတ်ဆို့မှုဟာ အဆိုးရွားဆုံး ပြဿနာကြီးတစ်ရပ်ဖြစ်နေပါတယ်။ ဒါပေမယ့် စပိန်နိုင်ငံက မြို့လေးတစ်မြို့ကတော့ သူတို့မြို့ထဲမှာ ဒီလိုကားပိတ်ဆို့မှုတွေ မဖြစ်ရလေအောင် အဖြေရှာထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်မြို့လုံးမှာ ကားတွေ အသုံးမပြုဖို့ပဲ ဖြစ်ပါတယ်။
မြို့တစ်မြို့လုံး ကားမသုံးတော့ဘူးဆိုတဲ့ အချက်ဟာ မယုံနိုင်စရာကောင်းပေမယ့်လည်း ဒါက တကယ်ဖြစ်ခဲ့တာပါ။ ပွန်တီဗီဒရာဆိုတဲ့ စပိန်နိုင်ငံထဲက မြို့ကလေးဟာဆိုရင် ကားတွေမသုံးတော့တာ (၁၉၉၉) ခုနှစ် ကတည်းက ဖြစ်ပါတယ်။

ဒီအကြံအစည်ကိုတော့ မြို့ဝန် အန်ဆိုဖာနန်ဒေးက အကောင်အထည်ဖော်ခဲ့တာပါ။ ဒီအကြံအစည်ကို စတင်အကောင်အထည်ဖော်ကတည်းကစလို့ မြို့ဝန်အန်ဆိုကိုပဲ မြို့ခံတွေက ပြန်ပြန်ပြီး ရွေးကောက်နေကြတာ ဖြစ်ပါတယ်။ “ကျွန်တော် မြို့ဝန်မဖြစ်ခင်တုန်းက နေ့တိုင်းလမ်းပေါ်မှာ ကားစီးရေ (၁၄,၀၀၀) လောက်က ဥဒဟိုသွားနေကြတာ။ တစ်နေ့တစ်နေ့ မြို့မှာနေတဲ့ လူအရေအတွက်ထက် ဖြတ်သွားတဲ့ကားအစီးအရေက ပိုတောင်များနေသေးတယ်။” လို့ အန်ဆိုက ဆိုပါတယ်။
ပွန်တီဗီဒရာမြို့ရဲ့ အုပ်ချုပ်ရေးပိုင်းက အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆီဇာမော့စ်ကိုရာကတော့ “….အများပိုင်လမ်းတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အသုံးပြုခွင့်မရတော့ဘူး။ လူတွေဟာ ကိုယ့်ကိုယ်ပိုင်ကားတွေနဲ့ အများသုံးနေရာတွေကို ဦးယူထားတယ်..” ဆိုပြီး ပြောပြခဲ့တာပါ။
ထိုစဉ်ကတည်းကစလို့ အန်ဆိုဟာ မြို့လယ်က နေရာ စတုရန်းမီတာပေါင်း (၃) သိန်း အကျယ်ကို ကားကင်းစင်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကားတွေနဲ့မတရားပြည့်နှက်နေတဲ့ အများပြည်သူပိုင်နေရာကို ပြန်လည်ရယူပြီးနောက်မှာတော့ ပွန်တီဗီဒရာမြို့လေးဟာ ပြောင်းလဲမှုတွေနဲ့ ကြုံကြိုက်လာပါတော့တယ်။
This Spanish city banned cars – and residents say it’s paradise
No traffic deaths since 2009. Read more: https://wef.ch/2FF8xFD
Posted by World Economic Forum on Friday, September 21, 2018
အန်ဆိုက “အဲ့ဒီမှာ ကားတွေကလည်းများ၊ ဆေးမှုတွေကလည်းများ၊ ယာဉ်မတော်တဆဖြစ်မှုတွေလည်း များတော့ မြို့အင်္ဂါ ပျက်ယွင်းလာတယ်။ မြို့အရည်အသွေးဟာလည်း ကျဆင်းလာတယ်။ ပထမတော့ ကျွန်တော်တို့ စဉ်းစားသေးတယ်။ ယာဉ်အသွားအလာကိုပဲ ပိုကောင်းအောင် လုပ်မလားဆိုပြီးတော့။ ဒါပေမယ့် တကယ်တမ်းစဉ်းစားကြည့်တဲ့အခါ အလုပ်မဖြစ်ဘူး။ ဒါကြောင့် အများပိုင်နေရာကို အများပြည်သူဆီပဲ ပြန်ပေးရမယ်ဆိုပြီး ကားတွေအားလုံးဖယ်ခဲ့တာ…” လို့ ဆိုပါတယ်။ ထိုအချိန်ကစလို့ ပွန်တီဗီဒရာမြို့လေးမှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးသူတွေနည်းပါးသွားခဲ့ပြီး လေထုအရည်အသွေးကလည်း တော်တော်လေး ကောင်းမွန်လာခဲ့ကြောင်း elitereaders သတင်းအရ သိရပါတယ်။
လင်းလင်း (ShweMom)