မြို့တစ်မြို့လုံးသုံးတဲ့ရေ ပန်းရောင်တွေ ဖြစ်နေလို့ မြို့ခံလူများ ထိတ်လန့်နေ

ကနေဒါနိုင်ငံ Onoway မြို့ငယ်လေးမှာ ရေပေးဝေရေးစနစ်ရဲ့ ထိန်းသိမ်းမှုအားနည်းချက်ကြောင့် တစ်မြို့လုံးကို ပေးဝေ
ဝေတဲ့ရေတွေဟာ ပန်းရောင်အဖြစ် ပြောင်းနေပါတယ်။ ဒါကို ဒေသခံတွေဟာ အဆိုပါရေကြောင့် အဆိပ်သင့်မှာကို စိုးရိမ်ပူ
ပန်နေကြပါတယ်။ Onoway မြို့ဟာ ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်ထဲမှာ တည်ရှိပါတယ်။

အိမ်တိုင်းမှာတပ်ဆင်ထားတဲ့ ရေပိုက်ခေါင်းတွေကနေ ခလုတ်ဖွင့်လိုက်တာနဲ့ ပန်းရောင်ရေတွေ ကျဆင်းနေတာကိုလည်း လက်တွေ့ပြသခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ဝန် Dale Krasnow က တောင်းပန်ထားပြီး၊ ပင်မရေပေးဝေ
တဲ့ Local water treatment plant ရဲ့ ချို့ယွင်းချက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ရေရင်းမြစ်ထဲကို  Potassium permanganate တွေ ပျံ့နှံ့ခဲ့ပြီး၊ ဒီအတွက် အခြားကျန်းမာရေးသက်ရောက်မှု မရှိနိုင်ကြောင်း မြို့တော်ဝန် Dale က အတည်အလင်း ပြောကြားခဲ့ပါတယ်။ အဆိုပါဓာတုဓာတ်ဟာ ရေထဲမှာရှိတဲ့ သံဓာတ်
နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိတ်တွေကို သန့်စင်ရာမှာ အသုံးပြုတဲ့ အရာဖြစ်ပါတယ်။

READ
အွန်လိုင်းပေါ်မှာ အလှောင်ခံနေရတဲ့ ဖန်ခွက်မဲ့ ၀ီစကီတုံးနောက်ကွယ်က အိုင်ဒီယာ

ဒါပေမယ့် WHO ရဲ့ သတိပေးချက်အရ ဓာတ်ပစ္စည်းပါဝင်တဲ့ ရေဟာ ကျန်းမာရေးကို သေချာပေါက် ဆိုးဝါးစေမှာဖြစ် ကြောင်း သိရပါတယ်။ အနည်းဆုံးတော့ အရေပြားယားယံခြင်းနဲ့၊ အရေပြားမှာ အနာတွေပေါက်ခြင်းတော့ ဖြစ်စေလိမ့်မယ်
လို့ သိရပါတယ်။

မြို့တော်ဝန် Dale က ” Reservoir (ရေလောင်ကန်) ကိုတော့ လှယ်ပြီးသွားပြီ … ဒါပေမယ့် ဓာတုဓာတ်ပေါင်းတွေက ကျန်နေသေးလို့ အသစ်ပို့လွှတ်ဖြန့်ဝေတဲ့ ရေထဲမှာတော့ သက်ရောက်မှုတွေ ရှိနေဦးမှာပါ … ဒီလို နောက်မဖြစ်အောင် ဂရုစိုက် ကြပ်မက်ပေးသွားပါ့မယ်”လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE