ဝင်ရိုးစွန်းအလင်းတန်းတွေကို နီးနီးကပ်ကပ်ကြည့်နိုင်မယ့် မှန်လုံအိမ်ဘန်ဂလိုလေးများ

Kakslauttanen Resort

စကြာဝဠာကြီးဆိုတာ အကြီးကြီးပါ။အဲဒီစကြာဝဠာကြီးထဲမှာရှိတဲ့ ကြယ်တွေ၊ဂလက်ဆီအလင်းတန်းတွေကို ထင်ထင်ရှားရှားကြည့်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ဒါပေမယ့် Finlandနိုင်ငံမှာရှိတယ့် ဟော်တယ်တစ်ခုကတော့ လွယ်ကူအောင်လုပ်ပေးသွားခဲ့ပါပြီ။

Kakslauttanen Resort
Kakslauttanen Resort

အခုပြောပြချင်တာကတော့ UKနိုင်ငံရဲ့ သတင်းချန်နယ်တစ်ခုက ထုတ်လွှင့်တဲ့ “အံ့ဩဖွယ်ရာနေရာများ” TV အစီအစဉ်တစ်ခုကနေ တင်ဆက်သွားတဲ့ “Kakslauttanen Resort “ဆိုတဲ့ အပန်းဖြေဟိုတယ်နေရာလေးတစ်ခုအကြောင်းပါ။

အဲဒီဟိုတယ်လေးဟာ Finland နိုင်ငံ၊ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်အခြမိးမှာတည်ရှိပြီးတော့ ဧက၁၂၀၀နီးပါးကျယ်ဝန်းပါတယ်။ မှန်လုံဘန်ဂလို ၆၅ လုံးရှိပြီး ဘန်ဂလိုအကုန်လုံးရဲ့ ခေါင်မိုးတွေဟာ ဖန်သားနဲ့ တည်ဆောက်ထားကြောင်းသိရှိရပါတယ်။

Kakslauttanen Resort

အဲဒီအနီးအနားတစ်ဝိုက်ဟာ နေ့ဘက်ဆို နှင်းတွေနဲ့ ဖုံးလွှမ်းနေပြီး ညဘက်ဆိုရင်တော့ ကောင်းကင်ကို ကြည်လင်ပြတ်သားစွာတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညဖက် အိပ်ရာပေါ်ကနေပြီးတော့ ကောင်းကင်ကို ကြည့်မယ်ဆိုရင် မျက်နှာကြက်ဟာ ဖန်သားအကြည်နဲ့ ဆာက်လုပ်ထားတာကြောင့် ကောင်းကင်မှာရှိတဲ့ ဂလက်ဆီအလင်းတန်းတွေကို တိုးလျှိုပေါက် မြင်တွေနိုင်မှာဖြစ်ပါတယ်။

Kakslauttanen Resort
Kakslauttanen Resort

အဲဒီဒေသရဲ့ အပူချိန်ဟာ -40°F ရှိပေမယ့် ဟော်တယ်အခန်းဟာ ဖန်သားနဲ့ ဆောက်လုပ်ထားတာကြောင့် အခန်းတွင်းပိုင်းဟာ အပြင်ဖက်လောက် အေးနေမှာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်းသွားပြီး ညဖက်ကောင်ကင်မှာရှိတဲ့ သဘာဝအလင်းတန်းတွေ၊ကြယ်တွေမယ်ဆိုရင်တော့ အရမ်းကောင်းတဲ့ စိတ်ကူးလေးတစ်ခုပါပဲဗျာ။

 

READ
လူတစ်ကိုယ်စာ ဝင်ထိုင်နိုင်ရုံမက ကြီးမားလွန်းတဲ့ တိုင်ပေမြို့က ဧရာမကြာဗန်းကြီးများ

Pyi Hein Kyaw

SHARE