စမတ်ကျကျ Social-distancing နိုင်ဖို့ အမိုက်စား ဒီဇိုင်းလေးကို ပြင်သစ် ဒီဇိုင်နာ ဖန်တီး

Image:IG/Christophe Gernigon

စားသောက်ဆိုင် တစ်ချို့က တော့ အခုဆိုရင် ပြန်ဖွင့် နေ ကြပါပြီ။ဒါပေမယ့်လည်း Social-distancing ဆိုတဲ့ စည်း မျဉ်း ကန့်သတ် ချက် တွေကို သေချာ လိုက်နာ မှ ဆိုင် ပြန်ဖွင့် ဖို့ ကိစ္စ ကို ခွင့်ပြု ပေး ထားတာပါ။စမတ် ကျကျ နဲ့  Social-distancing နိုင်ဖို့ အတွက်  ပြင်သစ်ဒီဇိုင်နာ Christophe Gernigon  ကတော့ Plex’Eat ကို ဖန်တီး ခဲ့ပါတယ်။လူတွေ အတွက် စိတ်အိုက်စေမယ့် Social-distancing ပုံစံ မျိုး မဟုတ်ပဲ စမတ် လည်းကျ ၊ ရောဂါ ကူး စက်မှု အတွက်လည်း စိတ်ပူ စရာ မလိုတဲ့ အကာအကွယ် ကောင်းတစ်ခု အဖြစ် ဖန်တီး ပေးခဲ့ပါတယ်။ဒီ အ ကြောင်းကို တော့ Dailymail မှာ ဖော်ပြထားတာပါ။

Image:IG/Christophe Gernigon

ကိုဗစ် ကြောင့် ပိတ်ထားခဲ့ရတဲ့ ဆိုင်တွေ ကို ပြန်ဖွင့် မယ့် ဆိုင်ပိုင်ရှင်တွေ အတွက် တော့ Plex’Ea ကို ဒီဇိုင်နာ Christophe Gernigon က ဖန်တီး ပေးခဲ့ပါတယ်။ပလတ်စတစ် မီးအိမ် လို ပုံစံ မျိုးပါ။တစ်ဦး ချင်း စီ အတွက်  သီးသန့် ဖန်တီး ပေးထားတာပါ။ဆိုင်ထိုင် စား သောက်မယ့် စားသုံးသူ တစ်ဦး ချင်း က အဲ့ဒီ မီး အိမ် လို ပလတ် စတစ် လေး ထဲကို ၀င် နေ လိုက်ရုံပါပဲ။ကိုယ်နဲ့ အတူ စား သောက်မယ့် လူနဲ့ ရော၊ဆိုင်က စားပွဲ ထိုးတွေ နဲ့ပါ တခါ တည်း စည်း ခြားပြီးသား ဖြစ်သွားမယ့် အတားအဆီး လေးပါ။Plex’Eat  လေးကိုတော့ အခုဆိုရင် ပြင်သစ်၊ဘယ်လ် ဂျီယံ ၊ က နေ ဒါ၊ဂျပန် နဲ့ အာဂျင်တီးနားက လူတွေ ကလည်း အရမ်း စိတ် ၀င်စား နေကြပါပြီ။

READ
ပြောင်မြောက်တဲ့လက်ရာတွေကြာင့် နာမည်ကြီးနေတဲ့ ကော်ဖီပန်းချီဆရာလေး
Image:IG/ahmedabad_live

မီးအိမ် ပုံစံ အတားအဆီး လေးဆိုပေမယ့် ၀င်လို့လည်း လွယ်၊ထွက်လို့ လည်း လွယ်တဲ့ ပုံစံမျိုးလေးပါ။သေချာ လေး ကာ ပေးထားနိုင်တာမို့ တစ်ယောက်နဲ့ တစ်ယောက် အကွာ အ ဝေး တွေ အရမ်း ခြားပြီး ထိုင်စရာ လဲ မလို တော့ပါ ဘူး။အတားအဆီး တစ်ခု ဆိုပေမယ့် လှ လည်း လည်း စမတ် ကျ ကြည့် ကောင်း နေ အောင်လို့ စဉ်းစား ပြီး ဖန်တီး ခဲ့တာလို့ Christophe Gernigon က ပြောခဲ့ပါတယ်။စား သောက်ဆိုင် ပိုင်ရှင် ဖြစ်တဲ့ Mathieu Manzoni  က တော့ Mr Gernigon ကို ဖိတ် ခေါ်ပြီး သူ့ ဆိုင် အတွ က်လည်း  အဲ့ဒီလို လေးတွေ ဖန်တီး ပေးဖို့ အကြံဥာဏ်ေ တာင်းခံ ခဲ့ပါတယ်။

Image:IG/Christophe Gernigon

UK ၀န်ကြီးချုပ် Boris Johnson က တော့ လာမယ့် လက စပြီး ဆိုင်တွေ ကို  ပြန် ဖွင့် ဖို့ ခွင့်ပြု ကြောင်း ဒါ ပေမယ့်လည်း (၆)ေ ပ ခွာပြီး စည်းကမ်းတကျ ပြန် ဖွင့် ရမယ်ဆိုပြီး အမိန့်ထုတ် ပြန် ထားပါတယ်။မြန် မာ နိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝန်းက တစ်ချို့ နိုင်ငံတွေ က စား သောက်ဆိုင်တွေ ကတော့ Social-distancing ဆိုတဲ့ ကန့် သတ် ချက်ကို လိုက်နာပြီး ဆိုင်တွေ ပြန် ဖွင့် နေကြပါပြီ။

စည်း မခြား ချင်တဲ့ သူတွေ အတွက် နောက်ထပ် ဒီဇိုင်း ..

#SHWEMOM

SHARE