ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကိုဟန့်တားနိုင်ဖို့ ပြည်သူတွေကို အပြင်ထွက်တိုင်း mask တပ်ဖို့တိုက်တွန်းနေပါတယ်။ အခုဆိုရင်တော့ စားသောက်ဆိုင်တွေကပါ ဆိုင်မှာလာစားတဲ့စားသုံးသူတွေကို စည်းကမ်းရှိစွာ တိတ်တဆိတ်သုံးဆောင်ကြဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။ တစ်ချို့စားသောက်ဆိုင်တွေဆိုရင် စကားမပြောဘဲ ဆိတ်ငြိမ်စွာစားသုံးကြတဲ့ စားသုံးသူတွေအတွက် အခမဲ့အစားအသောက်တွေတောင် ကျွေးမွေးနေကြောင်း asiaone သတင်းအရ သိရပါတယ်။
突然のまた突然で、恐縮です、
今日の23時から
TBS系列のNEWS23にも
ハラカラ。三軒茶屋店がちこっと出るみたいです。#news23 #ハラカラ。#三軒茶屋#黙食 pic.twitter.com/cdMRwcx4Rc— グルメハンバーガーのお店 ハラカラ。 (@harakara_sancha) January 19, 2021
တိုကျိုက Harakara အမည်ရတဲ့ ဟမ်ဘာဂါဆိုင်တစ်ဆိုင်ကတော့ ဆိုင်မှာတောင် ပိုစတာတွေကပ်ပြီး တိတ်ဆိတ်စွာစားသုံးကြဖို့ သတိပေးထားတာဖြစ်ပါတယ်။ Harakara ဆိုင်မန်နေဂျာဟာ Fukuoka မြို့က ထမင်းဆိုင် Masala Chicken ရဲ့တွစ်ကိုမြင်ပြီးတော့ သူ့ဆိုင်ကိုလည်း Masala Chicken လိုလုပ်ဖို့စိတ်ကူးရခဲ့တာပါ။
Fukuoka Curry Shop’s Eat-in-Silence Poster A Hit https://t.co/eC5imwUBC1#kyushunews #fukuokanews #fukuokacorona pic.twitter.com/uAKMi1Q73N
— Fukuoka Now (@FukuokaNow) January 22, 2021
Masala Chicken တွစ်ထဲမှာတော့ “လူတွေက စားသောက်ဆိုင်တွေကို လူဆိုးတွေဆိုပြီးမမှတ်ယူစေချင်ဘူး။” လို့ဆိုကာ ထမင်းဆိုင်ထဲမှာ ပိုစတာကပ်ထားတာပါ။ ပိုစတာထဲမှာတော့ “အစားစားစဉ် စကားပြောခြင်းဟာ တံထွေးစက်တွေကနေ ဗိုင်းရပ်စ်ကူးစက်မှုကိုဖြစ်ပွားစေပါတယ်။ ကျောင်းတွေ အလုပ်ခွင်တွေမှာလည်း တိတ်ဆိတ်စွာစားသုံးဖို့ ကျင့်သုံးသင့်ပါတယ်။” လို့ဆိုထားပါတယ်။
ဒါကိုအားကျပြီး Harakara ဆိုင်မန်နေဂျာ Hirotsugu Hagiwara က စားသုံးသူတွေကို ဆိုင်မှာလာစားရင် စကားမပြောကြဖို့ တောင်းဆိုထားတာပါ။ စားသုံးသူတွေကလည်း ဆိုင်စည်းကမ်းကို လိုက်နာကြကြောင်း Hagiwara က ဆိုပါတယ်။ ဒါပေမဲ့လည်း စားသုံးသူတွေက အစာမစားခင်နဲ့ စားပြီးတဲ့အခါ mask တပ်ပြီးစကားပြောတာကိုတော့ Hagiwara က ခွင့်ပြုထားပါတယ်။ “စားသုံးသူတွေက ကျွန်တော်တို့အတွက် အဓိကအလေးထားရမယ့်အရာပါ။ အခုလို အချိန်မျိုးမှာ ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းနေဖို့ဟာ သိပ်အရေးကြီးပါတယ်။
View this post on Instagram
တိုကျိုက Ginza Kuki အမည်ရတဲ့ စားသောက်ဆိုင်ကတော့ ကိုဗစ်ကူးစက်ပြန့်နှံ့မှုကိုကာကွယ်ဖို့ ဆိုင်မှာထိုင်စားတဲ့ စားသုံးသူတွေရဲ့အချိန်ပမာဏကိုကန့်သတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ စားသုံးသူတွေဟာ သုံးဆောင်ချိန်တစ်နာရီပဲရမှာပါ။ ဒါ့ပြင် yakiniku အသားကင်စားသောက်ဆိုင်ကလည်း ဆိုင်မှာ အေးဆေးစွာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စားသုံးသူဧည့်သည်တွေအတွက် ၁၃ဒေါ်လာတန် ဝက်သား သို့မဟုတ် အမဲသားလွှာ တစ်ပန်းကန် အခမဲ့စားသုံးခွင့်ပေးတယ်လို့လည်း သိရပါတယ်။
ShweMom