ကိုဗစ်ကြောင့် စားသောက်ဆိုင်တွေမှာ သင် လုံးဝမလုပ်မိတော့ဖို့ သေချာနေတဲ့ အရာ(၅)ခု

Freepik- tirachardz

ကိုဗစ်ကပ်ရောဂါကြီးကို ကမ္ဘာအနှံ့အပြားမှာ ခံစားနေခဲ့ရတာဟာ ၁ နှစ်တောင်ရှိလို့နေခဲ့ပါပြီ။ ဒီ ၁ နှစ်အတွင်း ကျွန်တော်တို့အနေနဲ့ နေထိုင်မှုပုံစံတွေမှာ အများကြီး ပြောင်းလဲခဲ့ကြရပါတယ်။ အပြင်သွားတိုင်း mask တပ်ခြင်း၊ လက်ကို ခဏခဏဆေးကြောခြင်းတို့ကစလို့ လူစုလူဝေးရှောင်ကျဉ်တာတွေအထိပေါ့။ နောက် ဆိုင်တွေလည်း မထိုင်ရတော့ဘဲ ပါဆယ်စနစ်နဲ့သာ မှာစားနေရတာတွေလည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ အကယ်၍များ ကိုဗစ်အခြေအနေ တည်ငြိမ်သွားလို့ စားသောက်ဆိုင်တွေ ပြန်ဖွင့်တော့မယ်ဆိုခဲ့ရင် လူတိုင်းနီးပါး ဘယ်တော့မှ ထပ်မလုပ်တော့မယ့် လုပ်ရပ် (၅) ခုရှိနေပါတယ်။ အဲဒါကတော့..

Freepik- senivpetro

(၁) ဘူဖေးစနစ်

ကိုဗစ်ကြောင့် လူတွေဟာ ကူးစက်ရောဂါဆိုရင် အရမ်းကိုကြောက်ရွံ့နေကြပါပြီ။ ဒီအတွက် ဆိုင်တွေများ ပြန်ဖွင့်တော့မယ်ဆိုခဲ့ရင် ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဘူဖေးစနစ်နဲ့ တည်ခင်ကြတဲ့ဆိုင်တွေဟာ အထိနာကုန်ပါမယ်တဲ့လေ။ နောက် အချဉ်အိုးတွေ၊ အအေးစက်တွေ ချပေးတာမျိုးတွေလည်း ရှောင်ကျဉ်ကြတော့မှာပါလို့ Eat This မှာ ဖော်ပြထားပါတယ်။

(၂) အီလေးဆွဲခြင်း

READ
ရုပ်ရည်ချောမောလှပသူတွေကသာမန်လူတွေထက် confidenceပိုရှိကြသလား

ကျွန်တော်တို့တော့ စားသောက်ဆိုင်တစ်ဆိုင်ထိုင်ပြီဆိုရင် အနည်းဆုံး ၃ နာရီလောက်ကြာတတ်တယ်။ စကားပြောလိုက်၊ အစားအသောက်တွေ တစ်ခုပြီးတစ်ခုမှာစားလိုက်၊ ဘောလုံးပွဲရှိရင်လည်း ဘောလုံးပွဲကြည့်၊ မဟုတ်ရင်လည်း music band တွေဘာတွေ နားထောင်တာမျိုးပေါ့။ ဒါပေမဲ့ ကိုဗစ်ကြောင့် အဲဒီလို စားသောက်ဆိုင်မှာ အီလေးဆွဲထိုင်နေခြင်းတွေကိုလည်း ဆိုင်တွေကအစ ခွင့်ပြုတော့မှာမဟုတ်ပါဘူးတဲ့။

Freepik- rawpixels.com

(၃) ပွဲကြီးမှာစားခြင်း

ဟင်းရည်ပွဲကြီးတစ်ပွဲမှာပြီးတော့ တစ်ခွက်တည်းအတူတူသောက်တာတို့၊ ဟင်းပွဲတွေကို တစ်ဝိုင်းလုံးကလူတွေ ဝိုင်းနှိုက်စားကြတာတို့ စတဲ့ ဓလေ့တွေဟာလည်း ကိုဗစ်နဲ့အတူ ပါသွားပါလိမ့်မယ်။

(၄) မီနူး

အခုဆိုရင် ဆိုင်တွေတော်တော်များများမှာ မီနူးစာအုပ်တွေကို မတွေ့ရတော့ဘဲ အဲဒီအစား ကိုယ့်ဖုန်းနဲ့ကိုယ် QR code scan ဖတ်ပြီး မီနူးကြည့်တဲ့ပုံစံမျိုးတွေ ပြောင်းလဲလာတာကို သတိထားမိကြမှာပါ။ နောက်ပိုင်းမှာလည်း အခုလို e-menu တွေကိုပဲ သုံးဖို့ အလားအလာရှိနေပါတယ်။ မီနူးစာအုပ်တစ်ခုထုတ်လုပ်ဖို့ ကုန်ကြမ်းတွေလည်း သက်သာတာပေါ့။

Freepik- rawpixels.com

(၅) မသိတဲ့လူနဲ့ တစ်ဝိုင်းတည်းထိုင်ခြင်း

READ
အသိဥာဏ်နည်းသူဟုအထင်ခံရစေနိုင်တဲ့ အပြုအမူ(၆)မျိုး

စားပွဲဝိုင်းမရှိလို့ပဲဖြစ်ဖြစ်၊ ယမကာလေးသောက်ပြီး ဖော်ရွေစိတ်တွေ ပွင့်အံလာလို့ပဲဖြစ်ဖြစ် ကိုယ်နဲ့ မသိတဲ့လူနဲ့ တစ်ဝိုင်းတည်းထိုင်၊ စကားတွေပြောပြီး စားသောက်တဲ့ဓလေ့လည်း တဖြေးဖြေးပျောက်ကွယ်သွားဖို့ ရှိနေပါတယ်။

penny

SHARE