ပြန်လည်အသက်ဝင်လာတော့မယ့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ Razr ခေါက်ဖုန်း 

တရုတ် နည်းပညာကုမ္ပဏီ Lenovo နဲ့ အမေရိကန် Telecom ကုမ္ပဏီ Verizon Communications တို့ ပူးပေါင်းပြီး တစ်ခါက မိုဘိုင်းဖုန်းလောကမှာ ခေတ်စားခဲ့တဲ့ Razr ခေါက်ဖုန်းကို အဆင့်မြှင့် ပြန်ထုတ်လုပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။

Lenovo ဟာ Google က ပိုင်တဲ့ Motorola Mobility ရဲ့ ဖုန်းထုတ်လုပ်မှု လုပ်ငန်းကို ၂၀၁၄ တုန်းက ဝယ်ယူခဲ့တာပါ။ အဆင့်မြှင့်ထားတဲ့ Razr ဖုန်းအသစ်ဟာ ဖုန်းပုံစံအဟောင်းတွေကိုပဲ ဗားရှင်းမြင့်တဲ့ function တွေနဲ့ ပြန်သုံးချင်တဲ့ အသုံးပြုသူတွေအတွက် ရည်ရွယ်ထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။

XDA Developers

Motorola က ပထမဆုံး Razr V3 ခေါက်ဖုန်းကို ၂၀၀၄ ခုနှစ်တုန်းက စထုတ်လုပ်ခဲ့တာပါ။ အဆိုတော် Fergie နဲ့ ဒေးဗစ်ဘက်ခမ်းတို့က ထိုဖုန်းအတွက် ကြော်ငြာမော်ဒယ်များ ဖြစ်ခဲ့ပြီး နေ့ချင်းညချင်းကို ရေပန်းအစားဆုံး ဖုန်းတစ်မျိုးဖြစ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖုန်းအလုံးပေါင်း သန်း ၁၃၀ ရောင်းချခဲ့ရပါတယ်။

READ
မကြာမီFacebookမှာ Live Videoတွေတင်နိုင်တော့မည်
AP

ဒါပေမယ့် ၂၀၀၇ ခုနှစ်မှာ Apple က touch screen နဲ့ iPhone ကို စထုတ်ခဲ့တာဟာ Motorola ရဲ့ ခေါက်ဖုန်းရော၊ Nokia က ဖုန်းတွေရော၊ BlackBerry က ဖုန်းတွေကိုရော အဆုံးသတ်သွားစေခဲ့ပါတယ်။ Motorola ရဲ့ ခေါက်ဖုန်းလည်း အရှုံးတွေ ပေါ်ခဲ့ရပါတယ်။ ၂၀၁၁ မှာတော့ Motorola ကို Google က ဝယ်ခဲ့ပါတယ်။

KnowTechie

ယခု Lenovo လက်ထက်မှာ ပြန်ထုတ်မယ့် Razr စမတ်ခေါက်ဖုန်းကတော့ ၂၀၁၉ ဖေဖော်ဝါရီမှာ ထွက်ရှိလာမှာပါ။ ၂၀၁၉ မှာ ထွက်ရှိမယ့် အခြားစမတ်ဖုန်းများနည်းတူ 5G စနစ်ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၁၅၀၀ ဝန်းကျင်လို့ ကြေညာထားပါတယ်။ ခေါက်ဖုန်းအသစ်က လက်ရှိမှာ စမ်းသပ်ဆဲ ကာလပဲ ရှိပါသေးတယ်။ ဖေဖော်ဝါရီမှာ ထွက်ရှိလာမယ့် ဖုန်းဒီဇိုင်းနဲ့ feature တွေက နောက်ဆုံးအဆင့် မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

READ
2050ခုနှစ်တွင်အိမ်မှုကိစ္စများကို စက်ရုပ်များကလုပ်ပေးနိုင်တော့မည်

Ref: The Wall Street Journal

SHARE