Michael Jackson ထူးဆန်းတဲ့ ဖက်ရှင်တွေ ၀တ်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း

Image:IG/Youtube/IG/Michael Jackson

Michael Jackson က တော့ ကမ္ဘာ ကျော် အဆိုတော်ကြီး တစ်ယောက်ပါ။ကွယ်လွန်သွား ပေမယ့် အခုထိ ပရိသတ် တွေ ကြားမှာ ရေပန်းစား ပြောစ မှတ် တွင် နေရတုန်းပါ။Michael Jackson ရဲ့ ဖက်ရှင်တွေ ကို ကြည့်မယ်ဆို ရင် အမြဲ ထူး ဆန်းနေတာ၊တခါ တခါ ကျရင် သူဘာလို့ ဒါကြီးကို ၀တ်ထားတာပါလိမ့် ဆိုတဲ့ အ တွေး မျိုး ၀င်မိတဲ့ အထိ ဆန်း ပြား နေတာမျိုးတွေရှိပါတယ်။ဒီလို ၀တ် နေရတာ အ  ကြောင်းအရင်းရှိပါတယ်။ဒီ အကြောင်းကိုတော့ brightside မှာ ဖော်ပြထားတာပါ။

အဖြူရောင် ခြေအိတ် ၀တ်ရတဲ့ အ ကြောင်းအရင်း

ဘယ်သူကမှ အနက်ရောင် Shoe နဲ့ အဖြူ ရောင် ခြေအိတ် တွဲ မ၀တ်ပေမယ့် မိုက်ကယ် က တော့ ၀တ်ပါတယ်။မီး ထိုး ရင် ထင်း နေပြီး က တဲ့ အခါ မှာ သူ့ ခြေ ထောက် က လှုပ်ရှားမှု တွေကို  ပိုပြီး ပေါ် လွင် စေလို့ အဖြူ ရောင် ခြေ အိတ် ကို ၀တ် တာပါ။

လက်ချောင်းတွေ ကို တိပ် ကပ် ရတဲ့ အ ကြောင်းအရင်း


လက် ချောင်းထိပ် တွေကို ဘာလို့ တိပ် တွေ ကပ်ရတာလဲလို့ တွေး ဖူး ကြမှာပါ။သူနဲ့ သူ့ရဲ့ အ၀တ်အစား ဒီဇိုင်နာ တွေ က လက်ချောင်းတွေ ကို တိပ် ကပ်ဖို့ ဆုံးဖြတ် ခဲ့တာပါ။ဒါမှသာ အလင်း ရောင် ထိုးရင် ထင်း နေ ဖို့ ကပ်တာပါ။သုံး ချောင်းပဲ ကပ်ရတာ ကတော့ ထူးခြားသွားအောင် တမင် ကပ်တာပါ။Fan တွေ က လက်သုံး ချောင်းပဲ ဘာလို့ ကပ်တာလဲ ဆိုပြီး သူ့ကို စိတ်ဝင်စား အံ့သြ သွားတာကို မိုက်ကယ်က သ ဘောကျ လို့ လက်ချောင်းကို အကုန် မကပ် တာပါ။

READ
တစ်ယောက်တည်းနေတတ်သူတွေဟာ ပိုမိုဥာဏ်ရည်ထက်မြက်လေ့ရှိတဲ့အကြောင်းရင်း

ပခုံး ပေါ်က CTE

ဒါက တော့ ဘာမှ ထူးထူး ခြားခြား အဓိပ္ပါယ် မရှိပါဘူး။ဒီဇိုင်နာ က နေ ရှပ် အသစ် ဖန်တီး တုန်းက စာလုံး လေး ထည့်မယ်ဆိုပြီး ကျပန်း ရွေးပြီးထ ည့်လိုက်တဲ့ စာလုံး ပါ။

 

 45 ဒီဂရီ ကိုင်းကျ တဲ့ အကွက်ရဲ့ လျှို့ဝှက်ချက်

Image:IG/Youtube

သူ့ရဲ့ ကကွက် တွေ ထဲမှာ အရမ်း ကြိုက်တဲ့ အ ကွက်ပါ။ရှေ့ ကို လုံးဝ ကိုင်းကျ  လာတဲ့ အကွက်က ကိုယ် တွေ လို သာ မန် လူ လိုက်လုပ်ရပ်   မျက်နှာ နဲ့ ကြမ်းပြင် မိတ်ဆက် သွားရ နိုင်ပါတယ်။ဒီက ကွက်ရဲ့ နောက်ကွယ်က လျှို့ ၀ှက် ချက်က တော့ သူ့ ဖိနပ်ပါ။ဖိနပ်ရဲ့ ခုံ မှာ V ပုံစံ အခွက် လေး ရှိပါတယ်။အဲ့ဒါ လေးက ကြမ်း ပေါ်မှာ ရှိတဲ့ သံ ထဲမှာ ၀င် နေပြီး အခုလို ရှေ့ ကို 45 ဒီဂရီ ကိုင်းကျ တဲ့ အ ကွက် ကို ကနိုင်တာပါ။

လက်အိတ် တစ်ဖက်ပဲ ၀တ်ရတဲ့ အ ကြောင်းအရင်း

ခရုသင်းရောဂါ ရှိပါတယ်။လက်ကစ ပြီး ခရု သင်းစွဲ ခဲ့တာပါ။ဒါ ကြောင့် သူ အဲ့တစ်ဖက်ကို ၀တ် ထားတာပါ။

READ
လူ့လောကကြီးကို ကျောမခိုင်းခင် ကျော်ကြားသူတို့ဆိုခဲ့တဲ့ နောက်ဆုံးစကားများ

Show ပွဲ အဆုံးမှာ  အ၀တ်အစား ကျပ် ကျပ် တွေ ၀တ်ရတဲ့ အ ကြောင်းအရင်း

Michael Jackson က တော့ တောက် လျောက် အက တွေ ကို သူ့ Show စ လယ် အဆုံး ထိ က လာရတာပါ။သူ့ အက တွေ ဘယ်လောက်ထိ ပင်ပန်း လဲဆိုတာကိုတော့ သူ့ရဲ့ Live Show ဗီဒီယိုဖိုင် တွေကို ကြည့်ဖူး သူတိုင်း သိ  ကြပါတယ်။Show ပွဲ အဆုံး လောက်ကျရင် သူ့ရဲ့ Body က ငါး ပေါင် လောက် ၀ိတ်ကျပြီး ခါးက တစ်လ မ လောက် သေး သွား တဲ့ အထိ  ဖြစ်သွားတတ်ပါတယ်။ကယ်လိုရီ တွေက လုံးဝ လောင်ကျွမ်းကုန် တာပါ။ဒါ ကြောင့် နောက် ပိုင်း တွေ ရောက်လာ လေ လေ ၀တ်စုံက ပို သေးလာရတာပါ။

လက်မောင်းမှာ အပတ် ၀တ်ထားရတဲ့ အ ကြောင်းအရင်း

Image:IG/Michael Jackson

ဖက်ရှင် ဆို သူများနဲ့ မတူပဲ ထူးနေချင်တဲ့ သူပါ။ဒါက သူများနဲ့ မတူ အောင် သူ့ရဲ့ ထူးခြားမှု အဖြစ် နဲ့ လက် မောင်း ပတ် ကို ၀တ်တာပါ။Fan တွေ က လက်မောင်းမှာ ဘာလို့ ပတ်ထားတာပါလိမ့်လို့ အံ့သြ သွားတာကို သ ဘောကျတာပါ။

ဂျက်ကတ် ပေါ်က (၇) သုံးလုံး

Image:IG/Michael Jackson

မိသားစု မှာ ဆိုရင် (၇) ယောက် မြောက် ပါ။နောက်တစ်ခုက (၁၉၅၈)မှာ မွေးပါတယ်။(၁၉)နဲ့ (၅၈) ပေါင်းရင် (၇၇) ရပါတယ်။ဒါကြောင့် (777) ကို ဂျက်ကတ်မှာ ထိုးထားတာပါ။

ဖိနပ်ကို ဘယ်တော့မှ Polish မတင်


ဒီဇိုင်နာ က သူ့ရဲ့ Shoe တွေကို Polish တင်ဖို့ ပြော ခဲ့ဖူး ပါတယ်။ဒါပေမယ့် မိုက်ကယ်က ဒါကို အရမ်း ဒေါ သ ထွက် ခဲ့ဖူးပါတယ်။သူက သားရေ ကို လိုအပ်တဲ့ အခါမျိုးကျမှ ၀တ်ပြီး ဒါကို Polish တင်လိုက်ရင် သူ ကတဲ့ အခါ မျိုး မှာ ချော နေတတ်လို့ မတင်တာပါ။

 

#SHWEMOM

SHARE