ကျီးကန်းတွေရဲ့ အငြိုးနဲ့ လက်စားချေတာကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အမျိုးသား

youtube/Nai Dunia

အိန္ဒိယနိုင်ငံ ရှီပူရီမြို့ စူမီလာကျေးရွာနေ အမျိုးသားတစ်ဦးဟာ ထူးထူးဆန်းဆန်းပဲ လွန်ခဲ့တဲ့ (၃) နှစ်ကတည်းကစလို့ ကျီးကန်းတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း timesofindia သတင်းအရ သိရပါတယ်။ အဲဒီအမျိုးသားနာမည်ကတော့ ရှီဗာကီဝက်ဆိုသူပါ။ ရှီဗာဟာ နေ့စဉ် အပြင်ထွက်တဲ့အခါတိုင်း ကျီးကန်းတွေ သူ့ကို မတိုက်ခိုက်ပါစေနဲ့လို့ ဆုတောင်းပေမယ့် သူ့ဆုတောင်းတွေက မပြည့်ခဲ့ပါဘူး။

ကျီးကန်းတွေဟာ အုပ်လိုက်ကြီးပဲ ဖြစ်ဖြစ်၊ တစ်ခါတလေမှာ တစ်ကောင်ချင်းစီပဲဖြစ်ဖြစ် ရှီဗာဆီကို ပျံသန်းလာပြီး တိုက်ခိုက်လေ့ရှိပါတယ်။ သူတို့ရဲ့ နှုတ်သီးတွေနဲ့ ရှီဗာရဲ့ခေါင်းကို ထိုးဆွတာ၊ လက်သည်းနဲ့ ကုတ်ခြစ်တာမျိုးတွေကို ပြုလုပ်ကြပါတယ်။ တကယ်တော့ ကျီးကန်းတွေဟာ ရှီဗာကို အငြိုးတစ်ခုအတွက်နဲ့ အခုလို လိုက်လံရန်ပြုနေတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ရှီဗာက သံဇကာတစ်ခုမှာ ကျီးကန်းပေါက်လေးတစ်ကောင်ကို သွားတွေ့ပါတယ်။ ကျီးကန်းပေါက်လေးကို ကယ်မယ်လုပ်တော့ အကောင်လေးက မရတော့ပါဘူး။ သူ့လက်ထဲမှာပဲ သေသွားပါတယ်။ ဒါကို ကျီးပေါက်လေးရဲ့အမျိုးတွေမြင်တော့ ရှီဗာကို အထင်မှားကာ အခုထိ တစ်ဖက်သတ် လိုက်လံတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

READ
ကားတိုက်မှုကနေထွက်ပြေးဖို့ကြိုးစားရင်း လူအုပ်ကြီးကိုတိုက်မိကာ (34)ဦး သေဆုံးခဲ့
youtube/Nai Dunia

ရှီဗာကတော့ “ကျွန်တော်က ကျီးပေါက်လေးကို သတ်ခဲ့တာ မဟုတ်ပါဘူးဆိုတာ သူတို့ကို ဘယ်လိုရှင်းပြလို့ ရမလဲ။ သူတို့က ကျွန်တော့်ကို အထင်လွဲပြီး အတောင်တွေနဲ့လိုက်ရိုက်၊ နှုတ်သီးတွေနဲ့ လိုက်ဆိတ်နေတာ ခုထက်ထိအောင်ပါပဲ…” လို့ ပြောပြပါတယ်။ စစချင်းတော့ ရှီဗာက သူအပြင်ထွက်တိုင်း ကျီးကန်းတွေက လိုက်ရန်မူနေတာ သိပေမယ့် ဒီလောက် သတိမထားမိခဲ့ပါဘူး။ ရွာထဲက တခြားသူတွေကိုလည်း ကျီးကန်းတွေက ဒီလိုလိုက်ဆိတ်မှာပဲလေဆိုပြီး ထင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကျီးကန်းတွေက အခြားရွာသားတွေကိုတော့ ရန်ပြုတာမျိုးမလုပ်ပဲ ရှီဗာတစ်ဦးတည်းကိုပဲ အနှောင့်အယှက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းကို ဒေသခံသတင်းထောက်တစ်ဦးဖြစ်တဲ့ ရန်ဂျစ်ဂူပ်တားက ရှီဗာဆီသွားရောက်ပြီး တကယ့်အဖြစ်မှန် ဟုတ်၊မဟုတ်သွားရောက် စုံစမ်းခဲ့ပါသေးတယ်။ အံ့အားသင့်စရာကောင်းစွာပဲ ကျီးကန်းတွေဟာ လွန်ခဲ့တဲ့(၃) နှစ်ကတည်းက အဖြစ်အပျက်ကို ယနေ့တိုင် မမေ့နိုင်ကြသေးပဲ ရှီဗာကို ရန်ပြုနေဆဲပဲဆိုတာ တွေ့လိုက်ရတာပါ။

READ
မင်္ဂလာပွဲမတိုင်ခင် တစ်ပတ်အလိုက ဟယ်ရီနဲ့ သူ့ရည်းစားဟောင်းကြားက ဇာတ်လမ်း

“ခင်ဗျားတို့အနေနဲ့ မြွေတွေ ဆင်တွေက လက်စားချေတတ်ကြတယ်ဆိုတာကို ကြားဖူးကောင်း ကြားဖူးလိမ့်မယ်။ ဒါပေမယ့် ကျီးကန်းတွေက အငြိုးထားပြီး လက်စားခြေတယ်ဆိုတာတော့ အခုမှပဲ ကိုယ်တွေ့ကြုံဖူးတော့တယ်…” လို့ ဆိုပါတယ်။ ကျီးကန်းတွေဟာ အခြားငှက်တွေထက် ဥာဏ်ရည်သာလွန်ပြီး သူတို့ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့သူတွေရဲ့ ရုပ်ရည်ကို ထူးထူးခြားခြားမှတ်မိနိုင်ကြကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE