အမေရိကန်တစ်နိုင်ငံလုံးလှည့်ပြီးနံရိုးကင်စားပေးရုံနဲ့ ဒေါ်လာ(၁၀၀၀၀)ရမယ့်အခွင့်အရေး

Reynolds Kitchen

သင့်ဘ၀မှာ ဘယ်လောက်ကောင်းတဲ့အလုပ်မျိုးတွေ လုပ်ခဲ့ရတာပဲ ဖြစ်ဖြစ် ဒီအလုပ်ကို မှီမှာ မဟုတ်ဘူးလို့ အရင်ဆုံးပြောထားပါရစေ။ ဘာလို့လဲဆိုတော့ အမေရိကန်နိုင်ငံထဲက ကိုယ်သွားချင်တဲ့နေရာတွေကို စုံနေအောင် သွားရမယ်၊ အကောင်းဆုံး နံရိုးကင်ဆိုင်တွေမှာစားရမယ်၊ အဲဒီလို လုပ်ပေးတဲ့အတွက်လည်း ပိုက်ဆံတွေရဦးမယ်။ ကဲ…ဒီလိုအလုပ်မျိုးကို မကောင်းဘူးလို့ သင် ပြောဦးမှာပါ။

အမေရိကန်နိုင်ငံတွင်းက အစားအသောက်လုပ်ငန်းစု တစ်ခုဖြစ်တဲ့ Reynolds လုပ်ငန်းစုရဲ့ အလုပ်ခေါ်ယူမှု တစ်ခုအကြောင်းကို အခု ပြောနေတာပါ။

Reynolds Kitchen

ဒီ ကုမ္ပဏီက အမေရိကန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အကောင်းဆုံး နံရိုးကင်ဆိုင်တွေအကြောင်းကို လေ့လာချင်နေတာဖြစ်ပြီး ကိုယ်သွားရောက်စားခဲ့တဲ့ ဆိုင်ကို Review ရေး၊ ဓာတ်ပုံရိုက်ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ တင်ပေးရုံပါပဲ။

ဒီအတွက် ခရီး စတင်မထွက်မီကတည်းက သင့်ကို ဒေါ်လာ (၁၀,၀၀၀) အရင်ဆုံးပေးလိုက်မှာဖြစ်ပြီး သင့်အနေနဲ့ ကြိုက်နှစ်သက်တဲ့အဖော်တစ်ယောက်ကို အတူခေါ်သွားခွင့်ရှိနေပါတယ်။

READ
ယူရို(၁)သန်းထီပေါက်ပြီးတဲ့နောက် ရည်းစားသစ်ရှာဖို့ ငွေတွေပုံအောသုံးခဲ့တဲ့မိန်းကလေး

သင့်ရဲ့ခရီးစဉ်အတွက် (၂)ပတ်အချိန်ရမှာဖြစ်ပြီး အဲဒီ (၂)ပတ်ပြီးသွားရင်လည်း လုပ်အားခအဖြစ် ဒေါ်လာ (၁၀၀၀၀) ရဦးမှာပါ။

Reynolds Kitchen

အမေရိကန်နိုင်ငံထဲက နံရိုးကင်နဲ့ပတ်သက်ပြီး နာမည်အကြီးဆုံးမြို့တွေဖြစ်တဲ့ အော်စတင်၊ မန်ဖစ်၊ ကန်ဆက် ၊ တူလ်ဆာ၊ ချာလက်စတန် အစရှိတဲ့ မြို့ပေါင်းစုံကို သွားရောက်ပြီး စားရသောက်ရမယ့်အလုပ်က ဘယ်လောက်များ ကောင်းလိုက်မလဲနော်။

လက်ရှိမှာတော့ Reynolds ကုမ္ပဏီက လျှောက်လွှာတွေခေါ်ယူနေပြီဖြစ်ပြီး ဘယ်နိုင်ငံသားမဆို လျှောက်ထားနိုင်တဲ့ အခွင့်အရေးပါ။

Reynolds Kitchen

ဒါပေမယ့် စာဖတ်သူတွေအတွက် ကံဆိုးတာ တစ်ခုက သြဂုတ်လမှာစမယ့် ဒီ ပရောဂျက်အတွက် လျှောက်လွှာခေါ်ယူမှုတွေက မနက်ဖြန် (ဇွန်လ ၁၉)ရက်မှာ အဆုံးသတ်မှာဖြစ်ပြီး တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ ၀က်ဆိုက်လင့်ခ်လေးကနေတစ်ဆင့် သွားရောက်လျှောက်ထားနိုင်ပါသေးတယ်နော်။

https://www.reynoldskitchens.com/2019-chief-grilling-officer/

Linn

Ref : CNN , www.reynoldskitchens.com

SHARE