သရဲကားရိုက်နေပြီဆိုတဲ့ America’s Got Talent က ကြောက်စရာကောင်မလေး

YouTube- Global Got Talent

ဒီကောင်မလေးရဲ့ America’s Got Talent ဝင်ပြိုင်တဲ့ဗီဒီယိုကိုတော့ အားလုံး ကြည့်ဖူးကြမယ်လို့မျှော်လင့်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ကြည့်နိုင်အောင် အောက်ဆုံးမှာ ထည့်ပေးထားမယ်နော်။

သူမရဲ့ပြိုင်ပွဲဝင်နာမည်ကတော့ The Scared Riana ဖြစ်ပြီး နာမည်အရင်းကတော့ Marie Antoinette Riana Graharani ဖြစ်ပါတယ်။ သူမဟာ တစ်နှစ်တုန်းက America’s Got Talent ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AGT ရဲ့သမိုင်းတစ်လျှောက် တော်ရုံမပြဖူးတဲ့ အကွက်ဆန်းတွေနဲ့ ပြသခဲ့တာမလို့ သိပ်ကိုနာမည်ကြီးခဲ့ပါတယ်။

အဓိကကတော့ တကယ်ပဲ သရဲဝင်ပူးနေတာလား၊ သရုပ်ဆောင်နေတာလားဆိုတဲ့ Riana ရဲ့ ချောချမ်းဖွယ်ပုံစံကြောင့်ပါပဲ။ ဒီအင်ဒိုနီးရှားကောင်မလေးကတော့ လက်ရှိအနုပညာလောကထဲ သရဲကားတစ်ကားနဲ့ ဝင်လာခဲ့ပါပြီတဲ့။ သရဲကားနာမည်ကတော့ The Scared Riana: Beginning ပဲဖြစ်ပါတယ်။ မလေးရှားထုတ်လုပ်ရေးတွေ၊ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားခဲ့တာပါ။

View this post on Instagram

Riana seorang gadis berilusi yang hebat ,popular dan Juara menerusi pertandingan Asia Got Talent dan finalist America Got talent dan juga sekarang dia terlibat dalam Britain Got talent akan segera ke Malaysia pada tahun ini . Dia akan mempromosikan filem bergenre Fantasy Horror terbarunya The Sacred Riana : The Beginning yang diadaptasi dari kisah backstory The Sacred Riana by Trilogy Magic Factory . Filem ini dijangka akan tayang di pawagam Malaysia di hujung tahun ini.Filem ini diterbitkan oleh Nant Entertaiment dan diedarkan oleh Horizon Film Entertainment . Siapa yang tak sabar nak jumpa Riana dan selfie?Nantikan update seterusnya dari kami . Pada rakan media yang dihormati hope dapat promokan filem ini dipage page anda ya 😂 Nantikan tayangan serentak di Malaysia,Brunei dan Singapore akan datang!#TheSacredRianaMY @nantentertainment @billychristianfilms

A post shared by The Sacred Riana Beginning (@horizonfilmentertainment) on

ရုပ်ရှင်လေးကတော့ အိမ်အသစ်မှာစောင့်ကြိုနေတဲ့ အရုပ်လေးတစ်ရုပ်ကြောင့်လို့ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင်တော့ သူဟာ မိဘနဲ့အတူတူ ဦးလေးအိမ်မှာ ကပ်နေနေခဲ့တာပါ။ နောက်တော့ ဦးလေးဖြစ်သူက နှင်ချလိုက်တဲ့အခါ အိမ်အသစ်ပြောင်းဖို့ စီစဉ်ရပါတော့တယ်။ နောက်ဆုံးတော့ အိမ်တစ်လုံးရသွားခဲ့ပြီး မိသားစုသုံးယောက် ပြောင်းလာခဲ့တယ်ပေါ့။ အစကတော့ သူမဟာ ပုံမှန်မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် အရုပ်မလေးတစ်ရုပ်ကို ပြောင်းလာတဲ့အိမ်အသစ်မှာ တွေ့ခဲ့ရာမှ စတော့တာပါပဲ။

READ
မင်္ဂလာပွဲမှာ အရက်မူးပြီး သတို့သမီးကို လက်သီးနဲ့ထိုးတဲ့ သတို့သား အဖမ်းခံခဲ့ရ

သူငယ်ချင်းတွေနဲ့မပေါင်းတော့ဘူး၊ ကျောင်းစာလည်း စိတ်မဝင်စား။ ဘယ်သူနဲ့မှလည်း စကားမပြောဘဲ အရုပ်မလေးနဲ့ပဲ ဆော့နေကာ နောက်ဆုံး ကျောင်းပျက်တဲ့အထိကို ဖြစ်လာခဲ့ပါတယ်။ မိဘနဲ့ ဆရာမနဲ့တိုင်ပင်ကာ သူမကိုမူလအခြေအနေအတိုင်း ပြန်ရဖို့ စိတ်ပညာအရ ဖြောင်းဖြဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘယ်လိုမှမရတော့ဘဲ ပိုဆိုးလာခဲ့ပါတော့တယ်တဲ့။ ရုပ်ရှင်ထွေလာလေးကို ကြည့်လိုက်ကြပါဦး။

ဒါကတော့ America’s Got Talent တုန်းက ပုံရိပ်လေးပါ။

Penny

 

 

SHARE