Riana ပြသခဲ့တဲ့ နာမည်ကြီး မျက်လှည့်ပြကွက်တွေရဲ့ လျှို့ဝှက်ချက်များ

Image:youtube/Asia's Got Talent /FactoFusion

Asia Got Talent Season 2  မှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ မျက်လှည့်ဆရာ မလေး Riana(Marie Antoine tte Riana Graharani)   ကို ပရိသတ်ကြီး မှတ်မိကြအုံးမှာပါ။အင်ဒိုနီးရှားသူလေးပါ။သူမရဲ့  ပြကွက် တွေ က တော့ ကြည့်သူတိုင်းကို ကျောချမ်း ထိတ်လန့် ကြောက်ရွံ့ စေခဲ့ပါတယ်။ ဒါဟာ မျက်လှည့်တစ်ခု၊လှည့်စားမှု တစ်ခုဆို တာကို သိပေမယ့်လည်း ကြည့်နေတဲ့ သူတွေကို တကယ်ကြီး ဖြစ်ပျက် နေသလို  ယုံကြည်သွားစေတဲ့ အထိ သူမရဲ့  ပြကွက် တွေ က အရမ်းကို ကောင်းပါတယ်။ဒါပေမယ့် မျက်လှည့်ပညာ တိုင်း ၊ပြကွ က်တိုင်းမှာ လျှို့ဝှက် ချက်ဆိုတာ ရှိပါတယ်။သူမရဲ့ ပြကွက် တွေ မှာလည်း လျှို့ဝှက်ချက်တွေ ရှိပါတယ်။တကယ်လို့ များ စာဖတ်သူဟာ ရဲ့   Got Talent မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို မကြည့်ဖူးသေးဘူး ဆိုရင်တော့ အရင်ဆုံး ကြည့်ပြီးမှ အောက်ကစာကို ဆက်ပြီး ဖတ်စေချင်ပါတယ်။ဘယ်လို လှည့်ကွက်တွေ လုပ်ထားလဲ ဆိုတာကို ဖတ်ပြီးမှ သူမရဲ့ ပြကွက်တွေ ကို ကြည့်ရင် အနည်းနဲ့ အများဆိုသလို စိတ်လှုပ်ရှားရင်ခုန်မှုက လျော့ သွားမှာ မို့ပါ။

သရဲအိမ်လေးထဲက သူမရဲ့စိတ်ကူးထဲက သူငယ်ချင်း ထွက်လာတဲ့ ပြကွက် ရဲ့ လျှို့ဝှက်ချက်

Riana က တကယ်ကြီးပဲ ၀ိဥာဉ်လောကနဲ့ ဆက်သွယ်နိုင် ပြီး အရာအားလုံးကို ကြိုသိနေတဲ့ စွမ်းရည်ကို  ပိုင်ဆိုင် မ ထားဘူး ဆိုတာကို တော့ အားလုံးသိကြပါတယ်။ဒါပေမယ့် သူမရဲ့ မျက်လှည့်အတတ်နဲ့ လှည့်စားမှုကတော့ လူတွေ ရဲ့ စိတ်ကို တကယ်ကြီး အယုံသွင်းနိုင်ခဲ့ပါတယ်။အဲ့ဒီလို မျိုးဖြစ်အောင် ဘယ်လို လုပ်ခဲ့သလဲ ဆိုရင်တော့ …သူမရဲ့ အ ရမ်းကို နာမည်ကြီး တဲ့ အိမ်သေးသေးလေးထဲကနေ လူတစ်ယောက် ထွက်လာတဲ့ ပြကွက်ကို မှတ်မိကြမယ် ထင်ပါ တယ်။ဒီပြကွက် မှာ ပရိသတ်တွေ မြင်နေရတဲ့ အိမ်လေးက သာမန် အိမ်တစ်လုံး မဟုတ်ပါဘူး။အထုးတည်ဆောက် ထားတာပါ။အိမ်လေးကို သေချာ ကြည့်ရင် အောက်ပိုင်းက အရမ်းထူနေတာကို သတိထားမိမှာပါ။လျှို့ဝှက်ပစ္စည်းဆံ့ေ လာက်အောင် နေရာ ကျယ်ပါတယ်။အိမ်ရဲ့ အခန်းကလည်း နေရာကျယ်ပါတယ်။ပစ္စည်းတွေ တင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။လူတစ်ယောက် ၀င်ပုန်းနိုင်လောက်အောင် ဆံ့ပါတယ်။ အိမ်လေးမှာ ရှေ့ ခြမ်းနဲ့ နောက်ခြမ်းရှိပါတယ်။အ နက်ရောင်အ၀တ်စလေးက ခြားပေးထားတာပါ။တံခါးဆွဲဖွင့် ချိန်မှာ အထဲမှာ တော်တော်လေးကို မဲမှောင်နေတာကို သေချာသတိ ထားကြည့်ရင် တွေ့ရမှာပါ။နောက်တစ်ခုကတော့ အထဲက ထွက်လာတဲ့ မိန်းကလေးကလည်း အနက်ေ ရာင်ကိုပဲ ရွေးချယ်ဝတ်ဆင်တာကိုတွေ့ရမှာပါ။အနက်ရောင် အစ နဲ့ ကာပေးထားပြီး သူမကလည်း အနက်ပဲဝတ်ထား တာမို့ လူတွေ က လုံးဝ သတိ မထားမိတာပါ။အဲ့ဒီပြကွက်ရဲ့ လျှို့ဝှက်ချက်က အထူးဖန်တီးထားတဲ့ အိမ်လေးပါ။

READ
ကမ္ဘာ့အထူးဆန်းဆုံးကလေး(၅)ယောက်

သေသူကို Got Talent Show ထဲကို ခေါ်လာတဲ့ ပြကွက်

ပြကွက်မှာတော့ သူမက သတင်းစာအပိုင်းလေးကို ထုတ်ပြခဲ့ပါတယ်။သတင်းစာက ဓါတ်ပုံ ဟောင်းတွေကို ထည့်ခေါက် ထားပြီး  လူ(၁၂)ယောက်ရဲ့ ပုံတွေပါ။အဲ့ဒီနောက်မှာတော့ သတင်းစာတစ်ပိုင်းကို ဖြန့်ပြလိုက်ပါတယ်။ခေါင်းစဉ်မှာ ရေးထားတာကတော့ အိမ်မီးလောင်တဲ့ အထဲမှာ လူ(၁၂)ယောက် ပါသွားတဲ့  အကြောင်း ရေးထားတာပါ။ဒိုင်လူကြီးကို ဓါတ်ပုံရွေးခိုင်းပြီး ဒိုင်လူကြီးကို ဓါတ်ပုံရိုက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ သတင်းစာထဲက အပိုင်းကို ဖြန့် ပြလိုက် ချိန်မှာတော့ လူ(၁၂)ယောက်မီးထဲပါပြီး  သတင်းမှာ သေဆုံးသွားတဲ့ သူဟာ ဒိုင်လူကြီး ရွေးလိုက်တဲ့ သူဖြစ်နေပါတ ယ်။ဒီ့ထက်ပို ကြောက်စရာ ကောင်းတာကတော့ ဒိုင်လူကြီးကို သူမ ပေးလိုက်တဲ့ လက်ထဲက ပုံကို လှန်ကြည့်ခိုင်း လိုက်တဲ့ အခါ မှာတော့ ဓါတ်ပုံထဲကလူကဒိုင်လူကြီးရဲ့ နောက်မှာ ရောက် နေခဲ့တာပါ။ဒီလို ပြကွက်ကို သူမ ဘယ် လိုပြခဲ့တာလဲ..?

Image:youtube/America’s Got Talent

ဓါတ်ပုံ တစ်ပုံကို ဒိုင်လူကြီးက ရွေးလိုက်တဲ့ အချိန်က ဒီမျက်လှည့်စတဲ့ အချိန်ပါ။တကယ်က ဒိုင်လူကြီးက ဘယ်သူ့ကိုပဲ ရွေးရွေး သတင်းစာအပိုင်းနဲ့ ရိုက်လိုက်တဲ့ ကင်မရာ မှာ အဲ့ဒီလူ ပါအောင် ဖန်တီးပေးမှာပါ။Riana ရဲ့လက်ထဲမှာကိုက လူ(၁၂)ယောက်လုံးနဲ့ တွဲ ထားပြီးသား သတင်းစာတွေ တခါတည်းပါလာပြီးသားပါ။ဗီဒီယိုထဲမှာ ကင်မရာက Riana ကိုင်ထားတဲ့ သတင်းစာကို နောက်ကနေ ရိုက်လိုက်တဲ့ အခိုက်အတန့်ရှိပါတယ်။အဲ့ဒီမှာတော့ သူမရဲ့ လက်ထဲမှာ ကိုင် ထားတဲ့ သတင်းစာစာရွက်က တစ်ခု မကတာကို သေချာကြည့်ရင် တွေ့မှာပါ။လက်မ အောက်မှာ ကိုင်ထား တာပါ။ဒိုင် လူကြီးက တစ်ဖက်မှာ လူရွေးနေတုန်း ဒီဖက်မှာ အချိန်ကိုက် သတင်းစာရွေး ပေးလိုက်တာပါ။

READ
သင်လုံးဝသိဦးမှာမဟုတ်တဲ့ သင့်ပတ်ဝန်းကျင်က အမှန်တရား ၁၀ ခုအကြောင်း
Image:youtube/Asia’s Got Talent

ကင်မရာ ရိုက်တဲ့ အပိုင်း ရဲ့ လျှို့ဝှက်ချက်ကတော့ ကင်မရာပါ။သာမန်ကင်မရာ မဟုတ်ပါဘူး။သူ့မှာ  ပိုင်းခြားထားတဲ့ ကင်မရာတွေ ပါပြီး သား ပါ။နောက်မှာ လူတစ်ယောက်ရှိနေသလိုဖန်တီးလို့ရတဲ့ စွမ်းဆောင်ရည် အဲ့ဒီ ကင်မရာမှာ ပါပြီးသားပါ။အထဲမှာ ကြို ပြင် ဆင်ထားတဲ့ ဖလင်တွေ ပါပြီးသားပါ။ကင်မရာထဲမှာ Bob ပုံနဲ့ သူမရိုက်လိုက်တဲ့ ဒိုင်လူကြီးပုံကို ပေါင်းစပ်ပြီး ရွေးေ ပးလိုက်တာပါ။ဆိုင်မွန်က အချိန်ဆွဲနေတဲ့ Riana ကို စိတ်မရှည်ပဲ ဘဲလ်တီးလိုက်တာကို ပရိသတ်တွေ သိလိုက် မှာပါ။ အဲ့ဒီမှာ သူမက တမင်အချိန်ဆွဲ နေတာပါ။ကင်မရာထဲက ကျန်တဲ့ (၁၁)ယောက်ရဲ့ ပုံကို ဖယ်ပြီး ဒိုင်လူကြီး ရွေးထားတဲ့ Bob ပုံနဲ့ ပေါင်းစပ်လိုက်တာပါ။အဲ့ဒီလိုလုပ်ဖို့ အတွက်ကတော့ ကင်မရာထဲမှာ ထည့်ထားတဲ့ လူ(၁၂)ယောက်ရဲ့ ဖလင်တွေကိုတော့ သေချာ မှတ်ထားဖို့ လိုပါတယ်။ဒါမှလည်း မရွေးထားတဲ့ လူ(၁၁) ယောက်ကို ကျော်ပြီး ဒိုင်လူကြီးေ ရွးထားတဲ့ Bob ပုံကို မှန်အောင်ရွေးနိုင်မှာပါ။ကမ္ဘာကျော် မျက်လှည့်ပြကွက်တွေရဲ့ လျှို့ဝှက်ချက်တွေ အကြောင်းကို သိချင်ရင်တော့ FactoFusion ဆိုတဲ့ Youtube Channel မှာ ၀င်ရောက်လေ့လာလို့ရပါတယ်။

Source:Youtube/FactoFusion

SHARE