မနာလိုစရာကောင်းလောက်အောင် အသုံးအဖြုန်းကြီးလွန်းတဲ့ IG Rich Kid များ

ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေအဖို့ ပိုက်ဆံဆိုတာ ၀တ္ထုပစ္စည်း သက်သက်သာ ဖြစ်ပါတယ်။ အခြားသူတွေအဖို့ ပင်ပင်ပန်းပန်းရှာရတဲ့ငွေတွေဟာ သူတို့အတွက်တော့ ပေါပေါပဲပဲရနေသလို ဖြစ်နေတာကြောင့် ကြွားဝါလိုကြတာ မဆန်းပါဘူး။ အောက်ဘက်မှာတော့ အင်စတာဂရမ်ပေါ်က Rich Kids တွေ မျှဝေထားတဲ့ မနာလိုချင်စရာကောင်းလောက်အောက် ကြွားထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

 

instagram
instagram
instagram
instagram

တန်ဖိုးကြီးကားတွေ၊ ဒီဇိုင်နာချုပ်တွေနဲ့ ပြည့်နေတဲ့ အ၀တ်ဗီဒီုတွေ၊ ပေါင်(၅၀) တန်ကို အိမ်သာစက္ကူအဖြစ်သုံးပြီး၊ Veuve Clicquot ရှန်ပိန်နဲ့ ရေချိုးတာတွေ ဒါတွေဟာ လူ့ငကြွားလေးတွေရဲ့ ပိုက်ဆံချမ်းသာပေမယ့် လူသားဆန်တဲ့ အပြုအမူတွေကတော့ မချမ်းသာသေးဘူးဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

instagram
instagram
instagram
instagram
instagram
instagram

ဒါ့အပြင် ဆင်းရဲသားတွေကို လှူဖို့ဆိုပြီး ပေါင်ထောင်နဲ့ချီကိုင်ပြီး ကြွားထားတဲ့ ဓာတ်ပုံတွေ၊ မျက်စိသွားရည်ယိုစရာ ဒေါ်လာ(၄၅၀၀) တန်အင်္ကျီဝတ်ပြီး ပါတီသွားမယ်ဆိုတဲ့ ဓာတ်ပုံ၊ ဒေါ်လာပင်လယ်ထဲမှာ အ၀တ်မဲ့တဲ့ ခန္ဓာကိုယ်ကို မြှုပ်ထားတဲ့ အမျိုးသမီးဓာတ်ပုံ၊ “Stop Being Poor” ဆိုတဲ့ စာသားပါ Chanelတီရှပ်နဲ့ ဦးထုပ်ကို ခပ်ကြွားကြွား ၀တ်ဆင်ထားတဲ့ ပုံ၊ ရိုးလက်စ်နာရီကို မလိုချင်တော့လို့ အိမ်သာထဲလွှင့်ပစ်မယ်ဆိုတဲ့ ဓာတ်ပုံတွေနဲ့အတူ Rich Kids တွေနဲ့ အကြွားတစ်လိုင်း ဓာတ်ပုံပေါင်းများစွာကို အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

instagram
instagram
instagram
instagram

လင်းလင်း (ShweMom)

READ
တစ်နေ့ကော်ဖီ(၃)ခွက်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်းသိရ

Ref: theSun

SHARE