အသဲကွဲပြီးနောက်ပိုင်း မိန်းကလေးတွေ လုပ်လေ့ရှိသည့် အပြုအမူများ

ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း မိန်းကလေးတွေ လုပ်တတ်တဲ့ အူကြောင်ကြောင် အပြုအမှုတစ်ချို့အကြောင်းကို တင်ဆက်ပေး ချင်ပါတယ်။

(၁)ပတ်ဝန်းကျင်နှင့် တစ်ပတ်လောက် အဆက်အသွယ်ဖြတ်နေခြင်း

အသဲကွဲပြီးနောက်ပိုင်းမှာတော့ မိန်းကလေးတွေဟာ တစ်ပတ်လောက် ဘယ်သူနဲ့မှမဆက်အသွယ်မလုပ်ပဲ အဆက်ဖြတ်နေ တတ်ပါတယ်။ဥပမာ-တံခါးကိုလော့ခ်ချပြီး အိမ်တွင်းအောင်းတာမျိုး၊လူမြင်ကွင်းထဲမထွက်တော့တာမျိုးပါ။ အဲ့ဒီလို လုပ် တဲ့ကြားကပဲ ရည်စားဟောင်းနဲ့များ မတော်တဆ လမ်းမှာဆုံခဲ့မိရင်တော့ သူ့အတွက်အဟောင်းတွေ အသစ်ဖြစ် ပြီး ခေါင်းခဲစရာတွေပြန်ဖြစ်လာတတ်ပါတယ်။

(၂)ချစ်သူထားဖို့ကို စိတ်ပျက်စိတ်ကုန်

ရည်စားနဲ့ပြတ်ပြီးတဲ့သူတိုင်းလိုလို အခုလိုခံစားချက်မျိုး ခံစားရတတ်ပါတယ်။ယာက်ျားတွေကိုမုန်းတယ်။င့ါအပေါ်ကောင်း တဲ့လူဒီတစ်သက်တွေ့တော့မှာမဟုတ်ဘူး ဆိုတဲ့စကားမျိုးကို ပြောဆိုနေတတ်ပါတယ်။

Girl-upset-crying-face-down-with-broken-heart-love-image

(၃)အရက်သောက်၊ မက်ဆေ့ခ်ျတွေပို့

ဒါဟာတကယ့်ကိုမကောင်းတဲ့စိတ်ကူးပါ။အရက်တွေသောက်ပြီး မက်ဆေ့ချ်ျတွေပို့ရင် နောက်ပိုင်းကျရင် တကယ်ပဲ အမှားတွေ၊မျက်နှာပူစရာတွေ ဖြစ်လာပါလိမ့်မယ်။ဒါကြောင့် အရမ်းဝမ်းနည်းလာလို့ သောက်မယ်လို့ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဖုန်းတွေ၊Laptop တွေကို ဖွက်ထားဖို့ အကြံပေးပါရစေ။

READ
သင်တို့နှစ်ယောက်က လိုက်ဖက်တဲ့ချစ်သူစုံတွဲဖြစ်ကြောင်းသိသာတဲ့လက္ခဏာများ

(၄)ပြတ်သွားတဲ့ ရည်စားကို ပြန်ဆက်သွယ်ဖို့ ကြိုးစား

အဆင်မပြေတော့လို့ ပြတ်သွားတဲ့ရည်းစားကို ပြန်ဆက်သွယ်ဖို့ ကြိုးစားတာဟာ ကောင်းတဲ့စိတ်ကူး ဘယ်တော့မှဖြစ်လာ မှာမဟုတ်ပါဘူး။ဘယ်တော့မှပြန်မသွားပါနဲ့။ပြန်လာဖို့ကိုလည်း တောင်းပန်တာမျိုးဘယ်တော့မှ မလုပ်ပါနဲ့။

sara-gurpal-crying-sad-girl-images

(၅)ရည်းစားဟောင်းကို အကြောင်းကို စုံစမ်း

ပြတ်သွားတဲ့ရည်းစားဘာတွေလုပ်နေလဲ၊သူရောဝမ်းနည်းနေလား ဆိုပြီး သိချင်စိတ်တွေနဲ့ Facebook  ကနေ လိုက်ချောင်းတာမျိုးတွေလုပ်တတ်ကြပါတယ်။ဒါဟာ တကယ်ကို ရူးမိုက်တဲ့ အရာပါ။

(၆)တခြားရည်စားဟောင်းတွေဆီ ဖုန်းဆက်

အမျိုးသမီးတစ်ချို့ဟာ လက်ရှိရည်းစားနဲ့ပူပူနွေးနွေးပြတ်သွားပြီးနောက် ဟိုးအရင်တုန်းက တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေဆီ ကို ဖုန်းဆက်တာတွေ လုပ်တတ်ကြပါတယ်။ဒါဟာတကယ့်ကို ကြာခဲ့ပါပြီ။သူတို့ဆီကနေ စာနာသနားမှုကို ရမယ်လို့မထင်ပါနဲ့ ဒါဟာ တကယ့်ကို အလုပ်မဖြစ်တဲ့အရာတစ်ခုပါ။

SHARE