ကျောချမ်းစရာတွေ ပြည့်နေတဲ့ အာရှရဲ့ ကြောက်စရာအကောင်းဆုံးနေရာများ

ကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ ထူးဆန်းတဲ့ အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ထူးခြား ဆန်းကျယ်ပြီး လျှို့ဝှက်တဲ့ အရာတွေ ပြည့်နှက်နေတဲ့ နေရာတွေ ကလည်း အများကြီး ရှိပါတယ်။ သရဲတစ္ဆေတွေ  ရှိတယ် ဆိုပြီး နာမည်ကြီးနေတဲ့  အာရှရဲ့ စိတ်ခြောက်ခြားစရာ အကောင်းဆုံး၊ ကြောက်စရာအကောင်းဆုံးနေရာတွေ အကြောင်းကို ဖော်ပြ ပေးချင် ပါတယ်။ကြောက်စရာကောင်းတဲ့ နေရာဆိုးတွေ အဖြစ် ကျော်ကြားတဲ့ နေရာတွေကတော့….

(1)Gonjiam စိတ်ရောဂါကုဆေးရုံ

sickchirpse.

Gonjiam: Haunted Asylum ဆိုတဲ့ ကိုရီးယားဇာတ်ကားကို ကြည့်ပြီးတဲ့ သူတွေကတော့ ဒီဆေးရုံ အကြောင်းကို သိကြမှာပါ။ Gonjiam စိတ်ရောဂါကုဆေးရုံကတော့ တောင်ကိုရီးယားနိုင်ငံ Gwangju မြို့မှာ တည်ရှိတာပါ။ တောင် ကိုရီးယားရဲ့ ခြောက်ခြားစရာ အကောင်းဆုံး နေရာတစ်ခုပါ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ ဆေးရုံ မှာ ရှိတဲ့ လူနာတွေနဲ့ ၀န်ထမ်းတွေရဲ့ ထူးဆန်းစွာ သေဆုံးသွားကြတဲ့ ကိစ္စကြောင့် (၁၉၉၀) လောက် တုန်းက ဆေးရုံ ကို ပိတ်ပစ်ခဲ့ရတာပါ။ဘာကြောင့် အခုလိုတွေ သေဆုံးကြသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပဲ လျှို့ဝှက်ချက် တွေနဲ့ ပြည့်နှ်က်နေတဲ့ ဒီနေ့ အထိပါ။

တစ်ချို့ကတော့ ဒီဆေးရုံ အဆောက်အအုံဟောင်းကြီးထဲမှာ မကျွတ်မလွတ်သေးတဲ့ ၀ိဥာဉ်တစ္ဆေတွေ လှည့်လည် သွားလာနေတယ်လို့ ပြောကြပါတယ်။ သိပ္ပံနည်းနဲ့ အဖြေရှာလို့ မရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားသူတွေအဖို့တော့ ဒီနေရာက စူးစမ်းလေ့လာရေး စခန်းတစ်ခုလို ဖြစ်နေပါတယ်။ Gonjiam ဆေးရုံကြီးရဲ့ အခန်းတွေထဲကနေ အသံဗလံတွေတွေ၊ ညည်းသံတွေ၊ အော်ဟစ် ဆူညံသံတွေ ထွက်ပေါ်လေ့ရှိတယ်ဆိုပြီး ဒီနေရာနဲ့ပတ်သက်ပြီး လူတွေက ပြောကြပါတယ်။

(2)Chibichiri ဂူ

Wikimedia Commons

အာရှရဲ့ နောက်ထပ် ကြောက်စရာ အကောင်းဆုံးနေရာတစ်ခုကတော့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း မှာရှိတဲ့ Chibichiri  ဂူပါ။အဲ့ဒီနေရာဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက ရက်ပေါင်း (၈၂) ရက် တိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာဖြစ်ပြီး အသက် ပေါင်း အနည်းဆုံး တစ်သိန်းလောက်(တစ်ချို့ဖော်ပြချက်တွေမှာဆိုရင် နှစ်သိန်း) ဆုံးရှုံးခဲ့ရတဲ့ သင်္ချိုင်းမြေ လို့ ပြော လို့ရပါတယ်။အမေရိကန်တွေ ကျွန်းကို ကျူးကျော်ဝင်ရောက်လာတော့ အဲ့ဒီမှာနေကြတဲ့ ကျွန်းသူ၊ကျွန်းသားတွေက Chibichiri အပါအ၀င် ဂူတွေထဲမှာ ပုန်းအောင်းခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း  ဂျပန်စစ်သားတွေက  အမေရိကန်တွေ ဆီမှာ လက်နက်ချအညံ့ခံဖို့ အစားကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့လမ်းကို ရွေးချယ်ခဲ့ပါတယ်။ အရပ်သားတွေကလည်း အလားတူ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်။

Pinterest

ကျွန်းပေါ်မှာရှိတဲ့ ဂူတွေထဲမှာ အဆုံး စီရင် ခဲ့ကြပါ တယ်။ Chibichiri  ဂူထဲမှာဆိုရင် မိဘတွေက သတ်ပစ်လိုက်တဲ့ (အမေရိကန် တပ်သားတွေ လက်ထဲ မရောက်ရေ အာင် မိမိကိုယ်ရော ကလေးတွေကိုပါ သတ်) ကလေးတွေရဲ့ အရိုးစုတွေကိုလည်း အခုထိရှိနေတုန်းပါ။ စိတ်ခြောက်ခြားဖွယ်ရာ အရိုးစုတွေရယ်၊ ၀မ်းနည်းစရာ ဖြစ်ရပ်တွေ စုစည်းနေတဲ့ နေရာတစ်ခုလို့ ပြောလို့ရပါတယ်။

(3)Kurseong မြို့

Trover

Kurseong မြို့ကတော့ အိန္ဒိယမှာ တည်ရှိတာပါ။ အိန္ဒိယအရှေ့မြောက်ပိုင်း Darjeeling မြို့ အနီးမှာ တည်ရှိတာပါ။ နီ ပေါ၊ဘူတန်၊ဘင်္ဂလားဒေ့ရှ် နယ်စပ်ကြားမှာ တည်ရှိနေတာပါ။ကျေးလက် နယ်မြေ ဖြစ်ပြီး ခရီးသွား တွေ အများ အပြား လာရောက်တဲ့ နေရာပါ။စိတ်ခြောက်ခြားစရာ အဆောက်အအုံ၊ လမ်း၊ ထူးဆန်းတဲ့တောအုပ်၊ အန္တရာယ်ရှိမယ့်ပုံ ပေါ်နေတဲ့ ခြေလျင်တောင်တက်ခရီးကြမ်း၊ ခေါင်းမပါတဲ့ အလောင်းကောင်၊ မိန်းကလေးသရဲ၊ လေတိုးဝှေ့သံတွေ၊ အမှောင်ထဲက အနီရောင်မျက်လုံး၊ အမျိုးသမီးတစ်ယောက်ရဲ့ အော်ဟစ်သံ၊ ထူးဆန်းတဲ့ သေဆုံးမှုတွေ ပြည့်နှက်နေတဲ့ နေရာဆိုပြီး နာမည်ကြီးပါတယ်။ အားလုံးက သဘာဝလွန်အရာ တစ္ဆေသရဲတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။

READ
မှတ်ဥာဏ်မကောင်းခြင်းရဲ့အကျိုးကျေးဇူး(၅)မျိုး
India.com

ဝိတိုရိယဘုရင်မခေတ်(၁၈၃၇-၁၉၀၁ ခေတ်) တုန်းက ကျောင်းဟောင်းကြီးကနေ ညည်းသံတွေ၊ တခြားအသံတွေ၊ ရယ်သံတွေကို ကြားရတယ်ဆိုပြီး နာမည်ကြီးပါတယ်။ Dow Hill ကျောင်းရဲ့ နောက်မှာဆိုရင်တော့ စိတ်ချောက်ချားစရာတောအုပ်တစ်ခု ရှိပါတယ်။ အဲ့ဒီနေရာမှာ လူသတ်မှုတွေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ အများကြီး ဖြစ်ခဲ့ဖူးပါတယ်။

(4)Penang ပြည်နယ်က Ghost Hill

Where2 Magazine

မလေးရှားနိုင်ငံ Penang ကျွန်းပေါ်မှာ တည်ရှိတဲ့ Penang  စစ်ပြတိုက်ကိုတော့ ဒေသခံတွေဆီမှာ Bukit Hantu, (သို့)”Ghost Hill.”  ဆိုပြီး လူသိများပါတယ်။ဒီနေရာကတော့ (၁၉၃၀) လောက်တုန်းက ဗြိတိသျှ ကိုလိုနီတွေ တပ်စွဲ တဲ့ ခံတပ်နယ်မြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနယ်မြေဟာ ဂျပန်တွေ လက်ထဲကို ကျဆုံးခဲ့ရပါတယ်။ ခံတပ်နယ်မြေ ကနေ အကျဉ်းသားစခန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး  ဂျပန်တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လူရာပေါင်းများစွာ  သေဆုံးရတဲ့ သချိင်္ုင်းမြေတစ်ခု ဖြစ်ခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အပြောအရ ဆိုရင်တော့  ရက်ရက်စက်စက် သတ်ဖြတ်ရတာကို သာယာပျော်မွေ့တဲ့ ဂျပန်အရာရှိ Tadashi Suzuki ကအုပ်ချုပ်တာလို့ သိရပါတယ်။

READ
သင့်ကိုပိုပြီးထက်မြက်လာစေနိုင်တဲ့ ဝါသနာ(၁၀)မျိုး
unclezuan.com

Suzuki  က အကျဉ်းသားတွေကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့တဲ့ သွေးချောင်းစီးခဲ့ရာ နယ်မြေ တစ်ခုပါ။ အခုဆိုရင်တော့ ပြတိုက် အဖြစ် ပြောင်း လဲသွားတဲ့ အဲ့ဒီနေရာမှာဆိုရင် ကျည်ဆံကြောင့် ချိုင့်ခွက်တွေဖြစ်နေတဲ့ နံရံတွေ ရှိပါတယ်။ေ ခါင်း ဖြတ်စက်ဆိုပြီး နာမည်တွင်တဲ့ ခေါင်းဖြတ်သတ်တဲ့ နေရာလဲ ရှိပါတယ်။ ရက်စက်ညှဉ်းပမ်းပြီး အသက်ပေါင်း များစွာ စတေးခဲ့ရတဲ့ အဲ့ဒီနေရာမှာ သေဆုံးခဲ့သူတွေရဲ့ ၀ိဥာဉ်တွေ၊ သရဲတွေ လျှောက်သွား နေတယ် ဆိုပြီး  နာမည်ကြီးပါတယ်။

Source ranker

SHARE