သူငယ်ချင်း ရက်ပ်ပါတစ်ဦးနဲ့ တွဲနေပြီဆိုတာ အတည်ပြုခဲ့တဲ့ Rihanna

Instagram- @badgalriri, @asaprocky

အချစ်ရေးနဲပတ်သက်ရင် အမြဲတမ်းလိုလို သိုသိုသိပ်သိပ်ရှိလှတဲ့ Rihanna တစ်ယောက် ရည်းစားရသွားပြန်ပါပြီတဲ့လေ။ People မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ Riri ဟာ အနုပညာလောကထဲက သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ရက်ပ်ပါတစ်ဦးနဲ့ပဲ ဒိတ်လုပ်နေခဲ့ပါပြီတဲ့။

 

 

View this post on Instagram

 

A post shared by badgalriri (@badgalriri)

Riri ဟာ အဆိုတော် Drake, နောက် ဆော်ဒီက စော်ဘွားလေးတစ်ယောက်နဲ့ တွဲခဲ့ပြီး အခုအခါမှာတော့ နောက်ထပ်တစ်ဦးနဲ့ ချစ်ကျွမ်းဝင်နေခဲ့ပါပြီတဲ့။ သူကတော့ A$AP Rocky ပါ။ A$AP Rocky ဟာ ရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် music producer တစ်ယောက်၊ သရုပ်ဆောင်၊ မော်ဒယ်နဲ့ music video ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်နေသူတစ်ဦးပါ။ နောက်ပိုင်း နာမည်ကြီးနေတဲ့ ထိပ်တန်း trap အဆိုတော်တွေထဲမှာလည်း ပါဝင်နေတဲ့သူတစ်ဦးပါ။

 

View this post on Instagram

 

A post shared by GRIM (@asaprocky)

 

 

View this post on Instagram

 

A post shared by FENTY SKIN (@fentyskin)

ဒီသတင်းကိုတော့ People မဂ္ဂဇင်းကို ခိုင်မာတဲ့အတွင်းလူတစ်ယောက်က ပြောခဲ့တာပါတဲ့။ Riri နဲ့ A$AP Rocky တို့နှစ်ယောက်ဟာ အနုပညာလောကထဲမှာပဲ သိကျွမ်းပြီးတော့ ခင်မင်နေခဲ့တာ နှစ်ပေါင်း တော်တော်လေးကိုကြာနေပါပြီ။ သီချင်းတွေလည်း အတူတူတွဲလုပ်ခဲ့ဖူးသလို Riri ရဲ့ FENTY Skincare ကြော်ငြာမှာလည်း A$AP Rocky ဟာ ပါဝင်အားဖြည့်ကူညီပေးခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by FENTY SKIN (@fentyskin)

သူတို့နှစ်ယောက် တွဲနေပြီဆိုတာ သေချာသွားစေတဲ့အချက်ကတော့ ပြီးခဲ့တဲ့စနနေ၊ တနင်္ဂနွေပိတ်ရက်တုန်းက နှစ်ယောက်သား တခြားသူငယ်ချင်းတွေနဲ့အတူတူ New York ရဲ့ Beatrice Inn မှာ ရှိနေခဲ့ကြရင်းနဲ့မှ အပြုအမူတွေကိုကြည့်ကာ ကောက်ချက်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Riri အနေနဲ့ သူ့ရဲ့ ဘီလီယံနာရည်းစားဟောင်း Hassan Jameel နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ ပြတ်သွားခဲ့တာပါ။ အဲဒီနောက်ပိုင်း A$AP Rocky နဲ့ ခဥခဥတွေ့ခဲ့ကြတာမျိုးတွေလည်း မျက်မြင်တွေရှိနေခဲ့ပါတယ်။ ဒါပေမဲ့ Riri ကတော့ သူမဟာ single လို့ပဲ ပြောနေခဲ့ပါတယ်။ 

 

View this post on Instagram

 

A post shared by badgalriri (@badgalriri)

အခုလည်း ဒီသတင်းကို နှစ်ယောက်သား ဘာမှ မတန့်ပြန်သေးဘဲ ငြိမ်နေခဲ့ပါတယ်။

Instagram- @asaprocky
SHUTTERSTOCK/ ANTHONY HARVEY

penny

SHARE